နိုင်ငံတကာရုပ်ရှင်ချစ်သူတွေ အတွက် စိတ်လှုပ်ရှားစရာ သတင်းကောင်းတစ်ခုကတော့ အိန္ဒိယရုပ်ရှင်ကား The Raja Saab ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၉ ရက် မှာ Worldwide Release အဖြစ် ထုတ်လွှင့်သွားမယ်လို့ ကြေညာထားပြီး Fantasy၊ Thriller နဲ့ Drama အမျိုးအစားတွေကို ပေါင်းစပ်ထားတဲ့ အထူးစိတ်ဝင်စားဖွယ် ရုပ်ရှင်တစ်ကားဖြစ်လာမယ်လို့ မျှော်လင့်ရပါတယ်။
ထွက်ရှိထားတဲ့ Poster နဲ့ Trailer တွေကိုကြည့်လိုက်ရင် မှောင်မိုက်တဲ့ အငွေ့အသက်, အဟောင်းအိမ်ကြီး, လျှို့ဝှက်ဆန်းကြယ်မှုများ ပါဝင်တဲ့ Fantasy–Horror ဆန်တဲ့ atmosphere ကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် ဒီရုပ်ရှင်ဟာ စိတ်ဝင်စားဖွယ် storyline နဲ့ psychological tension ကို အဓိကထားတဲ့ ရုပ်ရှင်တစ်ကားဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။
The Raja Saab ကို ဒါရိုက်တာ Maruthi က ရိုက်ကူးထားပြီး TG Vishwa Prasad က ထုတ်လုပ်ထားပါတယ်။ Music ကို နာမည်ကြီး music director Thaman S က ဖန်တီးထားတာဖြစ်ပြီး သူ့ရဲ့ background score တွေက suspense နဲ့ emotion ကို ပိုမိုမြှင့်တင်ပေးနိုင်မယ်လို့ ရုပ်ရှင်ချစ်သူတွေက မျှော်လင့်ထားကြပါတယ်။
နိုင်ငံတကာရုပ်ရှင်ဇာတ်ကား ပရိသတ်အတွက် The Raja Saab က အထူးသင့်တော်တဲ့ ရွေးချယ်မှုတစ်ခုဖြစ်မှာပါ။ Story details တွေကို အခုအချိန်ထိ လျှို့ဝှက်ထားပေမယ့် Poster နဲ့ Trailer တွေကနေကြည့်ရင် The Raja Saab ဟာ ၂၀၂၆ ခုနှစ်အစပိုင်းမှာ ရုပ်ရှင်ချစ်သူတို့ နှစ်သက်မဲ့ Fantasy Thriller တစ်ကားဖြစ်လာနိုင်တယ်လို့ မြင်ရပါတယ်။
MY Yangon ကနေ အခုလို ရုပ်ရှင်သစ် Review တွေ၊ Entertainment news တွေကို ဆက်လက်တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
.
Read 113 times