Things To Do

ဘန်ကောက်ညစျေးအထာနဲ့ မြေနီကုန်းက Siam Night Market

Siam Night Market in Yangon

ဘန်ကောက်က Street Food ညစျေးတန်းထဲ ရောက်သွားသလို ခံစားရစေမယ့် Siam Night Market ဆိုတဲ့ စျေးရောင်းပွဲတော်ကို ရောက်ဖူးပြီးကြပြီလား? သူက ဖေဖော်ဝါရီလအစတုန်းကလည်း တစ်ကြိမ် ကျင်းပခဲ့ပြီး အခု လာမယ့် မတ်လ (၁) ရက်နေ့ကနေစပြီး (၃) ရက်နေ့အထိ ဒုတိယအကြိမ် Night Market ကို ပြုလုပ်သွားဦးမှာပါ။ 

Fairy Lights မီးရောင်တွေကြားက ရောင်စုံ Tent လေးတွေနဲ့ လှပနေမယ့် Siam Night Market မှာ ချစ်ရသူနဲ့အတူဖြစ်ဖြစ်၊ မိသားစုနဲ့ဖြစ်ဖြစ်၊ သူငယ်ချင်းအဖွဲ့တွေဖြစ်ဖြစ် ညနေခင်း ပွဲစျေးတန်း လျှောက်ပြီး Decoration လှလှလေးတွေအောက် ဓာတ်ဖမ်းလို့ရပါတယ်။ 

ဒါ့အပြင် Siam Night Market မှာ - 

- ပျော်ရွှင်စရာ ဂိမ်းအစီအစဉ်တွေ

- ရင်ခုန်စရာ Activity မျိုးစုံပါဝင်တဲ့ Carnival Zone 

- Music Band တွေရဲ့ Unplugged ဖျော်ဖြေရေး

- စားချင်စရာ Street Food ဆိုင်တွေ 

- အစားတလိုင်းတို့အတွက် ချက်ချင်းဝယ် ချက်ချင်းထိုင်စားလို့ရတဲ့ Eating Zone

- ဝယ်ချင်စရာ ဖန်စီ ပစ္စည်းလှလှလေးတွေ

- Fashion ဆိုင်တွေ၊ Accessories ဆိုင်တွေအပြင် ငယ်ငယ်က တရုတ်တန်းမှာ တကူးတက သွားကြည့်ခဲ့ရတဲ့ "Lion Dance" ကိုမှ တိုင်တွေပေါ်မှာ ကတဲ့ အကအလှ ဖျော်ဖြေမှုကိုလည်း ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။

နိုင်ငံတကာမှာ ဆုတံဆိပ်တွေ ရထားကြပြီး မြန်မာနိုင်ငံ ကိုယ်စားပြုအဖွဲ့ဖြစ်တဲ့ MYANMAR LDCR ခြင်္သေ့အကအဖွဲ့နဲ့ အနာဂတ်မျိုးဆက်သစ်လူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ MYANMAR Guang Ming အဖွဲ့တို့က တရုတ်နဂါး၊ ခြင်္သေ့အကအလှတွေနဲ့ ဖျော်ဖြေဦးမှာ ဖြစ်ပါတယ်။ 

Siam Night Market ကြီးဟာ ဆိုင်ခန်းပေါင်း ၁၀၀ ကျော်နဲ့အတူ မြေနီကုန်း ပဒုမ္မာပန်းခြံဘေးက Car Parking ဝန်းကြီးထဲမှာ အခမ်းနားဆုံး ပြုလုပ်ကျင်းပသွားမှာပါ။ ပွဲအချိန်ကတော့ နေ့ခင်း (၂) နာရီကနေ ည (၁၀) နာရီအထိ ဖြစ်ပါတယ်။

ဆိုင်ခန်းငှားရမ်းချင်သူတွေအနေနဲ့ကတော့ အသေးစိတ်သိရှိလိုပါက အောက်ပါဖုန်းနံပါတ်တွေကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။ 

09269777730

09269777740

09269777750

⇐ Previous Next

Read 707 times