Travel

အပြည်ပြည်ဆိုင်ရာ လေကြောင်းပျံသန်းမှုများကို အောက်တိုဘာလထိ တိုးမြှင့်ပိတ်ထားမည်

International flights will be extended until October

မြန်မာ့လေကြောင်းပို့ဆောင်ရေးဝန်ကြီးဌာနမှ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းများ ပျံသန်းပြေးဆွဲမှုကို ယခင်က ဩဂုတ်လကုန်အထိသာ ပိတ်ပင်မည် ဖြစ်သော်လည်း ယခုအခါ အောက်တိုဘာလကုန်အထိ တိုးမြင့် ပိတ်ပင်သွားမည်ဖြစ်ကြောင်း ယခု ဩဂုတ်လ (၃) ရက်နေ့က တရားဝင် ထုတ်ပြန်ခဲ့သည်။

ဇူလိုင်လ (၃၀) တွင် Mekong Tourism Advisory Group ​၏ (၉) ကြိမ်မြောက် တရားဝင်အစည်းအဝေး ကို ကျင်းပခဲ့ပြီး လေကြောင်းဆိုင်ရာ စည်းကမ်းချက်များသည် ဩဂုတ်လအကုန်ပိုင်း၌ အပြီးအပိုင် ဖြတ်သိမ်းသင့်သည်ဟု အကြံပြုခဲ့သည်။

သို့သော် မြန်မာနိုင်ငံအစိုးရအဖွဲ့မှ အပြည်ပြည်ဆိုင်ရာ လေကြောင်းလမ်းများ အားလုံးကို အောက်တိုဘာလကုန်အထိ ပိတ်သိမ်းခဲ့ပြီး ပြည်တွင်းလေကြောင်းလိုင်းများကိုမူ ရုံးပိတ်ရက်ရှည်များတွင် ခရီးသွားလာမှုများ များပြားသဖြင့် ပြန်လည် ပြေးဆွဲခွင့်ပြုခဲ့သည်။

ထို့ကြောင့် ဇူလိုင်လ​၏ ပြည်တွင်းခရီးသွားလာမှုနှုန်းသည် ယခင်လထက် (၇၅) ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပြီး နိုင်ငံတကာမှ သတ်မှတ်ထားသော ပျမ်းမျှခရီးသွားလာမှုနှုန်းနှင့် တန်းတူကျနေသည်။

ခရီးသွားကုမ္ပဏီ (၂၀၀) ခန့်သည် အစိုးရ​၏ ထောက်ပံ့မှု ရရှိ၍ လုပ်ငန်းလည်ပတ်နိုင်ကြသော်လည်း ငွေကြေးအားဖြင့်  အကန့်အသတ်ဖြင့်သာ ရရှိသည်။ ယင်းကုမ္ပဏီများမှ ဝန်ထမ်းများအနေဖြင့်လည်း Stay Home (သို့) Work From Home  သာ ပြုလုပ်နေကြရသည်။

မြန်မာအစိုးရအနေဖြင့် နိုင်ငံတွင်းရှိ နိုင်ငံခြားသားများ​၏ ဗီဇာတိုးမြှင့်ရေးကို ဆောင်ရွက်နေပြီး ပြည်ပမှ ပြန်လာလိုသည့် မြန်မာနိုင်ငံသားများနှင့် နိုင်ငံတွင်းမှ မိမိဒေသသို့ ထွက်ခွာလိုသူ နိုင်ငံခြားသားများ အတွက်ကိုပါ သွားလာရေး စီစဉ်ပေးလျက် ရှိသည်။

လက်ရှိတွင် ရန်ကုန်၌ရှိသော ဟိုတယ်များ​၏ အခန်း ၇၀၀ ကျော်အား COVID-19 ရောဂါရှိမရှိ စောင့်ကြည့်နိုင်ရေးအတွက် Quarantine (၂၁) ရက် နေထိုင်ရန် အသုံးပြုလျက် ရှိကြောင်း သိရသည်။ 

 

⇐ Previous Next

Read 1446 times