Things To Do

Area 51 ဆိုတာဘာလဲ??

What Is Area 51 ??

Area51 ဆိုတာ လျို့ဝှက်ချက်တွေနဲ့ ပြည့်နေတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်။ Area51 ဟာ အမေရိကန်ပြည် Las Vegas မြို့ရဲ့အနောက်မြောက် (၈၃)မိုင် အကွာက Nevada သဲကန္တာရထဲမှာရှိပြီး အစိုးရရဲ့ထိန်းချုပ်မှုအောက်ကနေ လျို့ဝှက်သုတေသနလုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့နေရာဖြစ်ပါတယ်။ အမေရိကန်ရဲ့အလျို့ဝှက်ဆုံး၊လုံခြုံမှုအရှိဆုံးနေရာ ဆိုရင်လည်း မမှားပါဘူး။ ဒီနေရာမှာ ဘာတွေရှိတယ် ဘာတွေလုပ်နေတယ် ဆိုတာကတော့ ထိပ်တန်းအရာရှိတွေ ကလွဲရင်ဘယ်သူမှ အသေအချာမသိကြပါဘူး။ ဒါကြောင့်လည်းဒီနေရာဟာ လွန်ခဲ့တဲ့နှစ်ပေါင်း (၅၀)ကျော်တည်းက လူစိတ်ဝင်စားမှု အများဆုံးခံရတဲ့ နေရာတစ်ခုဖြစ်ခဲ့ပါတယ်။

ဒီ Area 51ဆိုတာကတော့ စစ်အေးကာလအတွင်းမှာ စတင်လုပ်ခဲ့တာဖြစ်ပြီး ဆိုဗီယက်ယူနီယံထက် စမ်းသပ်မှုတွေမှာ အသာရချင်တဲ့အတွက်လို့ဆိုပါတယ်။တစ်ချို့ကတော့ ဒီနေရာဟာ ၁၉၅၅ခုနှစ်တုန်းက  United States Air Force ရဲ့နေရာ ဖြစ်ခဲ့ပြီး စတင်ဆောက်လုပ်ခဲ့ရတဲ့ ရည်ရွယ်ချက်ကတော့ Lockheed U-2 aircraft တွေကို စမ်းသပ်ဖို့အတွက်ဆိုပြီးလည်း ပြောကြပါတယ်။ ဒီနေ့အထိ area51မှာ ဘာတွေလုပ်နေတယ်ဆိုတာကို

အမေရိကန် အစိုးရက ချမပြသေးပါဘူး။ တစ်ချို့ကတော့ ဒီနေရာမှာ ထူးဆန်းတဲ့ လက်နက်တွေနဲ့ယာဉ်တွေကို စမ်းသပ်နေတယ်လို့ဆိုပါတယ်။ ဒါဟာ မဖြစ်နိုင်ဘူးလို့ဆိုလို့မရပါဘူး။ ကမ္ဘာမှာတွေ့ရတဲ့ UFO တွေဟာ Area51 ကလျို့ဝှက်စမ်းသပ်ထားတဲ့ ယာဉ်တွေဖြစ်တယ်ဆိုပြီး သတင်းတွေခဏခဏကြားဖူးကြမှာပါ။

Area51 ဟာတောင်တစ်လုံးကိုဖောက်ပြီး စခန်းအဖြစ် တည်ဆောက်ထား တာဖြစ်ပါတယ်။ ဒီအဆောက် အအုံမှာအထပ်(၆) ထပ်ရှိပြီး ပထမ ထပ်ကိုသာ သာမန်ဝန်ထမ်းတွေ ဝင်ခွင့်ရှိပါတယ်။ ကျန်အထပ်တွေကိုတော့ Alien မှလွဲ၍ လုံးဝမ၀င်ရဆိုတဲ့စာတန်းကို တရားဝင်ကပ်ထားတာကတော့ စဉ်းစားစရာပါပဲ။ဒီနေရာကို လုံခြုံရေးမြင့်မားစွာချထားတဲ့အတွက် ဂြိုလ်သားတွေ၊ UFO (Unidentified flying object) တွေနဲ့ ဆက်စပ်နေလိမ့်မယ်လို့လည်း ယုံကြည်နေကြပါတယ်။လူတော်တော်များများကတော့ ဒီနေရာမှာဂြိုလ်သားတွေရှိပြီး ဂြိုလ်သားတွေဆီကနေ ခေတ်လွန်နည်းပညာတွေ သင်ယူနေတယ်လို့ ယုံကြည်နေကြပါတယ်။

 

လမ်းမှားပြီးရောက်သွားခဲ့တဲ့ လေယာဉ်မှူးနှစ်ယောက်ကလည်း ဒီနေ ရာမှာပန်းကန်းပြားပျံတွေ ဆင်းသက်နေတာကို မြင်ခဲ့ရတယ်လို့ ဆိုပါတယ်။၁၉၈၉ခုနှစ်က Area51 ရဲ့ Sector4 မှာအလုပ်လုပ်ခဲ့သူ Bob Lazar ကတော့ သူဟာဂြိုလ်သားယာဉ်ပျံတွေနဲ့ အလုပ်လုပ်ခဲ့ရတယ်လို့ ပြောပါတယ်။နောက် Area51ရဲ့ ဝန်ထမ်းတစ်ယောက်ဖြစ်ခဲ့သူ Dan Durish ကလည်း သူဟာ J-Rod လို့ခေါ်တဲ့ဂြိုလ်သားနဲ့ကပ်ရက်အလုပ်လုပ်ခဲ့ရတယ်ဆိုပြီး သတင်းတွေထွက်ခဲ့ပါတယ်။

၂၁ရာစု နောက်ပိုင်းမှာ UFO သတင်းတွေဟာ ခဏခဏ ကြားနေရပါပြီ။ area51 ဟာဂြိုလ်သားတွေနဲ့ ပါတ်သတ်မသတ် အတိအကျပြောလို့မရပေမယ့် အဆန်းပြားဆုံးလက်နက်တွေ၊ယာဉ်ပျံတွေနဲ့ နည်းပညာတွေဟာ ဒီနေရာကထွက်ရှိလာတာကတော့ အမှန်ပဲဖြစ်ပါတယ် ။ နောက်တစ်ချိန်မှာ ဒီနေရာကနေဘယ်လို ဆန်းပြားတဲ့ နည်းပညာတွေ ထပ်မံထွက်ရှိလာဦးမလဲ ဆိုတာကို စောင့်ကြည့်နေရဦးမှာပဲဖြစ်ပါတယ်။

 

⇐ Previous Next

Read 1409 times