Things To Do

ရာသီခွင် (၁၂) ခုရဲ့ ဆွဲဆောင်မှုအရှိဆုံး ခန္ဓာကိုယ်အစိတ်အပိုင်းများ

The Most Beautiful Body Part Of Each Zodiac Sign

Aphrodite လို့ ခေါ်တဲ့ အလှနတ်ဘုရားမရဲ့ ကြီးစိုးမှုကြောင့် ရာသီခွင် (၁၂) ခုအလိုက် ဆွဲဆောင်မှုအရှိဆုံးနဲ့ အလှပဆုံး ခန္ဓာကိုယ်အစိတ်အပိုင်းတွေက တစ်ခုနဲ့တစ်ခု မတူကြပါဘူး။ ဘယ်ရာသီဖွားတွေကတော့ ဘယ်အစိတ်အပိုင်းတွေမှာ သူမတူအောင် ထူးခြားပြီး ညှို့အားပြင်းလဲဆိုတာ မျှဝေပေးလိုက်ပါတယ်။   

၁။ Aries (March 21 - April 19)

Aries ရာသီဖွားတွေရဲ့ အဓိက ဆွဲဆောင်မှုအရှိဆုံး အစိတ်အပိုင်းကတော့ မျက်ခုံးဖြစ်ပါတယ်။ အလှအပခြယ်သထားတာမျိုးမဟုတ်တောင် သူတို့ရဲ့ မျက်ခုံးက သာမန်ထက် ပိုပေါ်လွင်နေပါတယ်။ ဒါ့အအပြင် Aries ဖွားတွေရဲ့ မျက်ခုံးက အပြစ်ကင်းစင်မှုနဲ့ အကြောက်တရားကင်းမဲ့မှုတို့ကို ဖော်ဆောင်နေပါတယ်။ 

၂။ Taurus ( April 20 - May 21)

နှုတ်ခမ်းက Taurus တွေရဲ့ အလှပဆုံးနဲ့ ညှို့အားပြင်းဆုံး ခန္ဓာကိုယ်အစိတ်အပိုင်းဖြစ်ပါတယ်။ Taurus တွေနဲ့ စကားပြောတဲ့အခါ လှုတ်ခတ်သွားတဲ့ နှုတ်ခမ်းလေးတွေက ဆွဲဆောင်မှုရှိလွန်းတာမို့ သူတို့စကားမှာ အာရုံမရဘဲ မျက်နှာကိုပဲ ငေးမောနေမိပါလိမ့်မယ်။ တစ်စုံတစ်ယောက်ကို ဖျားယောင်းသွေးဆောင်ဖို့ နှုတ်ခမ်းတစ်စုံပဲ လိုတဲ့ ရာသီဖွားတွေပါ။ 

၃။ Gemini (May 22 - June 21)

Gemini တွေရဲ့ ဆွဲဆောင်မှုက သူတို့ရဲ့ အသားအရောင်ပါ။ ဖြူစွတ်စွတ်ကြီးမဟုတ်ဘဲ နေရောင်လို ဝင်းဝါတောက်ပနေတဲ့ အသားအရေက သူတို့ကို ရှိရင်းစွဲ အသက်ထက် ပိုငယ်တယ်လို့ ထင်စေပါတယ်။ 

၄။ Cancer (June 22 - July 22)

တခြားသူတွေ ဗိုက်ခေါက်ထွက်လို့ စိတ်ညစ်နေချိန်မှ Cancer ဖွားတွေကတော့ ဆွဲဆောင်မှုရှိတဲ့ ဗိုက်သားချပ်ချပ်လေးကို ပိုင်ဆိုင်ထားနိုင်သူတွေ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့  အလှဆုံး အစိတ်အပိုင်းက ဗိုက်သားလေးဆိုတော့ အဝတ်အစားဝတ်တဲ့နေရာမှာ ခါးတိုလေးတွေ၊ ခါးပေါ်လေးတွေကို ယုံကြည်မှုရှိရှိ ဝတ်လို့ရပါတယ်။ 

၅။ Leo (July 23 - August 22)

Leo ဖွားတွေက သူတို့ရဲ့ လှပတဲ့ ဆံနွယ်တွေနဲ့ တခြားသူတွေကို ဆွဲဆောင်နိုင်ပါတယ်။ အရှည်ထားသည်ဖြစ်စေ၊ အတိုထားသည်ဖြစ်စေ၊ အဖြောင့်ထားသည်ဖြစ်စေ၊ အကောက်ထားသည်ဖြစ်စေ အထူးတလည် ပြင်ဆင်စရာမလိုဘဲ လှပနေတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ ဆံပင်အရောင်ဆိုးမယ်ဆိုလည်း မျက်နှာကို လင်းစေမယ့်အရောင်ဆိုရင် ဘာအရောင်ဖြစ်ဖြစ် လိုက်ဖက်ပါတယ်။ 

၆။ Virgo ( August 23 - September 22)

Virgo တွေရဲ့ ဆွဲဆောင်မှုက ကြည်တောက်ရှင်း မျက်နှာအသားအရေ ဖြစ်ပါတယ်။ Virgo တွေရဲ့ မျက်နှာအသားအရေက ချောမွေ့ပြီး တကယ်ကို လှပါတယ်။ ဒါကြောင့် မိတ်ကပ်လိမ်းရင် ဖောင်ဒေးရှင်း အရမ်းမလိုဘဲ ပါးပါးကြည်ကြည်လေး ပြင်လိုက်ရုံနဲ့ ထူးထူးခြားခြားပြင်ဆင်ထားသလို လှသွားတဲ့သူတွေပါ။

Advertisement

Click Here > Reliance Security

၇။ Libra (September 23 - October 22)

Libra တွေရဲ့ တခြားသူတွေ အားကျငေးမောရတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းကတော့ ရှည်ရှည်သွယ်သွယ် လက်ချောင်းလေးတွေ ဖြစ်ပါတယ်။ အဲဒီသွယ်လျနေတဲ့ လက်ချောင်းလေးတွေက သူတို့ရဲ့ နူးညံ့မှုနဲ့ ကြင်နာတတ်မှုကို ဖော်ပြနေပါတယ်။ 

၈။ Scorpio (October 23 - November 22)

Scorpio ဖွားတွေရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေထဲမှာ ဆွဲဆောင်မှုအရှိဆုံးက အချိုးညီတဲ့ တင်ပါးလှလှလေး ဖြစ်ပါတယ်။ ခါးလေးလှုပ်ပြီး လမ်းလျှောက်သွားရင်တောင် အကုန်ငေးရတာ Scorpio တွေရဲ့ အားသာချက်ပါ။  

၉။ Sagittarius ( November 23 - December 21)

လူတွေအားလုံးကို ရူးခါအောင်လုပ်နိုင်တာကတော့ Sagittarius တွေရဲ့ ဆက်စီကျတဲ့ နောက်ကျောပြင် လှလှလေး ဖြစ်ပါတယ်။ ဒါကြောင့် နောက်ကျောကို ပေါ်လွင်စေတဲ့ အဝတ်အစားမျိုးတွေက Sagittarius တွေနဲ့ လိုက်ဖက်ပါတယ်။ 

၁၀။ Capricorn (December 22 - January 20) 

Capricorn ဖွားတွေရဲ့ အလှပဆုံး အစိတ်အပိုင်းက ခြေတံသွယ်သွယ်လေးတွေ ဖြစ်ပါတယ်။ ဒေါင့်မြင့်ဖိနပ်ဝတ်ထားတဲ့အခါမျိုးမှာ သူတို့ရဲ့ ခြေတံသွယ်သွယ်လေးတွေက ညှို့အားအပြင်းဆုံးပါပဲ။ ဒီလို လှပတဲ့ ခြေတံလေးတွေ ရှိနေတာမို့ စကပ်အတို၊ ဘောင်းဘီအတို၊ ဂါဝန်အတို၊ ပွဲတက်ဝတ်စုံအကွဲတွေနဲ့ဆို တကယ်ကို ကြည့်ကောင်းနေမှာပါ။

၁၁။ Aquarius (January 21 - February 18)

Aquarius ဖွားတွေရဲ့ ဆွဲဆောင်မှုကတော့ သူတို့ရဲ့ ခြေလှမ်းတွေ ဖြစ်ပါတယ်။ ယုံကြည်ချက်ရှိတဲ့ သူတို့ရဲ့ လမ်းလျှောက်ပုံနဲ့ ခြေလှမ်းတိုင်းက လူတိုင်းကို စိတ်ဝင်စားစေပါတယ်။ 

၁၂။ Pisces (February 19 - March 20) 

Pisces တွေရဲ့ အလှပဆုံး ခန္ဓာကိုယ်အစိတ်အပိုင်းကတော့ မျက်လုံးဖြစ်ပါတယ်။ တစ်ဖက်လူက သူတို့ရဲ့ မျက်လုံးကို ကြည့်ရုံနဲ့ သူတို့ ပျော်ရွှင်နေလား၊ ဝမ်းနည်းနေလားဆိုတာကို ခန့်မှန်းနိုင်လောက်တဲ့အထိ သူတို့ရဲ့မျက်လုံးက သူတို့အတွက် စိတ်တံခါးပေါက်ဖြစ်ပါတယ်။ သဘာ၀အတိုင်း ဘာမှမပြင်ဆင်ဘဲနဲ့တောင် သူတို့ရဲ့ မျက်လုံးတွေက ကြယ်တွေလို တောက်ပနေပါတယ်။ 

⇐ Previous Next

Read 2593 times