Things To Do

လာမယ့် ၂၀၂၅ ခုနှစ်မှာ ပျောက်ကွယ်သွားနိုင်တဲ့ ထုတ်ကုန်ပစ္စည်း ( ၁၄ ) ခု

14 products that could disappear In 2025

နည်းပညာတွေ အလျင်အမြန် တိုးတက်လာနေတဲ့ ယနေ့ခေတ်မှာ Traditional ကနေ Digital ကို တစ်စစ ကူးပြောင်းလာတဲ့ အလျောက် အချို့သော ထုတ်ကုန်ပစ္စည်းတွေဟာလည်း နည်းပညာနဲ့ အစားထိုးခံရပြီး တစ်ဖြည်းဖြည်း ပျောက်ကွယ်သွားနိုင်ပါတယ်။

လာမယ့် ၂၀၂၅ ခုနှစ်မှာ ဘယ်လိုထုတ်ကုန် ပစ္စည်းမျိုးတွေ အသုံးမပြုဖြစ်တော့ပဲ ပျောက်ကွယ်သွားနိုင်မလဲ ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

၁။ သတင်းစာစောင်နဲ့ ဂျာနယ်များ၊ မဂ္ဂဇင်းများ၊ ရည်ညွှန်းစာအုပ်များ

ဘယ်သူမဆို အင်တာနက်ကို အသုံးပြုပြီး သတင်းအချက်အလက်တွေကို အချိန်နဲ့ တပြေးညီ သိရှိနိုင်တာကြောင့် ဖြစ်ပါတယ်။

၂။ မြေပုံစာရွက်တွေနဲ့ GPS devices များ

အင်တာနက်ကို အသုံးပြုပြီး Google Maps နဲ့ သင်သွားလိုရာကို သွားလာလို့ ရနေပါပြီ။ အရင်လို စာရွက်တွေ ဖြန့်ကြည့်နေစရာ မလိုတော့ပါဘူး။

၃။ ကင်မရာများ

အခုခေတ်အခါမှာ ဖုန်းတွေရဲ့ ကင်မရာကို အဆင့်မြှင့်တင်ပြီး ထုတ်လုပ်လာတာကြောင့် ဖြစ်ပါတယ်။ ဖုန်းတွေရဲ့ ကင်မရာအရည်အသွေးဟာ ကင်မရာတွေကို ယှဉ်ပြိုင်နိုင်နေပါပြီ။

၄။ Hard drives တွေနဲ့ စတစ်များ

အခုနောက်ပိုင်း Cloud တွေ ခေတ်စားလာတာကြောင့် ဘယ်သူမှ Hard drives တွေနဲ့ စတစ်တွေကို ထဲထဲဝင်ဝင် အသုံးမပြုကြတော့ပါဘူး။

၅။ စာရွက်တွေနဲ့ Fax များ

အခုခေတ်အခါမှာ စာရွက်အသုံးပြုတဲ့သူဟာ တော်တော်လေးကို နည်းသွားပါပြီ။ အားလုံးက အီးမေးလ်၊ Google Doc၊ Word စတာတွေကို အသုံးပြုလာကြပါတယ်။

၆။ ဘေလ်ပေးချေမှုများ

ဘဏ်တွေကနေတစ်ဆင့် Online Bill Payment တွေ စတင် လုပ်ဆောင်နေကြပါပြီ။

၇။ CD များ၊ DVD များ

ဘယ်သူမှ အခွေဝယ်ပြီး မကြည့်တော့ပါဘူး၊ Netflix ကနေ ကြည့်တာမျိုး၊ အွန်လိုင်းကနေ ရှာပြီး ကြည့်တာမျိုးပဲ လုပ်လာကြပါပြီ။

၈။ ဂဏန်းပေါင်းစက်၊ နာရီနဲ့ Alarm clocks များ

ဖုန်းတွေက သူတို့နေရာမှာ အစားထိုး ဝင်ရောက်ခဲ့တာ ကြာပါပြီ။ အဲဒါတွေကို တကူးတက ဝယ်သုံးသူ မရှိသလောက်ပါပဲ။

၉။ အများပြည်သူသုံး တယ်လီဖုန်းတွေနဲ့ ခလုတ်ဖုန်းများ

မိုဘိုင်းဖုန်းတွေ ပေါ်လာပြီး နောက်ပိုင်းမှာ တစ်ဖြည်းဖြည်း မမြင်ရတော့သလောက်ပါပဲ။

၁၀။ ကြိုးပါတဲ့ Earphone များ၊ Charger cables များ

ခုနောက်ပိုင်း Bluetooth နဲ့ ချိတ်ဆက် အသုံးပြုတဲ့ Earphone တွေကို လူတွေ ကြိုက်နှစ်သက်ကြပါတယ်။ ကြိုးမဲ့ အားသွင်းကြိုးတွေကိုလည်း ဖုန်းတွေ အပြိုင်အဆိုင် ထုတ်လာကြပါပြီ။

၁၁။ အဝေးထိန်း Remote များ

ဖုန်းတွေနဲ့ ထိန်းချုပ်လာနိုင်တဲ့ အခုခေတ်အခါမှာ Remote ပျောက်လို့ လိုက်ရှာနေရမျိုး ရှိတော့မှာ မဟုတ်ပါဘူး။

၁၂။ ကားသော့များ

ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက BMW က ကားပိုင်ရှင်တွေအတွက် သော့သုံးစရာ မလိုအောင် App တစ်ခု မိတ်ဆက်ခဲ့ပါတယ်။ ဖုန်းရှိရုံနဲ့ အဆင်ပြေပါပြီ။

၁၃။ Paper receipts များ

အခုဆိုရင် Grab နဲ့ ဘဏ်တစ်ချို့ အသုံးပြုလာတာ တွေ့ရပါတယ်။ ချလန်ကို E-Receipts အနေနဲ့ အီးမေးလ်ပို့ပေးတာမျိုးပါ။

၁၄။ ချက်လက်မှတ်များ

Paper receipts များနည်းတူပဲ Online Banking တွေ ထွက်ပေါ်ပြီးတဲ့နောက်မှာ ချက်လက်မှတ်တွေကို အလုပ်ရှုပ်ခံပြီး သိပ်အသုံးမပြုကြတော့ပါဘူး။

အခြားဘယ်လို ထုတ်ကုန်ပစ္စည်းတွေရော ပျောက်ကွယ်သွားနိုင်တယ်လို့ သင် ထင်ပါသလဲ…?

⇐ Previous Next

Read 1617 times