Entertainment

၂၀၂၀ ခုနှစ် အတွင်းထွက်ရှိထားသော စာအုပ်များအနက်အကောင်းဆုံး စိတ်ဓာတ်ခွန်အားပေးစာအုပ် (၇) အုပ်

(7) Motivational books to read

စာအုပ်စာပေချစ်မြတ်သူတို့အတွက် ၂၀၂၀ ခုနှစ်အတွင်း ထွက်ရှိခဲ့သော စာအုပ်များအနက် အကောင်းဆုံး စိတ်ဓာတ်ခွန်အားပေးစာအုပ် ၇ အုပ်ကို ဖောိပြပေးလိုက်ပါသည်။ 

၁။ စာဖတ်ကျွမ်းခြင်းဖြင့် ဘဝတိုးတတ်ရေး - ဇင်သန့် 

ယခုစာအုပ်သည် လူငယ်တွေအတွက် အဓိကထား၍ ထုတ်လုပ်ထားခြင်းဖြစ်သည်။ များသောအားဖြင့် လူတိုင်းက ငယ်စဉ်က စာတတ်မြောက်အောင် သင်ကြားခဲ့ရသော်လည်း စာဖတ်ခြင်းကို ကြိုက်နှစ်သက်ခြင်း (သို့) စာဖတ်ကျွမ်းကျင်မှုကို တတ်မြောက်အောင် သင်ကြားခွင့် မရခဲ့ခြင်းအကြောင်းကို စာရေးဆရာ Nicholas Schaffizin မှ Reading Smart ဟူသောအမည်ဖြင့် စာအုပ် ထုတ်ပြန်ထားပြီး ၎င်းစာအုပ်ကို ဆရာဇင်သန့်မှ  စီလျော်အောင် ဘာသာပြန်ထားသောကြောင့် မဖြစ်မနေ ဖတ်သင့်သော စာအုပ်တစ်အုပ် ဖြစ်ပါသည်။ 

၂။ အောင်မြင်ရေးဖြတ်လမ်း - ကျော်ရင်မြင့် 

ဤစာအုပ်သည် စီပွားရေးနှင့် အနုပညာနယ်နယ်ပယ်တွင် အချိန်တိုတွင်း အောင်မြင်သွားသောသူ  ၂၂ ဦး၏ ဘဝဖြတ်သန်းမှု အကြောင်းကို နမူနာယူ ရေးသားထားသော စာအုပ်တစ်အုပ် ဖြစ်သည်။ စာအုပ်တွင်ပါဝင်သော ၂၂ ဦးမှာ ယူဒီဦးခင်မောင်ဝင်း၊ စွမ်းအားအီလက်ထရောနစ် ဦးအောင်ဇော်ဝင်း၊ ပန်းချီရာဟုလာ၊ အောင်သမာဓိ ရွှေလုပ်ငန်း ဦးအောင်ဆန်းဝင်း နှင့် တခြားအောင်မြင်နေသူ ၁၈ ‌ဦးပါဝင်သည်။ ထိုစာအုပ်သည် အောင်မြင်မှု လမ်းကြောင်းရှာဖွေနေသူများအတွက် အထောက်အကူပြုမည့်စာအုပ်တစ်ခုလဲဖြစ်ပါသည်။ 

၃။ ဘ၀စာမျက်နှာများ ၁ + ၂ - နိုင်ဝင်းဆွေ 

ယခုစာအုပ်သည် ဘဝကို ခက်ခဲစွာဖြတ်သန်း ခဲ့ရသော ဇာတ်ကောင်များဖြင့် ဖွဲံ့စည်းထားသော ဝထ္ထုတို ၁၂ ခုကို စုစည်းထားသော စာအုပ်ဖြစ်သည်။ ပါဝင်သောဝထ္ထုတိုများမှာ ပြဇာတ်ကရာတွင် ဝါသနာကြီးသော မင်းသားကြီး ကိုတင်ဖေ နှင့် မယမုံ၏ နောက်ဆုံးဝထ္ထု တို့ပါဝင်ပြီး တခြားသော ခက်ခဲကြမ်းတမ်းသော ဘဝများအကြောင်း ရေးသားထားသည့် ဝထ္ထုများပါဝင်သည်။ ဘဝစာမျက်နှာများစာအုပ်သည် မိမိဘဝတွင်အခက်အခဲများ ကြုံတွေ့ လာရသည့်အခါ စိတ်ဓာတ်ခွန်အားကို တစ်ဖက်တစ်လမ်းမှ အားပေးနိုင်သော စာအုပ်တစ်အုပ်လဲ ဖြစ်ပါသည်။ 

၄။ သင်စိတ်ကိုသင်ပိုင်နည်း - ဂျွန် (မြန်မာပြန်) 

Napoleon Hill ၏ How to Own Your Own Mine ကို ဂျွန်(မြန်မာပြန်) မှ သင်စိတ်ကိုသင်ပိုင်နည်း ဟူသောအမည်ဖြင့် ထုတ်ပြန်ထားသော ဘာသာပြန်စာအုပ် တစ်အုပ်ဖြစ်သည်။ ချမ်းသာကြွယ်ဝခြင်း အခြေအနေသို့ရောက်ရှိရန် ကြိုတင်ပြင်ဆင်ရမည့် အချက်များကို အဓိကထား ရေးသားထားခြင်း ဖြစ်သည်။ စဥ်းစားတွေခေါ်မှုဆိုင်ရာ အကြောင်းအရာများ အဓိကပါဝင်သည့် အတွက်ကြောင့် ဖတ်ရှုလေ့လာသင့်သည့် စာအုပ် တစ်အုပ်ဖြစ်ပါသည်။ 

၅။ ငယ်ရွယ်လှသောအနာဂါတ် - မိုးမင်းသိမ်း 

ဤစာအုပ်သည် ဂျက်မား၏ စွန့်ဦးတည်ထွင်မှု လုပ်ငန်းစဥ်ခရီးတစ်လျှောက် ဟောပြောချက်များကို မိုးမင်းသိန်းမှ စီလျော်အောင် ဘာသာပြန်ပေးထားသော စာအုပ်တစ်အုပ်ဖြစ်သည်။ စီပွားရေးလုပ်ငန်းခွင် အတွင်း အောင်မြင်ရန်ကြိုးစားနေကြသည့် သူတိုင်းအတွက် စိတ်ခွန်အားတိုးတတ်စေရန် ရေးသားထားသော စာအုပ် တစ်အုပ်ဖြစ်ပါသည်။ စီးပွားရေးနယ်ပယ်တွင် အောင်မြင်အောင် လမ်းပြပေးရုံသာမက အနာဂါတ်မှာ ပြောင်းလဲလာမဲ့ စီးပွားရေးလောက အတွက် ပြင်ဆင်ရန် အချက်များကိုပါ ရေးဖွဲ့ပေးထားသောကြောင့် ဖတ်ရှုသင့်သော စာအုပ်တစ်အုပ် ဖြစ်ပါသည်။ 

၆။ စိတ်တည်ငြိမ်မှုဖြင့် ဘဝအောင်မြင်ရေး - တင်စိန် (ပထဝီ) 

ယခုဖော်ပြထားသော စာအုပ်သည်လဲ Haemin Sunim ရေးသားထားသော The Thing You Can See When You Slow Down ဟူ၍ထုတ်ပြန်ထားသောစာအုပ်ကို တင်စိန် (ပထဝီ) မှ စိတ်တည်ငြိမ်မှုဖြင့် ဘဝအောင်မြင်ရေး ဟု စီလျော်အောင်ဘာသာပြန်ကာ ထုတ်ဝေခဲ့သည်။ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဘယ်လိုဖြတ်သန်းမလဲ ဟူသောခေါင်းစဥ်ကို အမှီပြု၍ ရေသားထားသည်။ တချို့သောအကြောင်းအရာများသည် မြန်မာနိုင်ငံတွင်းမှ လူတချို့ နှင့် သဘောထားကွဲလွဲနေနိုင်သော်လည်း အများစုမှာ စိတ်ခွန်အားဖြစ်စေနိုင်သော အကြောင်းအရာများဖြစ်သည့် အတွက် ဖတ်ရှုသင့်သောစာအုပ်များထဲမှ တစ်အုပ်အပါအဝင်ဖြစ်ပါသည်။ 

⇐ Previous Next

Read 2564 times