Things To Do

She Directed Her Way ခေတ်ရှေးညို

She Directed Her Way Director Khit Shay Nyo.

ဒါရိုက်တာ ခေတ်ရှေးညိုနှင့်အတူ ရုပ်ရှင်ဖန်တီးမှုအကြောင်း ဆွေးနွေးကြမယ်။

 

​အမျိုးသမီးများအတွက် ရုပ်ရှင်ဖန်တီးမှု နယ်ပယ်မှာ ကိုယ်တိုင်ဦးဆောင်ပြီး လမ်းသစ်ဖောက်နိုင်ဖို့ စွမ်းအားတွေဖြည့်ပေးမယ့် အခမဲ့ Seminar တစ်ခု ကျင်းပမယ့်အကြောင်းကို MY Yangon Guide က သတင်းကောင်းပါးလိုက်ပါရစေ … ဒီ Seminar ကို AES Myanmar – Creative Media Institute က စီစဉ်ဆောင်ရွက်ထားပါတယ်။  ဒီ Seminar မှာ ရုပ်ရှင်လောကထဲက အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ၊ ရှေ့ဆက်ရမယ့် စိန်ခေါ်မှုများ၊ ဖန်တီးမှု လွတ်လပ်ခွင့်နဲ့ အောင်မြင်မှု လမ်းကြောင်းတွေကို အားရပါးရ ဆွေးနွေးမျှဝေပေးသွားမှာပါ။

 She Directed Her Way  ခေတ်ရှေးညို

ဦးဆောင်ဆွေးနွေးသွားမဲ့ Seminar ရဲ့ Speaker က ဒါရိုက်တာ၊ ဝတ္ထုရှည်စာရေးဆရာမ ဆရာမ ခေတ်ရှေးညို (Khit Shay Nyo) ဖြစ်ပါတယ်။ ဆရာမ ခေတ်ရှေးညိုဟာ ဥဩဝှတ်တဲ့တန်ခူး" ဇာတ်ကားရဲ့ ဒါရိုက်တာ၊ နရသူ ဝတ္ထုကို ရေးသားတဲ့စာရေးဆရာမ၊ Music Video ပေါင်းများစွာ ရိုက်ကူးနေတဲ့ ဒါရိုက်တာဖြစ်သလို၊ လူမှုအသိပညာပေး ကမ်ပိန်း Together for Equality & Diversity မှာ ပထမဆုရခဲ့တဲ့ "My Name is Walkie Talkie" ရဲ့ ဖန်တီးရှင်လည်း ဖြစ်ပါတယ်။

 

စိတ်ဝင်စားဖို့ကောင်းတဲ့ ဒီ Seminar မှာ ဆရာမ ခေတ်ရှေးညိုရဲ့ ဒါရိုက်တာဘဝ အတွေ့အကြုံတွေနဲ့ ကိုယ်တိုင်ဦးဆောင်ပြီး လမ်းဖောက်ထွင်ခဲ့ပုံ (She Directed Her Way) ကို သိမြင်လေ့လာခွင့်ရမှာ ဖြစ်သလို ​Film Industry ထဲက ကိုယ် မေးချင်တဲ့၊ သိချင်တဲ့ အကြောင်းများကို ဆရာမဆီ တိုက်ရိုက်မေးမြန်းနိုင်မဲ့ အခွင့်အရေးလည်း ရရှိမှာပါနော်။

 

ရုပ်ရှင်ဖန်တီးခြင်းကို ချစ်မြတ်နိုးသူတိုင်း၊ အမျိုးသမီးတစ်ဦးရဲ့ ဦးဆောင်မှုကို လေ့လာချင်သူတိုင်းအတွက် အကျိုးရှိစေမယ့် Seminar ဖြစ်ပြီး လူဦးရေ ကန့်သတ်ထားတဲ့အတွက်ကြောင့် ပုံပါ QR Code ကို Scan ဖတ်၍ဖြစ်စေ သို့မဟုတ် ဖော်ပြပါ Registration Link သို့ ဝင်ရောက်ကာဖြစ်စေ Register ပြုလုပ်ပြီး တက်ရောက်နိုင်ပါတယ်။

 

https://docs.google.com/forms/d/e/1FAIpQLSeJ2Rk9MhyqH4o1k5VcMsmEusEzMgdDBBe3DwBRyNc_S6cBrA/viewform?fbclid=IwY2xjawNmjSNleHRuA2FlbQIxMABicmlkETFKRm1SZDdsWVJPR0lVU1UzAR7_HHl-E8OcCMwFIwYSWsLLRQVtdPwRnRRFpfm3ADfSCtqPOAEah4izEc9iWQ_aem_r7Ycq255UHExYClZ1jjRyQ&pli=1

 She Directed Her Way  ခေတ်ရှေးညို

AES Myanmar – Creative Media Institute က ပြုလုပ်မဲ့ Seminar လေးရဲ့ Event Details ကတော့ -

Speaker : ဆရာမခေတ်ရှေးညို

Date : 25.10.2025 (Sat)

Time : 10 AM to 12 PM

Venue : No.294, 1st St North, East Gyo Gone St, Insein Tsp, Yangon, Myanmar.

Phone : 09973079408

 

⇐ Previous Next

Read 89 times