မကြာခင်ကာလမှာ ၂၀၂၆ ခုနှစ်ကို ရောက်ရှိတော့မယ်နော်။ ၂၀၂၅ အကုန် ၂၀၂၆ ရဲ့အစ ဖြစ်တဲ့ New Year ညအတွက် ဘာပလန်ထားကြပြီးပြီလဲ ရန်ကုန်သူရန်ကုန်သားတို့ရေ .. New Year ညမှာ ဘယ်ကိုသွားရမလဲ မသိဘူးဆိုသူများအတွက် MY Yangon ကနေ ရန်ကုန်မြို့ရဲ့ Hotel ကြီးအချို့က Event တွေကို စုစည်းဖော်ပြလိုက်ပါတယ်။ ဘယ် Hotel တွေမှာ ဘယ်အနုပညာရှင်တွေက အမိုက်စားဖျော်ဖြေမလဲ၊ ဈေးနှုန်းတွေက ဘယ်လောက်ရှိသလဲဆိုတာ ဒီစုစည်းမှုလေးမှာ မြင်တွေ့ရမှာဖြစ်လို့ Happy New Year မှာ Happy ဖြစ်ချင်သူတို့အတွက် တကယ့်ကို အဆင်ပြေစေမှာပါနော် …
Inya Lake Hotel ရဲ့ Inya Rhythm 2026 New Year Countdown ကို ည ၁ နာရီအထိ ကျင်းပပါမယ်။ သီဆိုဖျော်ဖြေမှုအဖြစ် အဆိုတော်ဂေဂေး၊ DJ Jerry Berry၊ DJ Predatorz တို့နှင့်တကွ Chosen One Band တို့က တီးခတ်သွားပါမယ်။ ဈေးနှုန်းများအဖြစ်
• Executive Celebration Table Package: MMK 600,000 for 8 persons, including a 2-hour free flow of beer, one bottle of Chivas, one food platter, and three mixers.
• VIP Table Package: MMK 350,000 for 4 persons, including a 2-hour free flow of beer, one bottle of Absolut Vodka, and three mixers.
• Normal Walk-in Ticket: MMK 69,000 per person, which includes a 2-hour free flow of beer. There is a promotion to buy 3 tickets and get 1 free တို့ဖြစ်ပါတယ်။
The Eravati Sule Grand Yangon ရဲ့ THE GRAND ELEGANCE NEW YEAR NIGHT မှာတော့ Myo Kyawt Myaing | Connie | Nay Min Eain | Pyae Phyo Sein Lwin | Htet Htet Pearl တို့ရဲ့ ဖျော်ဖြေတင်ဆက်မှုများကို New Direction Myanmar Music Band က တီးခတ်ဖျော်ဖြေသွားမှာပါ။ ဒါ့အပြင် DJ BLACK & DJ Pon Nya ၊ Here & Now Dance Crew တို့ကလည်း ပါဝင်တင်ဆက်သွားမှာဖြစ်ပါတယ်။ Table Packages (7 pax per table) ကို သုံးမျိုး ဝယ်နိုင်ပြီး ဈေးနှုန်းများက
• VVIP Table – 1,750,000 MMK
• VIP Table – 1,400,000 MMK
• Standard Table – 1,050,000 MMK တို့ ဖြစ်ပါတယ်။
Chatrium Hotel Royal Lake Yangon ရဲ့ Carnival Royal – Chatrium New Year Eve’s Countdown Party ကို Chatrium Pool Garden မှာ ပြုလုပ်သွားပါမယ်။ The Ugly Band နဲ့ အတူ နိုင်ငံကျော်တေးသံရှင် စည်သူလွင် နဲ့ မေခလာ၊ မေသူခိုင်၊ Egg Ou နဲ့ နော်စေး တို့မှ သီချင်းများ ဖျော်ဖြေမှု၊ Carnival themed ကို အလန်းဆုံး ကပြတင်ဆက်သွားမဲ့ Here and Now Dance အဖွဲ့၊ DJ Rain တို့ရဲ့ တင်ဆက်မှုများ ရှိနေမှာဖြစ်ပါတယ်။ ပါတီလက်မှတ်ဈေးနှုန်းလေးတွေက Dinner Ticket - Royal Carnival USD 99 net , Grand Masquerade USD 119 net , Imperial Carnival USD 139 net တို့ဖြစ်ပါတယ်။ ညအိပ်အခန်းနဲ့ နှစ်သစ်ကူး ညစာ၊ မနက်စာပါသော Packages ဈေးနှုန်းလေးတွေကတော့ (Staycation with Dinner for 2 persons) Royal Carnival USD 260 net , Grand Masquerade USD 310 net , Imperial Carnival USD 360 net တို့ ဖြစ်ပါတယ်။
Wyndham Grand Yangon Hotel ရဲ့ YANGON’S GRANDEST NEW YEAR COUNTDOWN 2026 ကို Amarapura Grand Ballroom (Level 3) မှာ ကျင်းပသွားမှာပါ။ သီဆိုဖျော်ဖြေမှုများအဖြစ် May Sweet | Chit Kaung | Ye Lay | Mi Sandi | Lar Dint Har Yi စတဲ့ အဆိုတော်များရဲ့ ဖျော်ဖြေမှုများပါဝင်မှာဖြစ်ပြီး Runner Music Band က တီးခတ်သွားပါမယ်။ ပွဲရဲ့ ဝင်ခွင့်လက်မှတ်ဈေးနှူန်းအဖြစ် DIAMOND – US$130 NET per person (International Buffet + Free Flow of Hard Liquors, Cocktails, Wine, Beer & Soft Drinks) နှင့် GOLD – US$100 NET per person (International Buffet + Free Flow of Wine, Beer & Soft Drinks) တို့ ဖြစ်ပါတယ်။ *1 USD = 3,500 MMK* နှုန်းထားဖြင့် တွက်ချက်ပြီး ပေးသွင်းရမှာပါ။
Melia Yangon က New Year Countdown ကို rooftop (24th floor) မှာ ည ၁၀ နာရီကနေ ၁၂း၃၀ အထိ ကျင်းပသွားမှာဖြစ်ပြီး DJ H3, DJ Harris , DJ Spicy တို့ရဲ့ ဖျော်ဖြေတင်ဆက်မှုများ ရှိပါမယ်။ ဝင်ကြေးအဖြစ် တစ်ယောက်လျှင် ကျပ်ငွေ ၈၇၅၀၀ ကျပ် (၂၅ ဒေါ်လာ) သတ်မှတ်ထားပြီး includes free flow of beer & soft drinks for 2 hours ဖြစ်ပါတယ်။
Novotel Hotel Yangon မှာ Final Feast of the Year Dinner Buffet ရှိပြီး ညနေ ၆ နာရီမှ ၁၀ နာရီအထိပါ။ သတ်မှတ်ဈေးနှုန်းက USD 68 Net per person ဖြစ်ပြီး Includes : Free flow of beer, soft drinks, mocktails, coffee & tea & access to the Countdown Party at Le Cellier or Time Out ပါဝင်ပါတယ်။ Novotel Hotel Yangon မှာရှိတဲ့ Timeout Sports Bar က THE ULTIMATE NEW YEAR’S COUNTDOWN PARTY မှာ LIVE DJ & MUSIC BAND တို့ ရှိနေမှာဖြစ်ပါတယ်။ သတ်မှတ်ဝင်ကြေးအဖြစ် ENTRY: USD 20 ဖြစ်ပြီး (Including FREE FLOW BEER from 9 PM – 12 MIDNIGHT) ဖြစ်ပါတယ်။
Sedona Hotel Yangon မှာ New Year’s Eve Buffet ရှိပြီး ညနေ ၆ နာရီက ၉ နာရီအထိ ဖြစ်ပါတယ်။ သတ်မှတ်ဈေးနှုန်းအဖြစ် MMK 170,000 nett per adult, including free-flow beer and soft drinks , MMK 85,000 nett per child (6 to 12 years) , Add-on: MMK 35,000 nett per person for free-flow red, white, and sparkling wine ဖြစ်ပါတယ်။
Pan Pacific Yangon ရဲ့ Pacific Ballroom မှာ NEW YEAR 2026 CELEBRATION NIGHT (Buffet Dinner & Countdown Party) ရှိပါတယ်။ Live performances အဖြစ် May Sweet, Kai Zar & May Khalar တို့က ဖျော်ဖြေမှာဖြစ်ပြီး Success Music Band က တီးခတ်သွားပါမယ်။ အစီအစဉ်နဲ့ သတ်မှတ်ဝင်ကြေးအဖြစ် Buffet Dinner Time -8:00 PM - 10:00 PM , Event Time - 7:30 PM - 1:00 AM နဲ့ Price - 350,000 MMK per person တို့ ဖြစ်ပါတယ်။
အခု MY Yangon က စုစည်းဖော်ပြထားတဲ့ ၂၀၂၆ နှစ်သစ်ကူး Hotel ပါတီနဲ့ ဒင်နာ အစီအစဉ်များကို သိပြီးပြီ ဆိုတော့ ရန်ကုန်သူရန်ကုန်သားတို့ New Year ကို ဘယ်လိုဖြတ်သန်းရမလဲဆိုတာ ပလန်ဆွဲလို့ ရပြီပေါ့။
ဒါဆို အခုတည်းက New Year မှာ ဘာတွေလုပ်မလဲ အခုပဲ ပလန်ဆွဲလိုက်တော့နော် …
*ယခုဖော်ပြထားတဲ့ ၂၀၂၆ New Year ရဲ့ Hotel ပါတီနဲ့ ဒင်နာ အစီအစဉ်များဟာ သက်ဆိုင်ရာ Hotel နဲ့ ဘားများမှ ဖော်ပြထားတဲ့ အချက်အလက်များကို MY Yangon က ပြန်လည်စုစည်းပေးထားခြင်းသာ ဖြစ်ပါတယ်။
အားလုံးပဲ နှစ်သစ်ကူးညမှာ ပျော်ရွှင်နိုင်ကြပါစေ
Read 21 times