Things To Do

HEINEKEN မှ ကျင်းပသော ဂီတပွဲသို့ မြန်မာဂီတပညာရှင်တချို့ တက်ရောက်

'Refresh Your Music, Refresh Your Nights' Organized By HEINEKEN

ဒီဇင်ဘာ (၁၀) ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့၌ ကျင်းပသော HEINEKEN ၏ 'Refresh Your Music, Refresh Your Nights' ဖျော်ဖြေပွဲတွင် ဂီတ၏ စည်းလုံးမှုကို ပြသသည့် အနေဖြင့် The Chainsmokers နှင့်အတူ အာရှတွင်းမှ ဂီတအနုပညာရှင် ၄ ဦးဖြစ်သည့် ဗီယက်နမ်နိုင်ငံမှ Thu Minh နှင့် Karik၊ မလေးရှားနိုင်ငံမှ Yunohoo နှင့် NYK တို့သည် ပရိသတ်ပေါင်း ၈၅, ၀၀၀ ကျော်ကို ပါဝင်ဖျော်ဖြေခဲ့သည်။

HEINEKEN နှင့် The Chainsmokers တို့ ပူးပေါင်း ဖျော်ဖြေသော ‘Refresh Your Music, Refresh Your Nights’ တေးဂီတ တင်ဆက်ဖျော်ဖြေမှုများကို မြန်မာနိုင်ငံမှ ပရိသတ်များလည်း သွားရောက်ကြည့်ရှုနိုင်ရန်အတွက် HEINEKEN မှ ပါဝင်ကံစမ်းနိုင်မည့် အစီအစဉ်တစ်ခု ပြုလုပ်ခဲ့ပြီး ပါဝင်ကံစမ်းကြသူတွေထဲမှ ကံထူးရှင် (၆) ဦးကို မိမိအတူသွားလိုသော သူငယ်ချင်းတစ်ဦးနှင့်အတူ အဆိုပါ ဂီတ‌ဖျော်ဖြေပွဲသို့ ပို့ဆောင်ပေးခဲ့သည်။ 

ကံထူးရှင်များအနေဖြင့် မြန်မာဂီတ ပညာရှင်များနှင့်တကွ “Refresh Your Music, Refresh Your Nights” ဂီတဖျော်ဖြေပွဲကို ဒီဇင်ဘာ (၁၀) ရက်နေ့တွင် သွားရောက် ခံစားကြည့်ရှုခဲ့ကြပြီး စိတ်လှုပ်ရှားဖွယ်ရာ အတွေ့အကြုံများကို အတူတကွ ပိုင်ဆိုင်ခဲ့ကြသည်။ 

The Chainsmokers နှင့် ပူးပေါင်းတင်ဆက်သည့် ၎င်းအစီအစဉ်တွင် ပြည်တွင်းမှ ဂီတပညာရှင်များဖြစ်ကြသည့် အမရာဘုဏ်း၊ Snare၊ ဝေလ၊ ထက်ယံတို့က ၎င်းတို့၏ ကိုယ်ပိုင် ဂီတစတိုင်များ ဖြစ်ကြသည့် Rap၊ Rock၊ R&B နှင့် K-pop ဂီတပုံစံအသီးသီးတို့ဖြင့် The Chainsmokers ၏ ရေပန်းစားသော တေးသီချင်းများကို ပြန်လည်ဆန်းသစ် ဖန်တီးခဲ့ကြသည်။ 

မြန်မာဂီတပညာရှင်များမှ ပြန်လည်ဆန်းသစ် ဖန်တီးထားသော The Chainsmokers ၏ သီချင်းများကို ဝင်ရောက် နားဆင် လိုသူများအနေဖြင့်  www.refreshyourmusichnk.com တွင် သွားရောက် နားဆင်နိုင်မည်ဖြစ်သည်။ 

Next

Read 830 times