Things To Do

Times City Job Fair 2025

 Times City Job Fair 2025

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်မှာရှိတဲ့ Times City Complex, Office Tower-1 , 18th Floor မှာ မကြာမီ ကျင်းပသွားတော့မဲ့ Times City International Career & Job Fair 2025 Event အကြောင်းကို MY Yangon Guide မှ တင်ဆက်လိုက်ပါတယ်။ စိတ်ဝင်စားဖွယ် အစီအစဉ်များနဲ့အတူ ကြီးကျယ်ခမ်းနားစွာ ပြုလုပ်သွားမဲ့ Times City Job Fair 2025 မှာ MY Yangon Guide ရဲ့ မိခင်ကုမ္ပဏီ MMRD နဲ့ Yangon Directory တို့မှ Media Partner အဖြစ်ပါဝင်ထားကြောင်းကိုလည်း ဂုဏ်ယူစွာ မျှဝေလိုက်ပါရစေ …

Times City International Career & Job Fair 2025 ကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၂၊ ၂၃ ရက်၊ နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ Times City Complex, Office Tower-1 , 18th Floor, ကမာရွတ်မြို့နယ်၊ ရန်ကုန်မှာ ကျင်းပသွားမှာဖြစ်ပြီး အလုပ်အကိုင် ရှာဖွေနေသူတို့အတွက် မိမိတို့နဲ့ အဆင်ပြေမဲ့ လုပ်ငန်းခွင်ရာထူးများကို တစ်နေရာတည်းမှာ စုံလင်စွာ ရှာဖွေနိုင်ပါလိမ့်မယ်။ ဒီတော့ လူငယ်တို့ရဲ့ Career Path အတွက် အရေးကြီးတဲ့ အခွင့်အလမ်းတစ်ခုကို တက်ရောက်ခွင့်ရမဲ့ Event ဆိုရင်လည်း မမှားပါဘူးနော်။

ဒီ Job Fair မှာ အလုပ်ရှင်များစွာနဲ့ တိုက်ရိုက်တွေ့ဆုံနိုင်မယ်။ CV တင်ပြီး ချက်ချင်း အင်တာဗျူးဖြေဆိုနိုင်ဖို့ အခွင့်အရေးရှိမယ်။ သင့် Career ကို Upgrade လုပ်နိုင်မယ်။ လုပ်ငန်းနယ်ပယ်အသီးသီးက လိုအပ်ချက်တွေ၊ လစာနှုန်းထားတွေကို တိတိကျကျသိနိုင်မယ်။ Networking ကောင်းကောင်းရနိုင်မယ်။ Professional အဆက်အသွယ်တွေရယူနိုင်ပြီး အနာဂတ်အတွက်လမ်းကြောင်းရှာနိုင်မယ်။

Times City Job Fair 2025 

ဘယ်သူတွေအတွက် ဒီပွဲလေးဟာအကောင်းဆုံးဖြစ်မလဲဆိုရင် ကျောင်းသား/သူတွေ (University & College Students), ကျောင်းပြီးခါစ Fresh Graduates တွေ, အတွေ့အကြုံရှိပြီသား Professional တွေ, အလုပ်လက်မဲ့ဖြစ်နေသူတွေ, နည်းပညာ/ သက်မွေးပညာဘွဲ့ရများအပြင် Freelancer တွေ စတဲ့ လုပ်ငန်းခွင် ဝင်လိုသူအားလုံးအတွက် ရည်ရွယ်ထားပါတယ်။

ဒါကြောင့်မို့ အလုပ်အကိုင်ကောင်း၊ အနာဂတ်ကောင်းတစ်ခုကို ဖန်တီးစေရန် အခွင့်အရေးအတွက် Times City International Career & Job Fair 2025 ကို အရောက်သွားနိုင်ဖို့ MY Yangon Guide ကနေ တင်ဆက်ပေးလိုက်ပါတယ်။

နေ့ရက် - ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၂၊ ၂၃ ရက်

အချိန် - နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ

နေရာ - Times City Complex, Office Tower-1 , 18th Floor, ကမာရွတ်မြို့နယ်၊ ရန်ကုန်။

 

Next

Read 139 times