ချစ်သူများနေ့မှာ လူတွေက ကိုယ်ချစ်တဲ့သူတွေကို ဘာကြောင့် ချောကလက် လက်ဆောင် ပေးကြတာလဲ?? ချစ်သူများနေ့မှာ ချောကလက်လက်ဆောင် ပေးရတဲ့ ဓလေ့က ဘယ်အချိန်ကတည်းက ဘယ်လိုမျိုး ဖြစ်တည်လာခဲ့တာလဲ??
ချစ်သူများနေနဲ့ ချောကလက်ရဲ့ ဆက်နွယ်မှုကို မပြောခင်မှာ ချောကလက်ဆိုတာ အချစ်ကိုဖော်ပြဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုလို့ ဆိုနိုင်ပါတယ်။ ချောကလတ်ဟာ ရိုမန်တစ်ဆန်သော စိတ်ကျေနပ်စေသော ထူးခြားသော စတဲ့ခံစားချက်များကို ပေးစွမ်းနိုင်ပါတယ်။
၁၈ရာစုလောက်မှာ အင်္ဂလန်သား Richard Cadbury ဆိုသူနဲ့ သူ့မိသားစုက ချောကလက်ကို စတင် ထုတ်လုပ်ခဲ့ကြပါတယ်။ ထိုခေတ်အခါတုန်းက ချောကလက်သည် အလွန်စျေးကြီးပြီး အထက်တန်းလွှာလူတန်းစားတွေကသာ ဝယ်ယူနိုင်တဲ့ အနေအထားဖြစ်ပါတယ်။
Cadbury က စီးပွားရေး ချဲ့ထွင်တဲ့အနေနဲ့ နှင်းဆီအနီတွေနဲ့ အလှဆင်ထားသော ချောကလက်box တွေကိုပါ ထပ်ပြီးဖန်တီးခဲ့ပါတယ်။ Cadbury ရဲ့ လှပစွာဒီဇိုင်းဆွဲထားသော ချောကလက် Box နဲ့ ချောကလက်တွေဟာ ၁၉ရာစုတွင် လူသိများ အောင်မြင်ခဲ့ပါတယ်။ Cadbury ဟာ အသည်းပုံပုံစံ ချောကလက်box ကို ပထမဦးဆုံး တီထွင်ခဲ့သူလည်း ဖြစ်ပါတယ်။
ချစ်သူများနေ့ဆိုပြီး လူငယ်တွေကြား စတင်ခေတ်စားလာခဲ့တဲ့ (၁၉) ရာစုနှစ်မှာ အမေရိကန် ချောကလက် လုပ်ငန်းရှင် တစ်ယောက်ဖြစ်သူ Milton Hershey ဆိုသူက ၁၉၀၇ ခုနှစ်မှာ "kisses" အမည်နဲ့ ချောကလက်တွေကို ချစ်သူစုံတွဲတွေအတွက် စတင်ထုတ်လုပ်ခဲ့ပါတယ်။
ဒါပေမယ့် ချောကလက် လုပ်ငန်းရှင် Russell Stover ဆိုသူကမှ ချောကလက်နှင့်အချစ်ကြားက ဆက်နွယ်မှုကို စတင်မိတ်ဆက်ပေးခဲ့သူ ဖြစ်ပါတယ်။ သူမသည် ၁၉၂၃ ခုနှစ်တွင် သူမရဲ့အမျိုးသားနှင့်အတူ အသည်းပုံပုံစံ ထုတ်ပိုးထားသော ချောကလက်တွေကို စတင်ရောင်းချခဲ့ပါတယ်။
ဒါ့အပြင် သူတို့သည် အမဲရောင်ဇာနှင့် ဖဲကြိုးတွေဖြင့် အလှဆင်ထားသော အသည်းပုံချောကလက်boxထဲတွင် ချောကလက်တွေထည့်၍ "Secret Lace Heart" ဟု အမည်ပေး၍ ရောင်းချခဲ့ပါတယ်။ သူတို့ရဲ့ တီထွင်ကြံဆမှုကြောင့် "Secret Lace Heart" ဟာ လူငယ်ချစ်သူတွေကြား ရေပန်းစားခဲ့ပြီး အောင်မြင်မှုတွေရရှိခဲ့ပါတယ်။
ခေတ်ကာလတွေ ပြောင်းလဲလာပေမယ့် ယနေ့အချိန်ထိ မပြောင်းလဲသေးတာကတော့ ချစ်သူများနေ့မှာ ချောကလက်ကို လက်ဆောင်အဖြစ်ပေးနေကြတာဘဲ ဖြစ်ပါတယ်။ ချစ်သူများနေ့မှာ ချစ်ခြင်းလက်ဆောင်အဖြစ် ချောကလက်ကို ဘာကြောင့်ပေးရတာလဲ? ဘယ်လိုအဓိပ္ပါယ်တွေရှိနေလို့လဲ?
Read 1498 times