Things To Do

ဂိမ်းဆော့ရင်း အပန်းဖြေလို့ရမယ့် ရန်ကုန်မြို့က နေရာ (၇) ခု

Places that can relax by Playing Games

ပိတ်ရက်တွေမှာ အိမ်တွင်းအောင်းနေရလို့ ပျင်းနေပြီဆိုရင်၊ သူငယ်ချင်းတွေနဲ့ ဘားထိုင်၊ အစားအသောက်တွေ လျှောက်ပတ်စားရတာကို ငြီးငွေ့နေပြီဆိုရင် အပြောင်းအလဲလေး ဖြစ်သွားအောင် စိတ်လှုပ်ရှားစရာ ဂိမ်းတွေ ဆော့ရင်း အပန်းဖြေလို့ရတဲ့ ရန်ကုန်မြို့တွင်းက နေရာ (၇) ခုကို မျှဝေပေးချင်ပါတယ်။

၁။ Urban Cue

ဒီနေရာကတော့ အငြိမ်ကစားချင်တဲ့သူတွေအတွက် အဆင်ပြေပါတယ်။ ဘော်ဒါတွေနဲ့ ဘီယာလေးသောက်ရင်း အေးဆေး ဘိလိယက်ထိုးလို့ ရပါတယ်။ သီးသန့် ကိုယ့်အဖွဲ့နဲ့ကိုယ် ကစားချင်တဲ့ သူတွေအတွက်လည်း Private Room တွေ ငှားလို့ရပါတယ်။ 

ဆိုင်ခွဲ (၁) - https://www.facebook.com/urbancuediamond

ဆိုင်ခွဲ (၂) - https://www.facebook.com/urbancuetamwe

၂။ Dice Society

အံစာတုံးလေးတွေခေါက်ရင်း Board Game ကစားချင်တဲ့သူတွေအတွက် Dice Society မှာ ကစားစရာ ဂိမ်းပေါင်း (၁၀၀) ကျော်လောက်ရှိပြီး ဝယ်လို့လည်း ရပါတယ်။ ကဖေးလေးလည်း ရှိလို့ ဆော့ရင်း ဗိုက်ဆာလာရင် မုန့်မှာစားရုံပါပဲ။

၃။ Climb O’ Clock

ဒီနေရာကတော့ တောင်တက်တာ ဝါသနာပါသူတွေရော၊ ကလေးငယ်တွေ ကျန်းမာကြံ့ခိုင်ရေးအတွက်ပါ အဆင်ပြေမယ့် ကျောက်တုံးငယ်တွေ တပ်ဆင်ထားတဲ့ တောင်တက် ကစားကွင်းလေးပါ။ ပရော်ဖက်ရှင်နယ် တောင်တက် အားကစားသမားတစ်ယာက် ကိုယ်တိုင် ဖွင့်လှစ်ထားတဲ့အတွက် တောင်တက်ပစ္စည်းတွေအပြင် အခြေခံညွှန်ကြားမှုတွေကိုလည်း သင်ပြပေးပါတယ်။

Advertisement

Click Here > Royal Myanmar Steel Brothers

၄။ Dagon Futsal Complex

ဖူဆယ်ဝါသနာပါတဲ့ သူငယ်ချင်းတွေရှိရင်တော့ ဒီကွင်းက အဆင်ပြေမှာပါ။ ဖူဆယ်ဆိုတာက ဘောလုံးကန်တဲ့ ကစားနည်းတစ်မျိုးပါပဲ။ နေရာကျဉ်းကျဉ်းလေးမှာ ဂိုးတိုင်ကျဉ်းကျဉ်းလေးထဲကို တစ်ဖက်နဲ့ တစ်ဖက် ဂိုးသွင်းယူဖို့ ကြိုးစားရတဲ့ ဘောလုံးကစားနည်းပါ။ 

၅။  Legacy Sports Arena

ကြက်တောင်နဲ့ Squash ကစားနည်းတွေကို ဝါသနာပါတယ်ဆိုရင်တော့ ဒီကွင်းက အဆင်ပြေပါတယ်။ သင်တန်းတက်ချင်တယ်ဆိုရင်လည်း Coach တွေ ရှိပါတယ်။ Food Court တွေလည်း ရှိလို့ ကစားရင်း မောလာရင် မုန့်မှာစားလို့ရပါသေးတယ်။

၆။ The Grit Myanmar

ကိုယ်လက် ဘယ်လောက်တည့်လဲ စမ်းကြည့်ချင်ရင်တော့ Grit Myanmar ကိုသာ သွားလိုက်ပါ။ ပစ်မှတ်တွေကို ပစ်ဖို့အတွက် ပုဆိန်တွေအပြင် မြှားနဲ့ ဓားတွေလည်း ထားပေးထားပါတယ်။ ဒါ့အပြင် Board Game တွေလည်း ရှိလို့ ကစားလို့ရပါတယ်။

၇။ Happy World

(၁၀) စုနှစ်တစ်ခု ကြာပြီဖြစ်တဲ့ Happy World ကတော့ မြန်မာနိုင်ငံမှာ အစောဆုံး ပေါ်လာတဲ့ Indoor ကစားကွင်းလို့ ပြောလို့ရပါတယ်။ သရဲရထား၊ သရဲအိမ်၊ တိုက်ကားနဲ့ တခြား စိတ်ဝင်စားစရာ ကစားနည်းတွေလည်း ရှိပါတယ်။ ကစားနည်းတစ်ခုချင်းစီမှာ သတ်မှတ်ထားတဲ့ လက်မှတ်ဈေးနှုန်းရှိပြီး အကြွေးစေ့နဲ့ ဆော့ရတဲ့ ပျော်စရာဂိမ်းတွေလည်း ရှိပါတယ်။

 

⇐ Previous Next

Read 975 times