Things To Do

MYANWEN Beauty 2025 – The MSME Showcase

MYANWEN Beauty 2025 – The MSME Showcase

Myanmar Women Entrepreneurs Network (MYANWEN) နဲ့ Myanmar Cosmetics Association တို့က ပူးပေါင်းစီစဉ်ပြီး မြန်မာနိုင်ငံရှိ MSME များ၊ ဒီဇိုင်နာများနှင့် စီးပွားရေးလုပ်ငန်းရှင်များအတွက် အခွင့်အလမ်းအသစ်များ ဖန်တီးပေးမဲ့ Event ကြီးတစ်ခုကို MY Yangon Guide က မျှဝေပေးလိုက်ပါတယ်။ ထူးခြားဆန်းသစ်စွာဖြင့် တင်ဆက်သွားမဲ့ Event ကြီးရဲ့ နာမည်က MYANWEN Beauty 2025 – The MSME Showcase ပဲ ဖြစ်ပါတယ်။

 

MYANWEN Beauty 2025 – The MSME Showcase မှာ ဒေသဆိုင်ရာ ထုတ်ကုန်များ၊ လက်မှုပညာများ၊ ဖန်တီးမှုပြပွဲများ၊ Expert Talk များ၊ Fashion Show နှင့် Make up Demonstration များ အစုံအလင်နဲ့အတူ နှစ်ရက်တာလုံး စိတ်ဝင်စားစရာ ကောင်းတဲ့ အစီအစဉ်များ မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်သွားမှာပါ။ MYANWEN Beauty 2025 ကို ကျင်းပပြုလုပ်ရတဲ့ ရည်ရွယ်ချက်ဟာ MSME လုပ်ငန်းရှင်များအတွက် စျေးကွက်ချဲ့ထွင်ခြင်း၊ မိတ်ဖက်များနဲ့ ချိတ်ဆက်ခြင်း၊ Local Talent များရဲ့ ဖန်တီး တီထွင်မှုများ၊ MSME များရဲ့ အတွေ့အကြုံများ ဖလှယ်နိုင်ဖို့ပေါင်းကူးတံတားဖြစ်သလို၊ ပတ်ဝန်းကျင်ကို ထိခိုက်မှုနည်းတဲ့ ထုတ်ပိုးနည်းလမ်းများနှင့် တီထွင်ဖန်တီးမှုအသစ်များကိုလည်း မြင်တွေ့လေ့လာနိုင်စေဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

 MYANWEN Beauty 2025

Show Case အနေနဲ့ ပါဝင်ကြမယ့် Sectors တွေကတော့ Fashion & Textile, Agri Food Business, Gems & Jewelry, Handicrafts, Sustainable Packaging, Eco-Friendly Products, Beauty Brands နဲ့ Services များအပြင် Tech Innovations in Beauty အစရှိတဲ့ Sectors များပါ တစ်စုတစည်းတည်း ပါဝင်ကြမှာဖြစ်လို့ သွားရောက်ကြည့်ရှုလေ့လာသင်တဲ့ Event တစ်ခုအဖြစ် MY Yangon Guide က မျှဝေပေးလိုက်တာပါ။

 

နေ့ရက် - ၂၄.၁၀.၂၀၂၅ မှ ၂၅.၁၀.၂၀၂၅

အချိန် - နံနက် ၉ နာရီမှ ညနေ ၆ နာရီထိ

နေရာ - ရန်ကုန်မြို့၊ ပြည်လမ်းရှိ Lotte ဟိုတယ်၊ ဒုတိယထပ်

 

MY Yangon Guide – Connecting People, Live-Style in Yangon

 

 

⇐ Previous Next

Read 89 times