Things To Do

Smart ဖြစ်စေဖို့ သင့်ရဲ့ Work Space မှာ ဘယ်လိုမီးအိမ်မျိုးကို ရွေးချယ်သင့်လဲ?

What kind of lamp should you choose in your work space to be smart?

စာကြည့်စားပွဲ သို့မဟုတ် အလုပ်လုပ်တဲ့စားပွဲဆိုတာက အလုပ်ခွင်မှာဖြစ်ဖြစ်၊ စာသင်တဲ့နေရာမှာဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ တစ်နေ့တာ အချိန်တွေကိုအများဆုံးကုန်ဆုံးတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ အခြေခံအလုပ်တစ်ခုမှာ ပုံမှန်အလုပ်ချိန် (၈) နာရီမှ (၉) နာရီရှိပြီး ကျောင်းသား/သူတစ်ယောက်ရဲ့ စာသင်ချိန်ကလည်း တစ်နေ့မှာ အနည်းဆုံး (၆) နာရီနဲ့ (၈) နာရီကြားရှိပါတယ်။ 

ကျွန်တော်တို့ရဲ့ အလုပ်/စာကြည့် စားပွဲကများသောအားဖြင့် အခန်းထဲမှာရှိနေတယ်ဆိုပေမယ့် နေ့ရောညပါ အချိန်တော်တော်များများကို အသုံးချတဲ့နေရာတစ်ခုဖြစ်တာကြောင့် ဒုတိယအိမ်လို့တောင်ဆိုနိုင်ပါတယ်။ နေ့ဘက်အတွက် အလင်းရောင်ကကိစ္စသိပ်မရှိပေမယ့် ညဘက်ဆိုရင်တော့ အရေးကြီးပါတယ်။ အကယ်၍သင်က အခန်းဖော်တွေနဲ့နေတာဆိုရင်တော့ ပတ်ဝန်းကျင်ကို အနှောက်အယှက်မဖြစ်စေဖို့ သတိပြုရပါမယ်။ ဒါ့ကြောင့် သင့်ရဲ့ Work Space သို့မဟုတ် စာကြည့်စားပွဲမှာ ဘယ်လိုမီးအိမ်မျိုးကို ရွေးချယ်သင့်လဲ ဆိုတာကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

1.Quality and LED 

Halogen နဲ့ fluorescent မီးလုံးတွေက ယေဘူယျအားဖြင့် ပုံမှန်မီးလုံးတွေထက် ပိုမိုတောက်ပစေပြီး ပုံစံမျိုးစုံ၊ အရောင်မျိုးစုံနဲ့ရရှိနိုင်တဲ့အပြင် စွမ်းအင် (၈၀%) အထိသက်သာစေပါတယ်။ ဒါကြောင့် LED desk lamps တွေကို စွယ်စုံသုံးကြတဲ့အပြင် စွမ်းအင်ချွေတာဖို့အတွက် ရွေးချယ်ကြပါတယ်။ CRI နဲ့ အခန်းအပူချိန်/အအေးဓာတ်ကိုတော့ ဂရုပြုရပါမယ်။

Color Rendering Index (CRI) က အလင်းရောင်ပေးစွမ်းတဲ့အရင်းအမြစ်ကို သတ်မှတ်ချက်တစ်ခုနဲ့ တိုင်းတာခြင်းဖြစ်ပါတယ်။ စာဖတ်ခြင်းနဲ့ အလုပ်လုပ်နေချိန်တွေမှာ သင့်မျက်စိအတွက် အဆင်ပြေစေမယ့် CRI (၈၅) မှ (၁၀၀) ကြား LED desk lamps တွေကို ရွေးချယ်သင့်ပါတယ်။

Color Temperature ကိုတော့ “warm” နဲ့ “cool” ဆိုပြီးခွဲခြား သတ်မှတ်ကြပါတယ်။ Color Temperature 2700K မှ 4500K အတွင်းရှိတဲ့ LED desk lamp တွေက ကြည်လင်ပြီး နှစ်သက်ဖွယ်ကောင်းတဲ့ အလင်းကိုပေးစွမ်းပါတယ်။

2.Adjustable And Desk Lamp Placement

Desk Lamps တွေရွေးချယ်တဲ့အခါမှာ Adjustable ဖြစ်တာကို ရွေးချယ်ဖို့လည်း အရေးကြီးပါတယ်။ ဒါမှ Desk Lamps ကို သင်စိတ်ကြိုက်နေရာ အလင်းရောင်ရစေဖို့ ပြောင်းလဲနိုင်မှာဖြစ်ပါတယ်။

Desk Lamps Adjust လုပ်လို့မရတဲ့အခါ သင့်ရဲ့အရိပ်ကျနေတာကလည်း သင့်ကို စိတ်အနှောက်အယှက်ပေးနိုင်ပါတယ်။ သင်ကညာသန်ဆိုရင် သင့်စားပွဲရဲ့ ဘယ်ဘက်ခြမ်းမှာ Desk Lamp ကိုတပ်ဆင်ပြီး အလင်းရောင်ပေးရပါမယ်။ အလင်းရောင်ကောင်းကောင်းပေးနိုင်ပြီး ဝင်ရိုးရှည်တဲ့ Desk Lamps ကိုရွေးချယ်တာ အကောင်းဆုံးပါပဲ။ ဒီနေရာမှာ Adjustable Desk Lamp ဖြစ်နေဖို့လည်း လိုအပ်ပါတယ်။

3.Size of Desk Lamp

Desk Lamp ထားဖို့ နေရာရွေးချယ်ပြီးရင် နောက်ထပ်စဉ်းစားရမှာကတော့ သင့်တော်မယ့် Desk Lamp အရွယ်အစားပဲဖြစ်ပါတယ်။ တချို့ Desk တွေကကြီးတဲ့အတွက် ကြိုက်တဲ့ Lamp ကိုရွေးချယ်နိုင်ပေမယ့် Desk သေးတဲ့သူတွေအတွက် အရွယ်အစားက စကားပြောပါတယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့ space ပေါ်မူတည်ပြီး သင့်တင့်မျှတတဲ့ Desk Lamp ကိုရွေးချယ်သင့်ပါတယ်။

နောက်ပြီး သင်ရဲ့ Desk Lamp ကို အဖွင့်အပိတ် ပြုလုပ်ရလွယ်ကူတဲ့ ကြိုးဆွဲအဖွင့်အပိတ် Desk Lamp တွေ၊ အောက်ခြေမှာ ခလုတ်ပါဝင်တဲ့ Lamp တွေကို ရွေးချယ်ပါ။

ကျွန်တော်တို့က အသက်အရွယ်ရလာတာနဲ့အမျှ ကျွန်တော်တို့ရဲ့ အမြင်အာရုံကကျဆင်းလာပါတယ်။ အသက် ၆၀ ကျော်လူတွေဟာ အသက် ၂၀ အရွယ်တွေထက် စာဖတ်အား (၈၀%) ပိုများတဲ့အတွက် အလင်းရောင်က အရေးကြီးပါတယ်။

4.USB Desk Lamps

Desk Lamp နဲ့ပတ်သတ်ပြီး အခက်ခဲတချို့ရှိပါတယ်။ တချို့ အိပ်ခန်း၊ ရုံးခန်းတွေက အလင်းကွယ်နေရာဖြစ်နေခြင်း၊ ပလပ်ပေါက်မရှိခြင်း ပြဿနာတွေနဲ့ ကြုံရတတ်ပါတယ်။ အပန်းဖြေခရီးထွက်တဲ့အခါတွေမှာလည်း အလင်းရောင်မရရှိခြင်းက သင်ရဲ့အလုပ်ကိစ္စ၊ စာဖတ်ဖို့အတွက် အခက်ခဲတွေဖြစ်စေပါတယ်။ ဒါတွေကို ဖြေရှင်းဖို့အတွက် USB port ပါတဲ့ Desk Lamp တွေကို ရွေးချယ်နိုင်ပါတယ်။ 

Lamp ဆိုတာက မရှိမဖြစ်လိုအပ်တဲ့ အိမ်အသုံးအဆောင် Decoration ပစ္စည်းတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် Living Room မှာ/ကိုယ့်ရဲ့ Desk မှာ ထားဖို့အတွက် Lamp ရွေးချယ်မယ်ဆိုရင် အပေါ်က အချက်တွေကိုလေ့လာပြီး ရွေးချယ်ဝယ်ယူနိုင်ပါတယ်။

⇐ Previous Next

Read 989 times