Things To Do

ရန်ကုန်မှာ ပထမဆုံးအကြိမ် ကျင်းပမယ့် ဒူးရင်းသီး စတုဒိသာပွဲ

Donation Of Durian Fruit

ဒူးရင်းသီးလှိုင်လှိုင်ပေါတဲ့ မိုးဦးလရာသီမှာ ချစ်စရာကောင်းတဲ့ အလှူအနေနဲ့ စိတ်ကြိုက်အ၀စား ဒူးရင်းသီးစတုဒိသာပွဲတော်ကို ရန်ကုန်မြို့မှာ ကျင်းပသွားဖို့ရှိပါတယ်။ ဒူးရင်းသီးလို့ အသံကြားတာနဲ့ စားချင်လာပြီဆိုတဲ့ ဒူးရင်းသီးချစ်သူတွေအတွက် ဘယ်နေရာ၊ ဘယ်အချိန်မှာ ကျင်းပမယ်ဆိုတာကို အောက်မှာ ဆက်လက်ဖော်ပြပေးသွားပါမယ်။

ဒူးရင်းသီး စတုဒိသာပွဲလေးကို လာမယ့် ဇွန်လ (၂) ရက်၊ သောကြာနေ့မှာ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ရန်ကုန် - မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၇ မိုင်၊ ၆ဖာလုံအနီး ရတနာအောင်မြေ ကျောင်းတိုက်မှာ နံနက် (၆) နာရီမှ စတင်ပြီး ကျင်းပသွားမှာပါ။

Advertisement

Click Here > Taw Win Yadanar

ကျောင်းတိုက်ရိပ်သာမှာ တည်ထားတဲ့ အဓိဌာန်ပြည့် ဆုတောင်းပြည့် နဂါးရုံဘုရားကြီးကို လာရောက်ဖူးမျှော်ကြတဲ့ ဧည့်သည်တွေကို ဒူးရင်းသီး အလုံးရေ (၂,၀၀၀) ဝန်းကျင်အပြင် စတုဒိသာ နိဗ္ဗာန်ဈေးအဖြစ် ရေခဲချောင်း၊ ရွှေရင်အေး၊ မုန့်လက်ဆောင်း၊ ပဲပြုတ်နံပြား၊ ကျောက်ကျော၊ လက်ဖက်ရည်၊ မုန့်ဟင်းခါးနဲ့ တခြားမြန်မာမုန့်တွေကိုလည်း ကျွေးမွေးဧည့်ခံသွားဖို့ အစီအစဉ်ရှိပါတယ်။

ဒီပွဲမှာ စတုဒိသာအလှူအပြင် နဂါးရုံဘုရားကြီး အလှူရေစက်ချပွဲ၊ ရတနာအောင်မြေ ကျောင်းတိုက်မှ ဆရာတော် ဒေါက်တာအရှင်အဂ္ဂဇေယျ (ရွှေမိုးမြေ) ရဲ့ ရဟန်းသက် (၂၆) နှစ်ပြည့် အထိမ်းအမှတ် အထူးတရားစခန်းပွဲ၊ ဆရာတော် ဒေါက်တာအရှင်အဂ္ဂဇေယျ (ရွှေမိုးမြေ) နဲ့ တောင်ပုလဆရာတော် အရှင်ပညာဘောဂတို့အား သိက္ခာထပ်ဆင့်ကံမြှင့်ခြင်း မင်္ဂလာအခမ်းအနားတွေကိုပါ ကျင်းပသွားမှာဖြစ်ပါတယ်။ 

အဓိဌာန်ပြည့် ဆုတောင်းပြည့် နဂါးရုံဘုရား

ပြီးခဲ့တဲ့ မေလ (၂၁) ရက်နေ့တုန်းကလည်း ပြင်ဦးလွင်၊ ပိတ်ချင်းမြောင်အနီးရှိ တောင်ပုလတောင်မှာ ဒူးရင်းသီး စတုဒိသာပွဲတော်ကို တောင်ပုလဆရာတော်က ဦးဆောင်ပြီး ပြုလုပ်ခဲ့ပါသေးတယ်။ 

Source - MyanmaPlatform

All Photos Credit To Original Uploader

⇐ Previous Next

Read 2570 times