Things To Do

လူငယ်တွေအတွက် အသက်မွေးဝမ်းကျောင်းပညာရပ်များကို အွန်လိုင်းကနေ အခမဲ့ သင်ယူနိုင်မယ့် MPT CSR E-Learning

MPT CSR E-Learning

MPT ရဲ့ လူထုအကျိုးပြုလှုပ်ရှားရေး အစီအစဉ်တွေထဲက ပညာရေးအတွက် ရည်ရွယ်ထားတဲ့ CSR E-Learning Program ကို မေလ (၃၁) ရက်နေ့က နိုဗိုတယ်ဟိုတယ်မှာ စတင်မိတ်ဆက်ခဲ့ပါတယ်။

CSR E-Learning ဆိုတာကတော့ MPT ဆင်းကတ် အသုံးပြုတဲ့  အသက် ၈ နှစ်မှ ၃၅ နှစ်အတွင်း ပညာသင်ယူလိုသူတိုင်း ခံစားခွင့်ရှိတဲ့ အွန်လိုင်းသင်ကြားရေးစနစ်ဖြစ်ပါတယ်။ နိုင်ငံတဝန်းက ပညာလိုလားသူ လူငယ်တွေအတွက် မိုဘိုင်းဒေတာ ဇီးရိုးကျပ် (အင်တာနက်လိုင်း ဖွင့်ထားရန် လိုအပ်) နဲ့ အွန်လိုင်းကနေတဆင့် အိုင်တီနည်းပညာများ၊ အသက်မွေးဝမ်းကျောင်းပညာရပ်များနဲ့ ဘာသာစကားပညာရပ်တွေကို သင်တန်းကြေးလည်း တစ်ပြားမှ ပေးစရာမလိုဘဲ အခမဲ့ လေ့လာသင်ယူနိုင်မယ့် အစီအစဉ်မျိုးဖြစ်ပါတယ်။

အနာဂတ်ရဲ့ ခေါင်းဆောင်တွေဖြစ်ကြတဲ့ လူငယ်တွေအနေနဲ့ ငွေရေးကြေးရေး အခက်အခဲရှိတယ်ဆိုရင်တောင် ရည်မှန်းထားတဲ့ အိမ်မက်ပန်းတိုင်ကို လျှောက်လှမ်းနိုင်ဖို့ MPT က ကလေးသူငယ်များအတွက် Coding သင်ခန်းစာများ၊ လူငယ်တွေအတွက် ဂူဂဲလ် အက်ပလီကေးရှင်းဆိုင်ရာ သင်ခန်းစာများအတွက် KMD Institute ၊ အသက်မွေးဝမ်းကျောင်း ပညာရပ်များအတွက် CVT Myanmar နဲ့ ဂျပန်ဘာသာစကားအတွက် စိုးစံ ဂျပန်ဘာသာစကားသင်တန်းတို့နဲ့ မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။

Advertisement

Click Here > White Unicorn

KMD Institute မှ သင်ကြားပေးမယ့် သင်ခန်းစာများ

======================

- Basic Scratch Programming

- Using Scratch Software

- Scratch Software And Example Project 

- Sample Game 

- Google Slide

- Google Docs

- Google Excel

- Google Form

CVT မှ သင်ကြားပေးမယ့် သင်ခန်းစာများ

====================

- Cocktail ဆော့စ်လုပ်နည်း

- Oxyfuel သုံးပြီး ဂဟေဆော်နည်း

- ဆောက်သွားသွေးနည်း

- ဟင်းသီးဟင်းရွက် လှီးဖြတ်နည်း

- ချိန်ညှိခြင်းနဲ့ တိုင်းတာခြင်း ပြုလုပ်တဲ့ ပစ္စည်းကိရိယာများကို မိတ်ဆက်ပေးခြင်း

စိုးစံ ဂျပန်ဘာသာစကားသင်တန်းမှ သင်ကြားပေးမယ့်သင်ခန်းများ

===================

- ဂျပန်ဘာသာစကား (N5 Level)

ဒါ့အပြင် CSR E-Learning တွင် ကိုယ်ဝါသနာပါရာ ပညာရပ်များ၊ သင်ခန်းစာများကို လေ့လာသင်ယူ ပြီးစီးလို့ စာမေးပွဲ ဖြေဆိုတဲ့အခါ ၉၀% အောင်မြင်ရင် ဒီဂျစ်တယ် သင်တန်းဆင်းလက်မှတ်ကို ရရှိဦးမှာဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ အမှတ် မပြည့်မချင်း စာမေးပွဲ ပြန်ဖြေလို့ရပေမဲ့ ကြိုးစားခွင့်က (၃) ကြိမ်သာ ရရှိမှာဖြစ်ပါတယ်။

စိတ်ဝင်စားသူတွေအနေနဲ့ အောက်က အဆင့်တွေအတိုင်း ဆောင်ရွက်နိုင်ပါတယ်။

- ပထမဆုံး https://shorturl.at/gnrLN လင့်ခ်ထဲ ဝင်ပြီး ဂူဂဲလ်ဖောင်တွင် အချက်အလက်များကို ပြည့်ပြည့်စုံစုံ ဖြည့်စွက်ပါ။ 

- MPT အနေနဲ့ တင်သွင်းလာသော လျှောက်လွှာများမှတဆင့် အမှန်တကယ် သင်ယူလိုပြီး လိုအပ်ချက်နဲ့ ကိုက်ညီသူတွေကို စိစစ်ရွေးချယ်သွားမှာဖြစ်ပါတယ်။

- ရွေးချယ်ခံရသူတွေကို CSR E-Learning (https://csrelearning.mpt.com.mm) စာမျက်နှာတွင် လော့ဂ်အင်ဝင်နိုင်ရန် User Name နဲ့ Password ကို MPT က ပေးသွားမှာပါ။

လော့ဂ်အင်ဝင်ပြီးရင်တော့ ကြိုက်နှစ်သက်ရာ သင်ခန်းစာတွေကို ဝင်ရောက်လေ့လာနိုင်ပြီဖြစ်ပါတယ်။ ဗီဒီယိုဖိုင်တွေရှိသလို၊ ပီဒီအက်ဖ်ဖိုင်တွေလည်း ရှိလို့ စာအုပ်ဖွင့်ထားရင်း ဆရာ/ဆရာမ သင်ကြားပေးနေတဲ့ စာကို လိုက်နားထောင်နေရသလိုမျိုး ဖြစ်နေမှာပါ။ လေ့လာသင်ယူသူတွေအနေနဲ့ နားမလည်တဲ့ သင်ခန်းစာတွေအတွက် ဆရာ/ဆရာမတွေကို ပြန်မေးမြန်းနိုင်ဖို့ Video Conference တွေလည်း လုပ်ပေးသွားဦးမှာပါ။ 

လူငယ်တွေအတွက် အချိန်မရွေး၊ နေရာမရွေး၊ သင်တန်းကြေးလည်း အခမဲ့နဲ့ လေ့လာသင်ယူနိုင်မယ့်အပြင် အလုပ်အကိုင် အခွင့်အလမ်းလည်း ပိုရစေမယ့် အခွင့်အရေးရှိတာမို့ လုံး၀လက်လွှတ်မခံဘဲ ကြိုစားကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

CSR E-Learning အစီအစဉ်နဲ့ ပတ်သတ်တဲ့ စည်းမျဉ်းတွေအကြောင်းကို အသေးစိတ်သိရှိချင်တယ်ဆိုရင် MPT Myanmar ရဲ့ တရားဝင် ဝက်ဆိုဒ် https://mpt.com.mm/mm/ တွင်ဖြစ်စေ၊ ၁၀၆ ကို ဖုန်းခေါ်ဆို၍ဖြစ်စေ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။ 

⇐ Previous Next

Read 1387 times