Things To Do

လုပ်ငန်းခွင်ဆက်ဆံရေး နယ်ပယ်မှာ တဟုန်ထိုးအောင်မြင်လာတဲ့ Maximillion Workplace Settlement and Dispute Solution

Maximillion Workplace Settlement and Dispute Solution

Maximillion Group ဆိုတာ Business and Management Consultancy ကို ၂၀၁၄ ခုနှစ် ကတည်းက လုပ်ဆောင်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အထိအရှအများဆုံးဖြစ်တဲ့ လုပ်ငန်းခွင်ဆက်ဆံရေး နယ်ပယ်ထဲကို ၂၀၁၉ ခုနှစ်မှ စတင်ဝင်ရောက်လာတာ ဖြစ်ပါတယ်။

အထိအရှများတဲ့ လုပ်ငန်းခွင်ပြဿနာတွေ၊ အငြင်းပွားမှုဆိုင်ရာတွေ၊ HR ဆက်ဆံရေး၊ HR ဗျူဟာ အစရှိတာတွေမှာ အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ပြီး စတင်ခဲ့တဲ့ တစ်နှစ်ကျော်ကာလအတွင်းမှာပဲ လုပ်ငန်းပေါင်း (၅၀)ခန့်၊ အလုပ်သမားပေါင်း (၃၀၀၀) ကျော် တို့ရဲ့ ပြဿနာတွေကို ကူညီဖြေရှင်းပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေနဲ့ မြန်မာအလုပ်သမားများအကြား ပေါ်ပေါက်နေတဲ့ ဆက်ဆံရေးပြဿနာတွေကို တည်ဆဲဥပဒေများနှင့်အညီ လူမှုတရားမျှတရေး၊ အကျိုးစီးပွားမျှတရေးတို့အပြင် ခံစားခွင့်ဆိုင်ရာတွေကိုပါ အကြံပေးသည့်အပြင် ဝန်ဆောင်မှုတွေလည်း ပေးလျက်ရှိနေပါတယ်။

စီးပွားရေးလုပ်ငန်းတွေဟာ ကိုဗစ်-၁၉ ရဲ့ ရိုက်ခတ်မှုကို ပြင်းပြင်းထန်ထန် ခံခဲ့ရပြီးတဲ့နောက် ခွန်အားအသစ်တွေနဲ့ ပြန်လည် သက်ဝင်နိုးထလို့ လာနေကြပါပြီ။ New Normal ကို နှုတ်ဆက်ပြီး Next Normal ကို အောင်မြင်မှုတွေနဲ့အတူ အသစ်တဖန် နိုးထဖို့လည်း အဆင်သင့်ဖြစ်နေကြပါပြီ။

စီမံခန့်ခွဲမှု ပုံစံသစ်မှာ သင့်လျော်တဲ့ ဝန်ထမ်းတွေ ရရှိဖို့၊ မိမိတို့ လုပ်ငန်းခွင်ရဲ့ ဝန်ထမ်းရေးရာ အားနည်းမှုတွေကို ကုစားနိုင်ဖို့၊ စီမံခန့်ခွဲမှု ပုံစံအသစ်ကို ဝန်ထမ်းတွေအနေနဲ့ အလျင်အမြန် ရင်းနှီးကျွမ်းဝင်မှု ရှိစေဖို့၊ စီမံခန့်ခွဲမှုပုံစံသစ်နဲ့ လိုက်လျောညီထွေမှုရှိတဲ့ လုပ်ငန်းခွင်ဆက်ဆံရေး ပုံစံသစ်ကို ဖန်တီးနိုင်ဖို့ Maximillion Workplace Settlement & Dispute Solution Service ရှိနေပါပြီ။

" လူမှုတရားမျှတမှုကို မြှင့်တင်ပြီး ရေရှည်ဖွံ့ဖြိုး တိုးတက်သော လုပ်ငန်းခွင်များ ထူထောင်နိုင်ရေးကို အထောက်အကူပြုရေးဟာ ကျွန်မတို့ ဝန်ဆောင်မှုရဲ့ ရည်ရွယ်ချက် တစ်ခုလည်း ဖြစ်ပါတယ်။ အလုပ်သမား အင်အားများတဲ့ လုပ်ငန်းခွင်တွေ၊ အလုပ်ရုံတွေ၊ စက်ရုံတွေကို ဝန်ဆောင်မှုပေးရတာများပါတယ်။ အကောင်းဆုံးလည်း ဖြေရှင်းပေးနိုင်ခဲ့တာမို့ Customer Satisfaction လည်း ကောင်းမွန်စွာ ရရှိထားပါတယ်။ ဆက်ပြီးလည်း ကျွမ်းကျင်ပညာရှင်များနဲ့ ဝန်ဆောင်မှုတွေပေးသွားမှာပါ " လို့ Maximillion Workplace Settlement & Dispute Solution Service ရဲ့ Director တစ်ဦးဖြစ်သူ ဒေါက်တာနှင်းသက် မှ ပြောပါတယ်။

Maximillion Workplace Settlement and Dispute Solution က ပေးနေတဲ့ အဓိက ဝန်ဆောင်မှု () ခု ရှိပြီး အဲဒါတွေကတော့…

  • Functioning Human Capital Service
  • HR Outsourcing Service
  • Premium Recruitment
  • Workplace Dispute Solution
  • HR Auditing 
  • Develop Industrial Relationship
  • ILO Guidelins Monitoring and Evaluation
  • Business & Human Rights Due Diligence တို့ပဲ ဖြစ်ပါတယ်။

Maximillion Workplace Settlement and Dispute Solution ဟာ လုပ်ငန်းခွင် ပဋိပက္ခများ ကိုင်တွယ် ဖြေရှင်းရာတွင်လည်းကောင်း၊ ဝန်ထမ်းရေးရာ စီမံခန့်ခွဲမှု နည်းပညာများ အသုံးပြုရာတွင်လည်းကောင်း လွတ်လပ်ပြီး အထူးကျွမ်းကျင်သူများနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာပြည်ရဲ့ တစ်ခုတည်းသော လုပ်ငန်းခွင် ဆက်ဆံရေး အကြံပေးဝန်ဆောင်မှုလုပ်ငန်း ဖြစ်ပါတယ်။

ဒါ့အပြင် လူမှုတရားမျှတမှုကို မြှင့်တင်ပြီး ရေရှည်တည်မြဲသော လုပ်ငန်းခွင်များ ဖော်ဆောင်နိုင်ရေးအတွက် လုပ်ငန်းခွင်များကို အကြံဉာဏ်နဲ့ နည်းပညာအထောက်အကူပြု ဝန်ဆောင်မှုပေးလျက် ရှိနေပါတယ်။

ဝန်ဆောင်မှု ရယူလိုသူများအနေဖြင့် Maximillion Workplace Settlement Dispute Solution ရဲ့...

ဖုန်းနံပါတ် - 09-666 667 573

လိပ်စာ - No. 23/28, Inya Myein Road, Golden Valley Ward (2), Bahan Township, Yangon

အီးမေးလ် - [email protected]  တို့ကို ဆက်သွယ်နိုင်သလို

Facebook Page - https://www.facebook.com/hrsolutionmaximillion

Website - http://www.maximilliongroup.com/hrservice မှာလည်း အသေးစိတ်ကို ဝင်ရောက် လေ့လာနိုင်ပါတယ်။

⇐ Previous Next

Read 2353 times