တကယ့်ကို စိတ်လှုပ်ရှားစရာ ဂီတရသကို ပေးစွမ်းမဲ့ အမိုက်စား Event တစ်ခုကို MY Yangon Guide က မျှဝေလိုက်ပါတယ်။ အဲဒီပွဲကတော့ Pioneer Plus မှာ ခမ်းနားကြီးကျယ်စွာ ကျင်းပသွားမဲ့ စိုင်းစိုင်းခမ်းလိုင်၊ ရဲလေး၊ ဘန်နီဖြိုး တို့ရဲ့ Live ဖျော်ဖြေတင်ဆက်မှု ဖြစ်ပြီး Pioneer Plus ရဲ့ Anniversary Edition တစ်ခုလည်း ဖြစ်တာကြောင့် ပရိသတ်တို့အတွက် အမှတ်တရများစွာ ရရှိစေမှာပါ။
မြန်မာနိုင်ငံရဲ့ နာမည်ကျော်အဆိုတော်များဖြစ်တဲ့ စိုင်းစိုင်းခမ်းလိုင်၊ ရဲလေး၊ ဘန်နီဖြိုး တို့ကိုတော့ MY Yangon Guide က အထူးမိတ်ဆက်ပေးဖို့ လိုမယ် မထင်ပါဘူးနော်။ သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်ကာလများဆီကစလို့ အောင်မြင်ကျော်ကြားတဲ့ သီချင်းများရဲ့ ဖန်တီးရှင်များ ဖြစ်ကြသလို ယနေ့ထက်တိုင် ပရိသတ်များရဲ့ သည်းသည်းလှုပ်အားပေးမှု ရရှိနေဆဲ အဆိုတော်များလည်း ဖြစ်ပါတယ်။

Pioneer Plus ရဲ့ Anniversary Edition အဖြစ် ကျင်းပမဲ့ ဒီပွဲကို Pioneer Plus မှာ ၁၃.ဒီဇင်ဘာ. ၂၀၂၅ ညကျရင် စိုင်းစိုင်းခမ်းလိုင်၊ ရဲလေး၊ ဘန်နီဖြိုး တို့က ဖျော်ဖြေတင်ဆက်သွားဖို့ ရှိပြီး တီးခတ်ပေးမဲ့ တေးဂီတဝိုင်းကတော့ Mercury IX ဖြစ်ပါတယ်။ ပွဲရဲ့ ဝင်ကြေးလက်မှတ်ဈေးနှုန်းများနဲ့ ပတ်သက်ပြီး 09 752 444 415 , 09 752 444 416 တို့ကို ဆက်သွယ်စုံစမ်းဝယ်ယူနိုင်ပါတယ်။

ကဲ … စိုင်းစိုင်းရဲ့ ‘တောဂေါ်လီ’နဲ့ မြူးမလား၊ ရဲလေးရဲ့ ‘နင်ဟာငါရဲ့’ နဲ့ ငြိမ့်မလား၊ ဘန်နီဖြိုးရဲ့ ‘ချစ်တယ်ဟုတ်’နဲ့ ပျော်မလား၊ ဒီပွဲရဲ့ အဆိုတော် Lineup က တကယ့်အမိုက်စားတွေချည်းပဲမို့ တစ်ပွဲလုံး မမောစတမ်း လိုက်စီးမျောဖို့ အခုတည်းက အားတွေဖြည့်ထားကြစို့နော် ဂီတချစ်သူတို့ရေ …


Read 94 times