Things To Do

၂၀၀၀ ခုနှစ်က ဂိမ်းဆိုင်ယဉ်ကျေးမှုဆီသို့ အလည်တစ်ခေါက် ပြန်သွားဖို့ GameJoe

Recreation Spot - GameJoe

ငယ်ငယ်တုန်းက ကျောင်းကအပြန်၊ ကျူရှင်ကအပြန်ဆို လွယ်အိတ်ကို ဘေးချ ဂိမ်းဆိုင်ပြေးပြီး ဘော်ဒါတွေနဲ့အတူ ဗီဒီယိုဂိမ်းဆော့ခဲ့ရတဲ့ အခိုက်အတန့်တွေက 20's Born တိုင်းရဲ့ မေ့မရတဲ့ ငယ်ဘ၀အမှတ်တရတွေထဲက တစ်ခုပါပဲ။ အခု ၂၀၂၄ မှာလည်း ရိုးလွန်းနေတဲ့ ကော်ဖီဒိတ်၊ ဘီယာဒိတ်တွေအစား အပူအပင်ကင်းခဲ့တဲ့ ငယ်ဘ၀ကို အလွမ်းပြေစေမယ့် ဂိမ်းဒိတ်လေးကို GameJoe မှာ တစ်ခါလောက် စမ်းကြည့်လိုက်ပါ။ 

GameJoe ကို Times City Jewellery Mall (၄) လွှာမှာ မနက် (၁၀) နာရီကနေ ည (၇) နာရီအထိ ဖွင့်လှစ်ထားပါတယ်။ GameJoe Premium Game Lounge ဆိုင်မှာ PlayStation 5 ဂိမ်းစက်တွေ၊ Nintendo Switch၊ Racing Simulator နဲ့အတူ နောက်ဆုံးထွက် ဂိမ်းအမျိုးအစားအစုံကို ဆော့နိုင်မှာ ဖြစ်ပါတယ်။

TV Screen ကို 55” QLED TV တွေ သုံးထားတာကြောင့် ရုပ်ထွက်ကောင်းပြီး အသံကြည်ပါတယ်။ ဆိုင်အပြင်အဆင်လေးကလည်း ဆိုင်ထဲကို ဝင်လိုက်တာနဲ့ Gamer တွေအကြိုက် Luxury Vibe ခံစားမှုကို အပြည့်အဝပေးနိုင်မှာ အသေအချာပါပဲ။ ပုံမှာပြထားတဲ့ ဂိမ်းတွေကိုလည်း GameJoe မှာ စိတ်ကြိုက် ဆော့ကစားနိုင်ပါတယ်။ 

စျေးနှုန်း

PS5 နှင့် Nintendo Switch

1 player - 6000 Ks/hr

2 players - 8000 Ks/hr

Racing Simulator

8000 Ks/hr 

တခြားနေရာနဲ့မတူတာက ဒီ ၁ နာရီစာ Fees ကို Entry Fees လိုကောက်တာမျိုးဖြစ်လို့ ကြိုက်တဲ့ Game တွေ အကြိုက်ပြောင်းဆော့ခွင့်ရှိပါတယ်။

ဖေဖော်ဝါရီလမှာ မနက် ၁၀ နာရီကနေ နေ့ခင်း ၁ နာရီအတွင်း သွားဆော့ရင် Extra Hour ရတဲ့ ပရိုမိုးရှင်းလည်း ရှိပါတယ်။

- Buy 1 Hour Get 1 Hour Free (Mon to Fri)

- Buy 2 Get 1 Hour Free (Sat & Sun)

Game ဆော့နေရင်း ဗိုက်ဆာတတ်တယ်ဆိုရင်လည်း ခေါက်ဆွဲပြုတ်၊ အသင့်စား အစားအစာတွေနဲ့ အအေးတွေအပြင် ၄ လွှာမှာရှိတဲ့ Food Court နဲ့လည်း နီးနီးလေးမို့ တစ်နေကုန် စားရင်း ဆော့ကစားမယ်ဆိုရင်တောင် အိုကေမှာ စိုပြေပါပဲနော်။ 

Weekend တွေနဲ့ နေ့ခင်ပိုင်း Promotion ရှိတဲ့အချိန်လေးတွေ (10am - 1pm) အတွင်းဆို လူပြည့်တတ်လို့ ဆိုင်ဖုန်း 09-940025525 ကို ဖုန်းကြိုဆက်ပြီး Booking တင်ပေးဖို့ အကြံပြုပါတယ်။

>> https://www.facebook.com/GameJoe

လိပ်စာ - A454, 4th Floor, Jewellery Mall, Times City (Near Food Court).

ဖုန်း - 09940025525 

 

Related Article : Video Games ထက် Board Games တွေကို ပိုပြီး ခရေဇီဖြစ်တဲ့သူတွေအတွက် 

>> https://myyangon.com.mm/mm/article/space-17-board-game-hub-in-yangon

⇐ Previous Next

Read 852 times