 
					ကိုဗစ်ကြောင့် နေမကောင်းဖြစ်လို့ အိမ်တွင်းတစ်ပတ်လောက်ပုန်းပြီးတာနဲ့ အများအားဖြင့် အလုပ်ချင်ဆုံးက
မုန့်တွေပလျှောက်စားချင်စိတ်ပဲဖြစ်မှာပါ။ ပါးစပ်ကလည်း အရသာတွေပျက်နေတာဆိုတော့ အရသာရှိတာလေးတွေ စားချင်နေကြတဲ့ အစားအသောက်သရဲလေးတို့အတွက် လတ်တလော ပေါ်ပြူလာဖြစ်နေတဲ့ဖြစ်နေတဲ့ Street Food ဆိုင်လေး ၅ဆိုင်ကို ဖော်ပြပေးလိုက်တယ်နော်။
ToKi ToKi Takoyaki

Street Food ဆိုတာနဲ့ တော်တော်များများ စားလာကြတာကတော့ Takoyaki ပါပဲ ။ToKi ToKiမှာတော့ Mini Octopus လေးတွေပါတဲ့ Premium Takoyaki က Main Menu ဖြစ်ပြီး ပုစွန်၊ ချိစ်ဘေကွန်၊ ဂဏန်း၊ ရေဘဝဲတို့နဲ့လည်း ရပါတယ်။ Topping Sauce ကလည်း ၆ မျိုးလောက်ရှိတာဆိုတော့ စိတ်ကြိုက်ရွေးယုံပဲနော်။ ဒီဆိုင်မှာတော့ Takoyaki အပြင် ဆူရှီ၊ အကင်တုတ်ထိုး၊ ဖက်ထုပ်နဲ့ပ်နဲ့ ပုစွန်ချောင်းကြော် တွေလည်းရပါသေးတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မနက် ၉နာရီကနေ ည ၇နာရီထိဖြစ်ပြီး လိပ်စာကတော့
ရန်ကင်းလမ်းမပေါ် ၊ ရန်အောင် ၁ လမ်းနှင့် ၂ လမ်းကြား၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း ၀၉-၄၂၁၀၄၁၃၁၂ ကိုဆက်ပြီး deli မှာလို့ရသေးတယ်တဲ့နော်။
Page လေးကိုစပ်စုမယ်ဆိုလည်း ဒီလင့်ကနေကြည့်လို့ရပါတယ် >> https://cutt.ly/LPaTyQV
Black Brother BBQ

ကျောက်မြောင်း၊တာမွေနားမှာနေတဲ့သူတွေ အလုပ်ပြန်တဲ့သူတွေအတွက် အကင်စားချင်ရင်
အစုံအလင်ရှိတာကြောင့် စိတ်ကြိုက်ရွေးစားလို့ရတဲ့ ဆိုင်လေးပါ။ လတ်ဆတ်တဲ့တဲ့ Seafood တွေလည်း အစုံအလင် ရနိုင်တဲ့ဆိုင်လေး ဖြစ်ပါတယ်။ ဈေနူန်းလည်းသင့်တဲ့ အပြင် online delivery နဲ့လည်းမှာစားလို့ရပါတယ်။
ဆိုင်ဖွင့်ချိန်က ညနေ ၄ နာရီကနေ ည ၉ နာရီထိဖြစ်ပြီး deliနဲ့မှာရင်တော့ နေ့လည် ၂ နာရီခွဲကနေ စမှာလို့ရပါတယ်တဲ့။
ဆိုင်လိပ်စာကတော့
အမှတ် ၂၇၆၊ဗညားဒလလမ်း၊ တာမွေ၊ ရန်ကုန် ၀၉-၅၁၈၅၈၂၄, ၀၉-၉၆၆၂၂၆၂၈၉
Page Link လေးကတော့ ဒီမှာပါ >> https://cutt.ly/JPaUFF5
တောသုပ်
 
အခုလို လူတိုင်းနီးပါး ဥမ္မာခင်ဖြစ်ပြီး အရသာပျက်နေချိန်မှာ ချဉ်ချဉ်စပ်စပ်လေးတွေဟာ လူတိုင်သွားရည်ယိုစရာပါ။ တောသုပ် ဆိုင်မှာတော့ မိမိကြိုက်တဲ့ရာသီပေါ် အသီးတွေကို စိတ်ကြိုက်ရွေးပြီး စပ်စပ်လေး သုပ်ခိုင်းလို့ရပါတယ်။ ဒီဆိုင်ရဲ့အသက်ကတော့ အသုပ်ထဲထည့်တဲ့ ငပိပါ။ ခံတွင်းရှင်းပြီး နေခင်းဘက် အပျင်းပြေ ချဉ်ငံစပ်လေးစားချင်ရင်တော့ တဣသိုလ်ရိပ်သာလမ်း YUFL ရှေ့မှာ သွားစားနိုင်ပါတယ်။ ဝေးလို့မသွားနိုင်သူတွေအတွက် Deli နဲ့လည်းရပါတယ်တဲ့။ဆိုင်ဖွင့်ချိန်က ၁၁ခွဲမှ ကနေ ညနေ ၅ နာရီထိပါ။
၀၉-၇၉၁၁၈၀၇၆၁
Page Link လေးမှာ ဝင်ကြည့်ပြီး သွားရည်ကျလို့ရပါတယ်နော် >> https://cutt.ly/cPaAQYY
SOi Thai Boat Noodle

SOi Thai Boat Noodle ကတော့ ဘန်ကောက်ကွေ့တီယို ကြိုက်တဲ့သူတွေအတွက် အရည်သောက်လိုက်တာနဲ့တင် ဘန်ကောက်ကအရသာကို ခံစားရမှာပါ။ ဘန်ကောက် လမ်းဘေးဆိုင်အပြင်အဆင်လေးနဲ့ ထိုင်းသီချင်းလေးလည်း ဖွင့်ထားပေးတဲ့အတွက် ဘန်ကောက်မှာ ကွေ့တီယိုစားနေတယ်ဆိုတဲ့တယ်ဆိုတဲ့ ခံစားမူကိုရစေပါတယ်။ ဆိုင်လိပ်စာလေးက စမ်းချောင်း မြင့်မိုရ်လမ်းမှာတဲ့နော်။
09-450066734မှာ ကြိုတင်မှာယူ ထားနိုင်ပါတယ်။
Menuလေးတွေကြည့်ရင် ဆိုင်ရှင် အချောလေးတွေက်ုလည်း ဒီ Page လေးမှာဝင်ကြည့်လို့ ရတယ်နော် >> https://cutt.ly/bPaDF4q
Nani Mao Cai

နေပြန်ကောင်းခါစ၊ နာလန်ထခါစ သူတွေအတွက်ဆိုရင် စီချွမ်းပြည်နယ်အလယ်ပိုင်းရိုးရာဖြစ်တဲ့ ပူ၊စပ်၊ထုံ၊မွှေး စွပ်ပြုတ်ဟင်းရည်လို့ခေါ်တဲ့ မောက်ချိုက်ပူပူလေးကိုကို စပ်စပ်လေးစားလိုက်မယ်ဆိုရင် ချက်ချင်နေးနေထိုင်ကောင်းသွားသလို ခံစားရမှာပါ။ ရွေးချယ်စရာအသားလုံးတွေ များတာကြောင့် ကြိုက်တာကိုရွေးပြီး ထညိ့ချက်ခိုင်းလို့ရပါတယ်။ နေ့လည် ၂ နာရီကျော်ကနေ စဖွင့်ပြီး ဆိုင်နာမည်လေးကတော့ Nani Mao Cai(နနီမောက်ချိုင်) လို့ခေါ်ပါတယ်။လိပ်စာကတော့ စဉ့်အိုးတန်းလမ်း(အထက်) ဝင်ဝင်ချင်း ဗန္ဓုလထိပ်နားမှာဖြစ်ပါတယ် ။
မိမိ စိတ်ကြိုက် street Food လေးတွေစားရင်း ဥမ္မာခင်ကို ကာကွယ်ကြပါစို့။
Read 3282 times