Travel

မြို့ပြရဲ့ မွန်းကြပ်မှုတွေထဲကနေ ခဏရုန်းထွက်ပြီး နေ့ချင်းပြန် အပန်းဖြေလို့ရမယ့် Resort (၇) ခု

 7 Resorts That You Can Take A Day Off From Yangon

ဆောင်းရာသီလည်း ကုန်ခါနီးလာတာနဲ့ ကိုဗစ်ကြောင့် ခရီးဝေးလည်းမသွားချင် သူငယ်ချင်း၊ မိသားစု၊ ချစ်ရသူတွေနဲ့ မွန်းကြပ်မူတွေကနေ ခဏရုန်းထွက်ပြီး စိတ်အပန်းဖြေချင်သူများအတွက် ရန်ကုန်မြို့တွင်း နေ့ချင်းပြန် ခရီးတိုလေးတွေထွက်ဖို့ အကြံပြုချင်ပါတယ်။ ရန်ကုန်မြို့တွင်းထဲမှာပဲ အနားယူပြီး ပျော်စရာတွေ ဖန်တီးလို့ရမယ့် Resort လေး(၇) ခုကိုတင်ပြပေးလိုက်ပါတယ်။

၁။ သူကြီးအိမ် resort 

ပထမဆုံးတခုကတော့ရန်ကုန်မြို့ကနေ ၄၅မိနစ်လောက်သာ ကားနဲ့သွားရတဲ့ ကျောက်တန်းမြို့ သံတဲ ကမ်းခြေ မှော်ဝန်းအကျော် စင်မကော်ကျေးရွာမှာရှိတဲ့ သူကြီးအိမ် resort လေးပဲဖြစ်ပါတယ်။

Roချင်တဲ့ rsတွေအတွက်ရော မိသားစုနဲ့အမှတ်တရတွေ ဖန်တီးချင်တဲ့သူတွေအတွက် ငါးလေးလည်းမျှားလို့ရ၊ ကန်လေးမှာလှေလေးလှော်ပြီး လေလေးတဖြူးဖြူးနဲ့ အပန်းဖြေချင်တဲ့သူတွေအတွက်ကတော့ အကြိုက်တွေ့စေမှာပါ။ကလေးတွေ အတွက်လည်း ကစားကွင်းအသေးလေးရှိပါသေးတယ်။

စိတ်ငြိမ်ငြိမ်နဲ့သီးသန့် အနားယူချင်တဲ့သူတွေအတွက် တဲလေးတွေ ဘန်ဂလိုလေးတွေလည်းငှားလို့ရပါသေးတယ်။ တစ်ယောက်ကို ဝင်ကြေးတယောက်ကို ၃၀၀၀ ကျပ် သတ်မှတ်ထားပြီး ဒီကာလကတော့ အကန့်အသတ်နဲ့ လက်ခံနေပါတယ်။

Booking တင်ရန် ဖုန်းနံပတ် - 09422467400၊ 09445551113

Link >> https://cutt.ly/CPaohU6

No photo description available.

၂။ ရှမ်းရွှေဥ Resort

ရှမ်းရွှေဥ Resort မှာတော့ အေးအေးချမ်းချမ်းနဲ့ ပန်းခြံလေးမှာ လမ်းလေးလျှောက်ရင်းဝါးတန်းလေးတွေနဲ့ ဓာတ်ပုံလေးလည်းရိုက်ပြီး စိတ်အပန်းဖြေလို့ရပါတယ်။ ဘန်ဂလိုတွေ hotel အခန်းတွေအပြင် resort မှာရှိတဲ့ ငါးမျှားလို့ရတဲ့ ရေကန်ကျယ်ရယ် ကိုယ်တိုင်လှော်လို့ရတဲ့ ဘဲလှေလေးတွေပါရှိပါတယ်။

ဝင်ကြေး ကတော့ လူကြီးတယောက်ကို ၁၀၀၀ ကျပ်ဖြစ်ပြီး ကလေးတွေအတွက် ဝင်ကြေး မပေးရပါဘူး။

ဘန်ဂလိုတွေကတော့ open typeဖြစ်ပြီး တလုံးကို ၁၀ယောက်နေလို့ရပါတယ်။ Bungalow လေးတွေကတော့ သီးသန့်နေလို့ရတဲ့ Open Type နေရာလေးပါရှင့်။ သဘာဝလေကို ခံစားရင်း မိသားစုနဲ့ အတူ အပန်းဖြေလို့ရပါတယ်။ 

တစ်လုံးကိုအများဆုံး ၁၀ ယောက်ထိလက်ခံပါတယ်ရှင့်။ နေရာကတော့ ၁၄ မိုင် ၂ ဖာလုံ ၊ ရန်ကုန်/ ပုသိမ်လမ်းမကြီး ၊ ထန်းတပင်မြို့နယ်၊ ရန်ကုန်မှာရှိပြီး ဖွင့်ချိန် - မနက် ၆ နာရီ မှ ညနေ ၅ နာရီထိဖွင့်ပါတယ်။ ဖုန်းဆက် Booking တင်ချင်ရင်တော့ ၀၉၇၇၈၈၈၃၂၁၈ ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Link >> https://cutt.ly/IPas6mx

May be an image of tree and nature

၃။ Sandayaw Hotel & Resort

 Sandayaw Hotel & Resort ကတော့  စပါးလယ်ကွင်းပြင်ကြီးကို ကြည့်ပြီး အခန်းထဲမှာ အေးအေးဆေးဆေးကော်ဖီသောက်ရင်း အပန်းဖြေမလား? သူငယ်ချင်းတွေ မိသားစုတွေနဲ့ ပျော်ပျော်ပါပါး ရေကစားလိုက် ရေလွှာလျှောစီးပြီး တခြား activityလေးတွေ လုပ်ရင်းအပန်းဖြေလို့လည်း ရပါတယ်။ 

ရန်ကုန် ကနေ ၁နာရီ၊ ၂နာရီလောက် ကားမောင်းရပြီး ရန်ကုန်ပုသိမ် လမ်းမကြီးပေါ် ထန်းတပင်မြို့နယ် ထဲမှာရှိပါတယ် ။ မနက် ၇ နာရီ - ည ၇ နာရီထိ ဖွင့်ပြီး ရေကူးကန် ဝင်ကြေးက လူကြီး  ၈၀၀၀ ကျပ် နဲ့ကလေး ၅၀၀၀ ကျပ်ပေးရပါတယ်။

Link >> https://cutt.ly/ePagtcN

May be an image of 11 people and pool

၄။ Mother's Village Campground resort

 Mother's Village Campground resort ကတော့ Tent လေးတွေနဲ့ အပန်းဖြေရတာကြောင့် camping vibe အပြည့်အဝရစေပါတယ်။ ရန်ကုန် အမြန်လမ်းကလာရင် 16 မိုင် 4 ဖာလုံ နဲ့  5 ဖာလုံကြား လမ်းးကနေ ၂၀ မိနစ်လောက်ဝင်လာရင် ရောက်ပါပြီ။

လမ်းညွှန်လေးတွေလည်းရှိတာမို့ ပိုပြီးလွယ်ကူအဆင်ပြေပါတယ်နော်။ စက်ဘီးစီးလို့လည်းရ ၊ဘောလုံးကန် ကြက်တောင်ရိုက် တခြားပျော်စရာတွေအများကြီး ဖန်တီးလို့ရပါတယ်။ နေဝင်ဆည်းဆာ အလှတွေကြည့်ရင် ညဘက်မှာလည်း ကြယ်လေးတွေကြည့်၊ ဂစ်တာတီးပြီး သီချင်းတွေဆိုကြရင်း သူငယ်ချင်း၊ မိသားစု၊ ချစ်သူတွေ နဲ့ ပျော်ရွင်စ၇◌ာ အချိန်တွေကိုကုန်ဆုံးနိုင်ပါတယ်။

မနက် ၉ နာရီကနေ ညနေ ၆နာရီထိဖွင့်ပြီး  တစ်ယောက် ၁၅၀၀၀ ကျသင့်မှာပါ။ ညဘက်ပါအနားယူချင်သူတွေအတွက် နေ့လည် ၁၂နာရီမှ နောက်တစ်ရက်မနက် ၁၀နာရီအထိ တစ်ယောက်ကို ၃၂၀၀၀ ကျပ်ကျသင့်မှာပါ။

Link >> https://cutt.ly/MPaj4wO

May be an image of tree and road

၅။ Sein So Resort

သစ်တောတွေကြားထဲမှာ အပန်းဖြေလို့ရမယ့် နောက်ထပ်နေရာလေး တစ်ခုကတော့  ရန်ကုန်-မန္တလေး အမြန်လမ်းပေါ် ၁၅ မိုင် ၄ဖာလုံမှာရှိတဲ့ Sein So Resort ပဲဖြစ်ပါတယ်။

ရန်ကုန်ကနေဆို ၁ နာရီလောက်ပဲကားမောင်းရင် ရောက်ပါပြီ။ သဘာဝရဲ့အရသာကို အပြည့်အဝခံစားရင်း အသားလေးတွေကင်စားလို့လည်းရ ချစ်ခင်သူတွေနဲ့ အမှတ်တရ ဓာတ်ပုံတွေရိုက်ပြီး ပျော်ရွင်စရာအချိန်တွေကို ကုန်ဆုံးနိုင်ပါတယ်။ လာရောက်အနားယူသူ အရေအတွက် ကန့်သတ်ထားတဲ့ အတွက် ကြိုတင် booking လုပ်ပေးရပါတယ်။ 

အသေးစိတ်ကိုတော့ 09-457321389 မှာမေးမြန်းနိုင်ပါတယ်။

Link >> https://cutt.ly/WPalOBN

May be an image of outdoors and tree

၆။ Sunny Cove Private Getaway Resort 

Sunny Cove Private Getaway Resort ကတော့လှည်းကူးဈေးကျော်ပြီး ဖားအောက်တောရကျောင်းကို သွားတဲ့ လမ်းနားလေးမှာ ရှိပါတယ်။ကျယ်ဝန်းတဲ့ ခြံအကျယ်ကြီးထဲက ရေကူးကန်အပြာကြီးပေါ်မှာ Bar နဲ့ ထန်းပင်ကို တွဲရက်ဆောက်ထားတဲ့ ကြိုးတံတားလေးကတော့ ဒီ resort ရဲ့ အသက်ပဲဖြစ်ပါတယ်။ 

အခန်းဈေးနူန်းတွေကတော့ ၇၀၀၀၀/ ၁၄၀၀၀၀ နဲ့ ၂၁၀၀၀၀ ဆိုပြီး ၃မျိုးရှိပါတယ်။ အသေးစိတ်ဆက်သွယ်ချင်သူတွေအတွက် 09 771078786 သို့ဆက်သွယ်နိုင်ပါတယ်။

Link >> https://cutt.ly/iPacd1x

No photo description available.

၇။ ဘူးလယ်အင်း Resort

ဘူးလယ်အင်း Resort ကို ရန်ကုန်မန္တလေးလမ်းမကြီး ပဲခူးအဝနားမှာရှိပါတယ်။ တိတ်တိတ်ဆိတ်ဆိတ်နေရတာ ကြိုက်သူတွေအတွက် နေရာကောင်းလေးဖြစ်ပြီး ပန်းခြံလေးထဲမှာ စက်ဘီးလေးစီးမလား ရေးကူးကန်လေးမှာပဲ ရေစိမ်မလား စိတ်ကြိုက်အပန်းဖြေလို့ရတဲ့နေရာ လေးတစ်ခုပဲဖြစ်ပါတယ် ။ 

ဓာတ်ပုံရိုက်စရာ ရှုခင်းတွေလည်းများတာကြောင့် တနေကုန် ဓာတ်ပုံပတ်ရိုက်နေရင်တောင် ကုန်မယ် မထင်ပါဘူး။ အခန်းဈေးနူန်းတွေ အနေနဲ့ကတော့ ဒေါ်လာ ၉၀၊ ၁၀၀၊ ၁၁၀ ဆိုပြီး ၃မျိုးရှိပြီး အစားအသောက်တွေကလည်း နိုင်ငံခြားသားတွေအကြိုက် ပဲဖြစ်ပါတယ်။ 

Booking တင်ချင်သူတွေအတွက် 09781900009၊ 09761300009 သို့ဆက်သွယ်နိုင်ပါတယ်။

Link >> https://cutt.ly/KPav3Rb

ကဲ…မွန်းကြပ်မူတွေကို စိတ်လွှတ်လက်လွတ် ခဏမေ့ထားပြီး ချစ်ရသူတွေနဲ့ ပျော်စရာအချိန်လေးတွေ ဖန်းတီးနိုင်ကြပါစေနော်။

May be an image of outdoors and tree

⇐ Previous Next

Read 1959 times