Things To Do

ဒီဇင်ဘာ (၁) ရက်နေ့မှာ ပြန်လည်စတင်ဖွင့်လှစ်သွားမယ့် ဆီဒိုးနားဟိုတယ်

Reopening of Sedona Hotel

ပိတ်ထားတာ (၂) နှစ်လောက် ရှိပြီဖြစ်တဲ့ ဆီဒိုးနားဟိုတယ်ကို လာမယ့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှာ စတင်ပြီး ဖွင့်လှစ်တော့မှာဖြစ်ကြောင်း ထိုဟိုတယ်လုပ်ငန်းစုမှ တရားဝင်ကြေညာထားပါတယ်။    

ဆီဒိုးနားဟိုတယ်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာအကုန်ပိုင်းလောက်မှာ ပိတ်ထားခဲ့ခြင်းဖြစ်ပြီး အခန်းငှားရမ်းမှု ဝန်ဆောင်မှုတွေကိုလည်း ရပ်နားထားခဲ့ပါတယ်။ ဒါ့အပြင် ဆီဒိုးနားဟိုတယ်ကို Keppel ကော်ပိုရေးရှင်းက အမေရိကန်ဒေါ်လာ ၅၇ ဒသမ ၄ သန်းနဲ့ စင်္ကာပူအခြေစိုက် Spring Blossom Ventures လုပ်ငန်းစုထံ ပြီးခဲ့တဲ့ အောက်တိုဘာလက အပြီးသတ် ရောင်းချခဲ့ပါတယ်။

Advertisement

Click Here > Empire Chemicals

Spring Blossom Ventures လုပ်ငန်းစုက ဟိုတယ်လုပ်ငန်းကို ဆက်လက် လုပ်ကိုင်ရန် ရည်ရွယ်ချက်နဲ့ အခုလာမယ့် ဒီဇင်ဘာ ၁ ရက်နေ့မှာတော့ ဟိုတယ်ကို ပြန်လည်ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဟိုတယ် Booking ကိစ္စတွေအတွက်လည်း ဒီဇင်ဘာ ၁ ရက်နေ့မှာ စတင်ပြီး ဆက်သွယ်နိုင်ပြီလို့ သိရပါတယ်။

ဆီဒိုးနားဟိုတယ်ကို ၁၉၉၆ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပြီး မြန်မာနိုင်ငံမှာ အစောပိုင်းထဲက ဖွင့်လှစ်ခဲ့တဲ့ နိုင်ငံတကာအဆင့်မီ ဟိုတယ်တွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။

ဖွင့်ပွဲအထိမ်းအမှတ်အနေနဲ့ ဆီဒိုးနားဟိုတယ် Inya Wing မှာ ဒီဇင်ဘာ (၁) ရက်နေ့ကနေ (၃၀) ရက်နေ့အတွင်း တစ်ဦးကို ဒေါ်လာ ၆၅+ မှ စတင် ရွေးချယ်လို့ ရတဲ့ Staycation Package တွေကို ကြိုတင်ဘိုကင်လုပ်သူတိုင်း ၅၀% အထိ လျှော့စျေးတွေ ရနိုင်တယ်လို့ သိရပါတယ်။ 

သန့်ရှင်းသပ်ရပ်တဲ့ အခန်းတွေမှာ အနားယူနိုင်ပြီး D’Cuisine Restaurant မှာ မနက်စာသုံးဆောင်ခွင့် အပါအဝင် ရေကူးကန်ကြီးမှာ ရေကူးခွင့်နဲ့ Hi-Speed Wi-Fi ပါရှိမယ့် ဒီ Staycation Package တွေကို စိတ်ဝင်စားတယ်ဆိုရင် ဖုန်းနံပါတ် 09 944 466 9988 ကို ဆက်သွယ် ဘိုကင်လုပ်နိုင်ပါတယ်။ 

⇐ Previous Next

Read 579 times