Things To Do

Penthouse ကို ပိုလှစေအောင် ပြင်ဆင်ရာမှာ လိုအပ်တဲ့ အချက် (၅) ချက်

Penthouse in Myanmar

Penthouse ကို အရိုးရှင်းဆုံး အဓိပ္ပါယ်ဖွင့်ရရင်တော့ မြင်ကွင်းအမိုက်စား၊ တည်ဆောက်မှုအကောင်းဆုံးနဲ့ ဇိမ်ခံ အနားယူနိုင်အောင် ဖွဲ့စည်းထားတဲ့ ခေတ်မှီအဆောက်အဦတစ်ခုရဲ့ အပေါ်ဆုံးထပ် ဖြစ်ပါတယ်။

Penthouse ကို ဇိမ်ခံပစ္စည်းတစ်ခုသဖွယ် မှတ်ယူလေ့ရှိကြပြီး သက်တောင့်သက်သာ အရှိဆုံး နေထိုင်မှုနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံစိတ်ချရမှုတွေကို အပြည့်အဝ ပေးစွမ်းနိုင်ပါတယ်။ ခေတ်မီ အထပ်မြင့် အဆောက်အဦတွေမှာ ဆောက်လုပ်လေ့ရှိကြပြီး ပုံမှန်တိုက်ခန်းတွေမှာ မမြင်ရနိုင်မယ့် အံ့မခန်း မြင်ကွင်းတွေကို ခံစားနိုင်မှာပါ။

Penthouse တစ်ခုရဲ့ အတွင်းအပြင် ဒီဇိုင်းတွေကို ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေမှုရှိစွာ ဆွဲဆောင်မှုရှိရှိ ထည့်သွင်း ရေးဆွဲရပါတယ်။

 

၁။ Outdoor နေရာ

Penthouse တစ်ခုရဲ့ အပြင် Outdoor နေရာမှာဆိုရင် အလှဆင်ပန်းအိုးတွေ၊ သံထည်ပရိဘောဂတွေနဲ့ အလင်းရောင်ဖျော့ဖျော့ ရရှိဖို့အတွက် အဓိက ဆောင်ရွက်ပေးရပါတယ်။ Outdoor နေရာဟာ နေအိမ်ပိုင်ရှင်တို့ အပန်းဖြေအနားယူဖို့ သီးသန့်နေရာ ဖြစ်တာကြောင့် လှပပြီး ဆိတ်ငြိမ်ဖို့ရာ အထူးအရေးကြီးပါတယ်။ 

လက်ရာကောင်းတဲ့ ပရိဘောဂပစ္စည်းတွေ၊ တိုက်ခန်းရှိ ပရိဘောဂပစ္စည်းပုံစံနဲ့ အရောင်တွေကို အခန်းအတွင်းပိုင်း၊ ပတ်ဝန်းကျင်နဲ့ ကြမ်းပြင်ပုံစံအလိုက် အကောင်းမွန်ဆုံး ကိုက်ညီအောင် ဂရုတစိုက် ထားရှိရပါတယ်။ ဧည့်ခန်းတွင်းက ဆိုဖာနဲ့ အခြားသော ပရိဘောဂအသုံးအဆောင်တွေကို Luxury ဖြစ်အောင်ပါ ထည့်သွင်း ပြင်ဆင်ရပြီး ဒီပရိဘောဂပစ္စည်းတွေဟာလည်း Penthouse တစ်ခုကို သီးသန့်ဆွဲဆောင်နိုင်တဲ့ အသွင်အပြင်ကို ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။ 

 

၂။ အရောင်ရွေးချယ်မှု

ပုံမှန်တိုက်ခန်းတွေမှာလို မဟုတ်ဘဲ Penthouse တစ်ခုရဲ့ အရောင်ဟာ အရောင်ငြိမ်တွေကိုသာ အသုံးပြုရပါတယ်။ ကြမ်းပြင်၊ နံရံ၊ မျက်နှာကျက်နဲ ပရိဘောဂအားလုံးကို အရောင်ငြိမ်အဖြစ် ရွေးနိုင်သလို နံရံ၊ မျက်နှာကျက်အတွက် အရောင်ငြိမ်၊ ကြမ်းပြင်အတွက် အရောင်လင်းတွေကို ရွေးပြီး ပြင်ဆင်နိုင်ပါတယ်။

 

၃။ အလင်းအနေအထား

Penthouse တစ်ခုမှာ အလင်းရောင်အနေအထားကအစ ခမ်းနားနေဖို့ အရေးကြီးပါတယ်။ အရိပ်နဲ့ အခန်းထဲကို ဝင်လာတဲ့ အလင်းရောင်ရဲ့ အကွာအဝေးဟာ တူညီနေပြီး အိမ်အတွင်းပိုင်းပုံစံကိုပါ ပြောင်းလဲပစ်နိုင်ပါတယ်။ မီးအလင်းရောင် ဒီဇိုင်းတွေဟာလည်း ဆန်းသစ်ပြီး ခေတ်မီတဲ့ အပြင်အဆင်မျိုး ရှိသင့်ပါတယ်။ 

 

၄။ တံခါးနဲ့ ပြတင်းပေါက်များ

Penthouse တစ်ခုမှာ လေဝင်လေထွက်ကောင်းဖို့ လိုအပ်တဲ့အတွက် ကြီးမားတဲ့ တံခါးပေါက်နဲ့ ပြတင်းပေါက်တွေ ထားရှိရပါတယ်။ ကြီးမားပြီး ကျယ်ပြန့်တဲ့ ဘောင်မဲ့ပြတင်းပေါက်တွေက လေဝင်လေထွက် ကောင်းမွန်ပြီး အထပ်မြင့် Penthouse တွေအတွက် အသုံးဝင်ပါတယ်။ အသံကျယ်လောင်မှု မရှိဘဲ ရိုးရှင်းတဲ့ အရောင်တွေနဲ့ ဖွဲ့စည်းထားတဲ့ တံခါးနဲ့ ပြတင်းပေါက်တွေက Penthouse ရဲ့ အဆင့်မြင့်မှုကို ဖော်ပြပေးနိုင်ပါတယ်။

 

၅။ အလှဆင်အခန်းများ

Penthouse အတွင်းက အခန်းဖွဲ့စည်းပုံတွေကို ထူးခြားတဲ့ ရှုထောင့်တစ်ခုကနေ တည်ဆောက်ရပြီး ဆန်းပြားတဲ့ ပစ္စည်းတွေနဲ့ တန်ဆာဆင်ထားရပါတယ်။ စိတ်ကြိုက်ပြင်ဆင်ခြင်းဟာ Penthouse တစ်ခုအတွက် အရေးကြီးပြီး ဇိမ်ခံအနားယူစရာ နေရာတစ်ခုအဖြစ် ပုံပေါ်လာဖို့အတွက်လည်း အဓိက ကိစ္စရပ်တစ်ခု ဖြစ်ပါတယ်။ 

များသောအားဖြင့်တော့ Penthouse တွေကို Luxury Residential အတွက် အသုံးပြုဖို့ဖြစ်စေ၊ လုပ်ငန်းပိုင်းဆိုင်ရာ အရေးကြီးပုဂ္ဂိုလ်တွေ အနားယူအပန်းဖြေဖို့နဲ့ Private Party ကျင်းပနိုင်ဖို့ဖြစ်စေ သုံးလေ့ရှိပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ မြို့ပြကြီးတွေမှာလည်း Penthouse တွေကို Luxury Residential အတွက်ဖြစ်စေ၊ နေထိုင်ဖို့နဲ့ အနားယူဖို့အတွက်ဖြစ်စေ ခေတ်ရေစီးကြောင်းအတိုင်း စိတ်ဝင်စားမှု မြင့်တက်လာနေတာကို မြင့်တွေ့ရပါတယ်။

 

Source: Haven Group Of Companies

⇐ Previous Next

Read 1266 times