Technology

Beatsရဲ့ “Flex-Form” Cableသုံးထားတဲ့ ပထမဆုံးသော Budget Earbuds

Beats' first budget earbuds using "Flex-Form" cable

အချိန်နဲ့ အမျှတိုးတက်ပြောင်းလဲလာတဲ့ ကမ္ဘာကြီးမှာ ဆုတ်ယုတ်မှုတွေကြီးမဟုတ်ပါဘူး။ စိတ်ကျေနပ်စရာ အကြောင်းအရင်းတွေကလည်း ရှိနေပါတယ်။ အဆိုးအကောင်း ဒွန်တွဲနေတာကတော့ လောကနိယာမ တစ်ခုပဲ ဖြစ်ပါတယ်။

ယနေ့ အိုင်တီခေတ်ကြီးထဲမှာ Electronicsပစ္စည်းတွေက တစ်နေ့ထက်တစ်နေ့ ပိုမိုကောင်းမွန်လာပါတယ်။ ကုမ္ပဏီတွေက အပြိုင်အဆိုင် ထုတ်လုပ်လာတာကြောင့် ကျွန်တော်တို့အတွက် ရွေးချယ် စရာတွေက များပြားလှပါတယ်။

တချို့ပစ္စည်းတွေက ဈေးကြီးပြီး ကိုယ့်အတွက် အဆင်မပြေမှုတွေရှိသလို တချို့ကျ ဈေးနှုန်းသက်သက်သာသာနဲ့ အသုံးဝင်တာလည်းရှိပါတယ်။ ဈေးကြီးမှကောင်းတယ်ဆိုတဲ့ စကားက မှားနေတဲ့ အယူအဆတစ်ခုပါ။

Beats Flex review: The cost of $50 wireless earbuds | Engadget

အလုပ်လုပ်ရင်းဖြစ်ဖြစ်၊ အားကစားလုပ်ရင်းပဲ ဖြစ်ဖြစ်၊ အပြင်သွားရင်းကားပေါ်မှာ ဖြစ်ဖြစ်၊ ခရီးသွားရင်းဖြစ်ဖြစ် ကျွန်တော်တို့တွေက သီချင်းနားထောင်တတ်ကြပါတယ်။ ကြိုးနဲ့ နားကြပ်တွေက နားထောင်ရတာ အဆင်ပြေပေမယ့် လှုပ်ရှားမှုတွေရှိလာတဲ့အခါ အဆင်မပြေတော့ပါဘူး။

ဒါပေမယ့် အခု Reviewလုပ်ပေးသွားမယ့် Beats Flex Earbudsကတော့ ကြိုးနဲ့ဆိုပေမယ့် သူမတူတဲ့ ခံစားချက်ကိုရရှိစေမှာ ဖြစ်ပါတယ်။

ဒီBeats Flex Earbudsက Beatsရဲ့ ပထမဆုံးသော Budget Earbudsဖြစ်ပါတယ်။ Beats Flex Earbuds လူတွေကြား ဘာလို့ Hotဖြစ်လာရသလဲဆိုတော့ လတ်တလောထုတ်ထားတဲ့ Apple ရဲ့ 12 Seriesမှာ earphoneမပါတော့တာကြောင့် ဒီBudget Earbudsက လူတွေရဲ့ အာရုံစိုက်မှုကို ရရှိလာတာပဲ ဖြစ်ပါတယ်။

Beats Flex Earbudsက AirPodsတွေမှာ သုံးတဲ့ Apple ရဲ့ W1 Chipset ကိုသုံးထားတာ ဖြစ်ပြီး Beats X ထက် ဈေးနှုန်းသက်သာတဲ့အပြင် AirPods နီးပါးလောက် ကောင်းတဲ့ နားကြပ်တစ်ခုဖြစ်ပါတယ်။

ဖုန်းမှာ Bluetoothဖွင့်ထားရုံနဲ့ W1 Chipနဲ့မို့လို့ iph တွေနဲ့ဆို Easy Paring ဖြစ်စေပြီး Audio Sharing ရတော့ Andriod နဲ့ဆိုလည်း သုံးရတာအဆင်ပြေပါတယ်။ Beats Appနဲ့ Firmware Updateတွေလုပ်ပြီးအသုံးပြုရင်ပိုကောင်းပါတယ်။

Beats Flex review: wireless earbud basics done right - The Verge

နောက်ပိုင်း Andoridအများစုရဲ့ Charger Typeက USB-Cနဲ့လာတော့ သုံးရတာ ပိုအဆင်ပြေအောင်လို့ Beats Flexရဲ့ Chargingပိုင်းကိုလည်း Type Cကို အသုံးပြုပေးထားပါတယ်။

ဈေးပိုကြီးတဲ့ Beats Xမှာ (၈)နာရီသာ အသုံးခံပေမယ့် Beats Flex Earbudsရဲ့ Batteryကတော့ (၁၂)နာရီကြာ သီးချင်းနားထောင်နိုင်ပါတယ်။ (၁၀)မိနစ် အားသွင်းပြီး (၂)နာရီနီးပါးလောက် ပြန်ပြီး အသုံးပြုလို့ရပါတယ်။ အခြား Beats နားကြပ်တွေလို Bassသံ အရမ်းများတာမျိုးမရှိဘဲ သက်တောင့်သက်သာဖြစ်စေပြီး ကြိုးမဲ့ နားကြပ်တွေလို ကျပျောက်မှာကိုလည်း မပူရပါဘူး။ 

Beats Flexက Magnetic Earbuds ဆိုတော့ Buds နှစ်ခုပူးလိုက်ရင် Auto Pause ပြန်ခွာရင် Auto Playဖြစ်သွားမှာပါ။ Build in quality ကတော့ Plasticဆိုပေမယ့် Flex-Form ဝါယာကိုသုံးထားတဲ့အတွက် ကြိုးပါလို့ပါမှန်းတောင်မသိပဲ သက်တောင့်သက်သာနဲ့ ပေါ့ပါးနေပြီး Wirelessလို ခံစားရစေမှာ ဖြစ်ပါတယ်။

Beats Flex review: wireless earbud basics done right - The Verge

latency နည်းတဲ့အတွက် Gamerတွေ အတွက်အဆင်ပြေတာပေါ့။ BTက 5.0ရှိတဲ့အတွက် Pubgမှာ အသံနောက်ကျတာ ဘာညာမရှိပါဘူး။ Boxထဲမှာ Ear Tips လေးမျိုးကို Size အကြီးအသေးနဲ့လာမှာဆိုတော့ နားနာမှာကြောက်တဲ့သူတွေ စိုးရိမ်စရာမလိုတော့ဘူးပေါ့နော်။

နားနဲ့ Earbud ထပ်တူကျသွားရင် Air Pods Proလို Noise Cancellingတော့ မပါပေမယ့် Physical Noise Isolationပါတဲ့အတွက် အသံလုံတယ်၊ ဖုန်းပြောရင် Voice ဘေးနားက Noise တွေလျော့ချပေးနိုင်ပါတယ်။

Flex-Form ဝါယာသုံးထားတဲ့ Earbudsရဲ့ ဘယ်ဘက်မှာ Volume control၊ Next/Skip အပြင် Voice Commandကိုလည်း Active လို့ရမှာဖြစ်ပြီး အားသွင်းဖို့ Type Cပေါက် ပါဝင်ပါတယ်။ ညာဘက်မှာကတော့ Power Button တစ်ခုတည်းရှိမှာ ဖြစ်ပါတယ်။

Qualityကောင်းပေမယ့် ဝမ်းနည်းစရာတစ်ခုတော့ ရှိနေပါတယ်။ ဒါကတော့ Beats Flexက Sport Typeဆိုပေမယ့် ချွေးတွေ၊ အစိုဓာတ်တွေကို ခံနိုင်တဲ့ iP 68မပါတဲ့အတွက် ရေစိုမခံနိုင်ပါဘူး။ ဒီတစ်ချက်ကိုတော့ သတိထားရပါမယ်။

ဒေါ်လာ (၅၀)ဈေးနှုန်းရှိတဲ့ Beats Flex Earbudsက Neckband-Style Desig(သို့)The Completely Wireless Powerbeats Proဖြစ်တဲ့ အတွက် သုံးရတာ လွယ်ကူစေတဲ့ အပြင် ပေါ့ပါးပြီး သက်တောင့်သက်သာဖြစ်စေမှာ အသေအချာပါပဲ။

Beatsက နာမည်ရှိပြီးသား Brandတစ်ခုဆိုတော့ Productတွေကို မခိုမကပ်ပဲ ကောင်းတာတွေပဲ သုံးပေးထားတာဆိုတော့ ထုံးစံအတိုင်း အသံ Quality ကတော့ မကောင်းဘူးဆိုတာ မရှိပါဘူး။ Premium ဆန်ဆန် ခံစားရမှာပါ။

By MY Yangon Guide

 

⇐ Previous Next

Read 1731 times