Things To Do

Within & Beyond Exhibition: Reimagining Art Across Distances

Within & Beyond Exhibition: Reimagining Art Across Distances

Goethe-Institut Myanmar ရဲ့ ဇူလိုင်လမှာ စတင်ခဲ့တဲ့ Within and Beyond: Reimaging Art Across Distances စီမံကိန်းဟာ ယခုအချိန်မှာတော့ အနုပညာရှင်များရဲ့ လက်ရာများကို ကြည့်ရှုနိုင်ပြီဖြစ်ကြောင်း MY Yangon Guide က ပြန်လည်မျှဝေလိုက်ပါတယ်။  

 

ဒီစီမံကိန်းမှာ မြန်မာနဲ့ ကမ္ဘာနိုင်ငံအနှံ့အပြားက မြန်မာအနုပညာရှင်တွေပါ၀င်ခဲ့ကြပြီး (၆) တာအတွင်း မြန်မာအနုပညာရှင်များနဲ့ curator များ အတူတကွ ဆွေးနွေးမှုများ၊ နှီးနှောဖလှယ်မှုများကနေ ထွက်ပေါ်လာတဲ့ လက်ရာတွေကို Goethe-Institut Myanmar ရဲ့ ပြပွဲခန်းမမှာ အောက်ပါအစီအစဉ်အတိုင်း ပြသသွားမှာဖြစ်ပါတယ်။

 

ဒီပြပွဲမှာအကွာအ၀ေး နှင့် အဆက်အသွယ်ပြတ်(တောက်)ခြင်းဟူသည့်စကားရပ်၊ အကွာအ၀ေးတွေမှ ဖြစ်ပေါ်လာသော၊ အကွာအ၀ေး နှင့် အဆက်အသွယ်ပြတ်တောက်မှုတွေကြောင့် သက်ရောက်စေသော၊ ပြောင်းလဲစေသော၊ အကွာအ၀ေးများအကြားက ချိတ်ဆက်မှု၊ အကွာအ၀ေးများခြားနားသည့်ကြားက ထိစပ်မှု၊ နားလည်နိုင်မှု၊ ခံစားနိုင်မှုနှင့် အကွာအ၀ေးကြောင့် ဖြစ်ပေါ်လာသော ထပ်တူညီမှုနှင့် ခြားနားမှုများ၊ အစရှိသည်တို့ကို ထင်ဟပ်သည့် အနုပညာလက်ရာများကို ကြည့်ရှုခံစားနိုင်မှာပါ။

 

ပြပွဲအသေးစိတ်

နေရာ။ Goethe-Institut Myanmar  (ပြပွဲခန်းမ)

အနုပညာရှင်များစွာရဲ့ လက်ရာများကို တင်ဆက်ပြသသွားပါမည်။

Within & Beyond Exhibition

ဖွင့်ပွဲအခမ်းအနား

နေ့ရက်။ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်

အချိန်။ ညနေ :၀၀နာရီ မှ :၃၀ နာရီ

 

ပြပွဲရက်များ

နေ့ရက်။ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက် မှ ၁၈ ရက်ထိ

အချိန်။ နေ့စဉ် နံနက် ၁၀:၀၀ နာရီမှာ ညနေ :၀၀ နာရီထိ

(မှတ်ချက်။ တနင်္ဂနွေနေ့တွင် ပြပွဲပိတ်ပါသည်။)

 

⇐ Previous Next

Read 29 times