Things To Do

Yangon Intl Trade Expo 2025

Yangon Intl Trade Expo 2025

ရန်ကုန်မြို့ရဲ့ အကြီးမားဆုံးနဲ့ အခမ်းနားဆုံးသော Yangon Intl Trade Expo 2025 လာပါပြီ။

ရန်ကုန် နိုင်ငံတကာ ကုန်စည်ပြပွဲကြီးမှာ နိုင်ငံတကာမှ ထုတ်ကုန်များနဲ့ နည်းပညာ တိုးတက်မှုအသစ်များကို တစ်နေရာထဲမှာ စုစည်းတင်ဆက်ပြသသွားမှာပါ။ ကျင်းပမဲ့နေရာက Yangon Convention Center ၊ ကျင်းပမဲ့နေ့ရက်နဲ့ အချိန်များက 14-16 November 2025 (9AM to 5PM) တို့ ဖြစ်ပါတယ်။

 Yangon Intl Trade Expo 2025

ရန်ကုန်နိုင်ငံတကာကုန်စည်ပြပွဲ ၂၀၂၅ ပြပွဲကြီးမှာဆိုရင် လယ်ယာသုံး စက်ယန္တရားများဖြစ်တဲ့ ထွန်စက်များ၊ ဆန်စက်များ၊ ဆီစက်များ နှင့် မြေဩဇာများ၊ ထုတ်ပိုးမှု စက်ယန္တရားများ၊ ကုန်စည်ပို့ဆောင်ခြင်းနှင့် သိုလှောင်ခြင်း၊ အအေးခန်းသိုလှောင်ခြင်းဆိုင်ရာလုပ်ငန်းများ၊ Renewable Energy Technology, Solar Panel, Battery, Inverters & Transformer များ၊ ဓာတ်ဆီ၊ ဒီဇယ်များနှင့် CNG Generatorများ၊ Auto, Saloon နှင့် ဘတ်စ်ကား၊ ထရပ်ကားများ၊ EV ကားများ၊ EV Cycle များ နှင့် အော်တိုအပိုပစ္စည်းများနှင့်တကွ အမျိုးမျိုးစုံလင်သော Information Technologyများ၊ POS, Hardware, Software Computerများ၊ Monitorများ၊ Printerများ၊ CCTV နှင့် Access Control Office Automation များကို ဝင်ကြေးအခမဲ့ဖြင့် သွားရောက်လေ့လာ ကြည့်ရှုနိုင်ပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာနယ်ပယ်အသီးသီးက ပညာရှင်များရဲ့ ဟောပြောဆွေးနွေးပွဲများကို တက်ရောက် ကြည့်ရှု နားထောင် နိုင်မဲ့ အခွင့်အရေးလည်း ရှိတာဖြစ်လို့ ရန်ကုန်နိုင်ငံတကာကုန်စည်ပြပွဲ ၂၀၂၅ ပြပွဲကြီးအကြောင်း MY Yangon Guide ကနေပြီး ပြန်လည်မျှဝေပေးလိုက်ပါတယ်။

 Yangon Intl Trade Expo 2025

Event Detail

Yangon Intl Trade Expo 2025

Location - Yangon Convention Center

Date – 14 November 2025 to 16 November 2025

Time – 9 AM to 5 PM

 

⇐ Previous Next

Read 61 times