Things To Do

ရေကစားခြင်း ပန်းချီပြပွဲ - ဝင်းဖေ

Water Playing - Art Exhibition by U Win Pe

ပန်းချီ(ဦး)ဝင်းဖေရဲ့ ရေကစားခြင်း” ပန်းချီပြပွဲ ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ  ရက်မှ ၁၃ ရက်အထိ၊ နေ့စဉ် မနက် ၁၀ နာရီမှ ညနေ  နာရီအထိ အမှတ် ၄၁၂၊ ကုန်သည်လမ်း၊ ရန်ကုန်ရှိ AYA SOMPO Gallery တွင် ပြုလုပ်သွားမည်ဖြစ်ပါသည်။ မြန်မာ့အနုပညာလောကအတွက် ထူးခြားသည့် ဒီပန်းချီပြပွဲကို MY Yangon Website မှတဆင့် အနုပညာချစ်သူများအတွက် ပြန်လည်မျှဝေတင်ဆက်လိုက်ရပါသည်။


အနုပညာစွမ်းရည် မျိုးစုံကို ပိုင်ဆိုင်ထားသူအဖြစ် လူသိများသော ဦးဝင်းဖေ သည် မန္တလေးမြို့တွင် မွေးဖွားခဲ့ပြီး ကလေးဘဝမှစ၍ ပန်းချီနှင့် ဂီတကို အခြေခံအနုပညာအဖြစ် လေ့လာခဲ့သူဖြစ်ပါသည်။ ဒေသခံအနုပညာရှင် ဦးဘသက်၏ တပည့်ဖြစ်ခဲ့သလို ၁၉၆၀ ပြည့်နှစ်များတွင် People’s Daily သတင်းစာအတွက် ပန်းချီဆွဲအဖြစ် လုပ်ကိုင်ခဲ့ပြီး နိုင်ငံတော် ပန်းချီ၊ ဂီတနှင့် အက အနုပညာကျောင်း၏ အုပ်ချုပ်ရေးမှူးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ထို့အပြင် ရုပ်ရှင်ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးဆရာ၊ စာရေးဆရာအဖြစ်ပါ ဖန်တီးမှုအနုပညာလောကတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သူဖြစ်ပါသည်။


ယခုကဲ့သို့ ပါရမီရှင် ပန်းချီဆရာကြီး ဦးဝင်းဖေရဲ့ အနုပညာလက်ရာများကို တစ်နေရာတည်းတွင် တစ်စုတစ်စည်းတည်း ကြည့်ရှုခံစားနိုင်မယ့် ရေကစားခြင်း” ပန်းချီပြပွဲ ကို ရန်ကုန်မြို့နေ အနုပညာချစ်သူများ မလွတ်တမ်း သွားရောက်ကြည့်ရှုခံစားဖို့ MY Yangon မှ တိုက်တွန်းလိုက်ရပါသည်။

⇐ Previous Next

Read 89 times