Things To Do

ရန်ကုန်မြို့ရဲ့ ထူးခြားလှပတဲ့ မြို့ပြအမွေအနှစ်တွေကို ဖော်ထုတ်မယ့် ဓာတ်ပုံပြိုင်ပွဲ - “Yangon Heritage Doorways"

Yangon Heritage Doorways Photo Contest

သင်က ဓာတ်ပုံရိုက်ရတာ ဝါသနာပါတဲ့သူတစ်ယောက်ဆိုရင်၊ ရန်ကုန်မြို့ပြရဲ့ ထူးခြားလှပတဲ့ မြို့ပြအမွေအနှစ်တွေကို ဓာတ်ပုံတွေကနေတဆင့် ပြသချင်တယ်ဆိုရင်၊ ကိုယ့်ရဲ့ ဓါတ်ပုံကနေတဆင့် မြို့ပြအမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ တစ်ထောင့်တစ်နေရာကနေ လှုံ့ဆော်မှုတစ်ခုဖြစ်စေချင်တယ်ဆိုရင် အခုပြောပြပေးသွားမယ့် ဓာတ်ပုံပြိုင်ပွဲလေးမှာ ပါဝင်ကြဖို့ အကြုံပြုပါတယ်။

ဒီဓာတ်ပုံပြိုင်ပွဲရဲ့ နာမည်က “Yangon Heritage Doorways" ဖြစ်ပါတယ်။ ဒီပွဲကို မြန်မာနိုင်ငံဆိုင်ရာ ဩစတေးလျသံရုံးမှ ကူညီပံ့ပိုးပေးထားပြီး Our Heritage Homes နဲ့ Doh Eain တို့က ပူးပေါင်းစီစဉ်ပေးထားတဲ့ ပြိုင်ပွဲလေးပဲ ဖြစ်ပါတယ်။   

"Yangon Heritage Doorways Photo Contest" ကို ဘယ်လိုပါဝင်ရမလဲ?

- ကိုယ်နှစ်သက်ရာ ရန်ကုန်မြို့က အမွေအနှစ် အဆောက်အအုံတွေရဲ့ တံခါး (သို့) ပြတင်းပေါက် (သို့) ဝင်ပေါက်ကို ဓါတ်ပုံရိုက်ပါ။ 

- အဆိုပါ ဓါတ်ပုံကို ဖော်ညွှန်းတဲ့ ရေးသားချက်နဲ့အတူ ကိုယ့်ရဲ့ Facebook (သို့) Instagram မှာ #yangon_heritage_doorways ဆိုတဲ့ Hashtag ကို အသုံးပြုပြီး တင်ပေးပါ။ ဖော်ညွှန်းချက် ရေးသားတဲ့အခါ ဒီအမွေအနှစ် တံခါးကို ဘာကြောင့် ရွေးချယ်ဖြစ်သလဲဆိုတဲ့ ခံစားချက်ကို ရေးသားနိုင်သလို အဆောက်အအုံရဲ့ သမိုင်းကြောင်းနဲ့ ဆက်နွယ်ပြီးလည်း ကွန့်မြူးရေးသားနိုင်ပါတယ်။ 

- ကိုယ့် Facebook (သို့) Instagram ပို့စ်အပြင် စာရင်းပေးသွင်းရမယ့်ဖောင် (forms.gle/Hx5akHsqMQWupw1E8) ကတဆင့်လည်း ကိုယ်ပါဝင်လိုတဲ့ ဓါတ်ပုံနဲ့ ဖော်ညွှန်းရေးသားချက်တို့ကို ပို့ဆောင်ပေးရပါမယ်။ 

 Advertisement

Click Here > Hnin Taung

"Yangon Heritage Doorways Photo Contest" ရဲ့ စည်းမျဉ်းတွေက ဘာတွေလဲ?

- ပေးပို့တဲ့ ဓါတ်ပုံက ပါဝင်သူ ကိုယ်တိုင်ရိုက်ထားတဲ့ ဓါတ်ပုံဖြစ်ရပါမယ်။  

- ပါဝင်သူတစ်ဦးကို ဓါတ်ပုံတစ်ပုံသာ ပေးပို့ခွင့်ရှိပါတယ်။ 

- မြို့ပြအမွေအနှစ်တွေကို တန်ဖိုးထားမြတ်နိုးတဲ့ ဘယ်သူမဆို ပါဝင်နိုင်ပါတယ်။ 

- ပေးပို့တဲ့ ဓါတ်ပုံက JPEG ဖိုင်အမျိုးအစားဖြစ်ဖို့ လိုအပ်ပြီး 5 MB-10 MB အတွင်း ရှိရပါမယ်။  

- ဓါတ်ပုံကို ဒီဇင်ဘာလ (၃) ရက်နေ့ နောက်ဆုံးထားပြီး ပေးပို့ပေးရမှာ ဖြစ်ပါတယ်။ 

ပေးပို့တဲ့ ပုံတွေထဲကမှ ရွေးချယ်ခံရတဲ့ ဓါတ်ပုံတွေကို ဒီဇင်ဘာလ (၉) ရက်နေ့မှာ ပြုလုပ်သွားမယ့် Heritage Homes Event: Youth & Heritage ပွဲမှာ ပြပွဲငယ်အဖြစ် ပြသပေးသွားမှာဖြစ်ပြီး ရွေးချယ်ခံ ဓါတ်ပုံရှင်များကို အမှတ်တရလက်ဆောင်များလည်း ပေးအပ်သွားမှာဖြစ်ပါတယ်။  

Heritage Homes Event: Youth & Heritage ပွဲကတော့ လူငယ်နဲ့ အမွေအနှစ်ကြားက ဆက်နွယ်မှုတွေကို လူငယ်တွေ ပိုမိုသိရှိလာပြီး အမွေအနှစ်တွေကို ထိန်းသိမ်းစေလိုတဲ့ ရည်ရွယ်ချက်နဲ့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

Heritage Homes Event: Youth & Heritage ပွဲအစီအစဉ်မှာ ဘာတွေ ပါဝင်မလဲ?

၁) စကားဝိုင်း - မြို့ပြအမွေအနှစ်၊ ယဉ်ကျေးမှုအမွေအနှစ်တွေ ထိန်းသိမ်းရေးမှာ လူငယ်တွေရဲ့ အခန်းကဏ္ဍ အရေးပါပုံကို အမွေအနှစ်မြတ်နိုးတဲ့ လူငယ်တစ်စုက ဦးဆောင်ဆွေးနွေးသွားမှာဖြစ်ပါတယ်။  

၂) အမွေအနှစ်တွေရဲ့ နောက်ကွယ် - ရန်ကုန်မြို့ထဲက ပြုပြင်ထိန်းသိမ်းထားတဲ့ အမွေအနှစ် နေအိမ်တွေနဲ့ ပြုပြင်မှုတွေ မပြုလုပ်ရသေးတဲ့ နေအိမ်တွေကို ဝင်ရောက်လေ့လာနိုင်မယ့် လမ်းလျှောက်ခရီးစဉ်ဖြစ်ပါတယ်။ 

၃) Keynote Lecture - အမွေအနှစ်ထိန်းသိမ်းရေး ပညာရှင်က ရှေးဟောင်းအဆောက်အအုံ ထိန်းသိမ်းမှုရဲ့ အရေးပါပုံကို ဆွေးနွေးပြောကြားသွားမှာဖြစ်ပါတယ်။ 

၄) စျေးပွဲတော်ငယ် - ပြည်တွင်းဖြစ်ထုတ်ကုန်တွေကို အားပေးနိုင်မယ့် ဈေးပွဲတော်တစ်ခုလည်း ပါဝင်သွားမှာဖြစ်ပါတယ်။ 

လူငယ်တွေ ကိုယ်တိုင်ကိုယ်ကျ ရန်ကုန်မြို့ပြရဲ့ အမွေအနှစ်တွေကို ထိတွေ့လေ့လာခွင့်ရမယ့် ပွဲတစ်ခုဖြစ်တဲ့အတွက် စိတ်ဝင်စားတယ်ဆိုရင် သွားကြည့်သင့်ပါတယ်။ Yangon Heritage Doorways ဓာတ်ပုံပြိုင်ပွဲမှာ ဝင်ပြိုင်ထားတဲ့ ဓာတ်ပုံရိုက် ဝါသနာရှင်တွေကတော့ သွားကိုသွားရမယ့် ပွဲလေး ဖြစ်ပါတယ်။ 

ပွဲအသေးစိတ်အချက်အလက်ကတော့ - 

နေ့ရက် - ဒီဇင်ဘာလ (၉) ရက်နေ့၊ ၂၀၂၃ ခုနှစ် 

အချိန် -  နေ့လည် ၁ နာရီမှ ၅ နာရီ 

နေရာ - မော်ရုံကော်ဖီဆိုင်၊ အမှတ် (၂၂)၊ ၃၉ လမ်း (ကမ်းနားဘလောက်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။ 

 

⇐ Previous Next

Read 634 times