Technology

ဖုန်းဝယ်ဖို့ စဥ်းစားနေတဲ့သူတွေအတွက် ဈေးသက်သာပြီး သုံးလို့ကောင်းမယ့် ဖုန်း (၅) မျိူ

(5) brands that perform well with the low prices

ဖုန်းဝယ်တဲ့အခါ ဈေးကြီးပေးဝယ်ရတဲ့ ဖုန်းတွေကသာ အကောင်းဆုံး မဟုတ်ပါဘူး။ အဲ့ဒါကြောင့် ဖုန်းဝယ်တဲ့အခါ မိမိအသုံးပြုလိုတဲ့ Function တွေအပေါ် မူတည်ပြီး ရွေးချယ်ဝယ်ယူသင့်ပါတယ်။ 

(၂၀၂၀) ခုနှစ် အစောပိုင်းနဲ့ (၂၀၁၉) နှောင်းပိုင်းလောက်က ထွက်ရှိခဲ့တဲ့ ဖုန်းတွေထဲကမှ နာမည်ကြီး လူကြိုက်များတာတွေ အများကြီး ရှိပါတယ်။ ဒီထဲကမှ ဈေးသက်သာပြီး သုံးလို့ကောင်းမယ့် ဖုန်းအမျိုးအစားတစ်ချို့ကို အောက်မှာ ဖော်ပြပေးထားပါတယ်။ 

Xiaomi Mi 9T 

Xiaomi Brand ကတော့ ဈေးသင့်တဲ့ ဖုန်းအမျိုးအစားတွေကို ထုတ်လုပ်နေတဲ့ ကုမ္ပဏီတွေထဲကမှ လူကြိုက်များပြီး နာမည်ရနေတဲ့ Brand တစ်ခု ဖြစ်ပါတယ်။ ယခုပြောပြပေးမယ့်  Xiaomi ကုမ္ပဏီမှ Mi9T ကို (၂၀၁၉) တုန်းက တရုတ်နိုင်ငံမှာ စတင် မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။

AMOLED ဖြစ်ပြီး ယခင်ဖုန်းတွေမှာ ပါဝင်ခဲ့တဲ့ Norch ကတော့ ယခု Mi9Tမှာ မပါဝင်တော့ပါဘူး။ Norch မပါဝင်တာမို့ Selfie Camera ကတော့ Pop-up Design ဖြစ်သွားပါတယ်။ ဒါ့အပြင် Ram ကလည်း 6GB ပါဝင်ပါတယ်။ စတင်ထွက်ရှိတုန်းက ဈေးနှုန်းအားဖြင့် (၄)သိန်းကျော် ရှိခဲ့ပေမယ့် အခုအချိန်မှာတော့ (၃) သိန်းကျော်ဝန်းကျင်နဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

Real Me 6 

Real Me 6 ဖုန်းကတော့ Screen Size ကလည်း (၆.၅) လက်မနဲ့ Full Display ရှိတဲ့ ဖုန်းတစ်လုံး ဖြစ်ပါတယ်။ ကင်မရာ (၄) လုံးပါဝင်တဲ့အပြင် (64) MHz စီရှိတာမို့ ကင်မရာ Quality အရလည်း စိတ်ကျေနပ်စရာ  ဖြစ်စေမှာပါ။ Sim Card (၂) ခု အသုံးပြုနိုင်ပြီး Battery ကလည်း အကောင်းဆုံး Back-Up ပေးနိုင်တာမို့ Game ဆော့တဲ့သူတွေ အဖို့ အကြိုက်တွေ့မယ့် ဖုန်းတစ်လုံး ဖြစ်ပါတယ်။ 

Real Me 6 ကိုတော့ ယခုနှစ် မတ်လပိုင်းမှာ စတင်ထွက်ရှိခဲ့တာ ဖြစ်ပြီး စစထွက်ခြင်း ဈေးနှုန်းအနေနဲ့ (၄) သိန်းကျော် ပတ်ဝန်းကျင် ရှိခဲ့ပေမယ့် အခုအချိန်မှာ ဝယ်ယူမယ်ဆိုရင်တော့ (၃)သိန်းကျော်သာ ကျသင့်တော့မှာပါ။ 

Samsung A20e 

ဒီဖုန်းက Samsung ကနေ ဖြန့်ချီထားတဲ့ ဖုန်းတွေထဲမှာ ဈေးအသက်သာဆုံး ဖုန်းအမျိုးအစားတစ်ခု ဖြစ်ပါတယ်။ Samsung A20e မှာ အနောက် Camera နှစ်လုံး ပါဝင်ထားပြီး Finger-Reader System ကိုလည်း ဖုန်းရဲ့ အနောက်ဘက်မှာ ထည့်သွင်းပေးထားပါတယ်။ Wider View Camera Len ပါဝင်တာမို့ ဓာတ်ပုံရိုက်တဲ့အခါ အရင်က ထွက်ရှိခဲ့တဲ့ Galaxy ဖုန်းတွေနီးပါး ပုံထွက်ကောင်းတာကို တွေ့ရပါတယ်။  Samsung ကုမ္ပဏီကတော့ ဒီဖုန်းကို Budget ဖုန်းအမျိုးအစား တစ်ခုအနေနဲ့ ထုတ်ဝေခဲ့တာ ဖြစ်တာကြောင့် Ram 4GB သာ ထည့်သွင်းထားပါတယ်။ 

(၂၀၁၉) ခုနှစ်က ထွက်ရှိခဲ့တာ ဖြစ်ပြီး စတင်ရောင်းချကတည်းက လူကြိုက်များတဲ့ ဖုန်းတစ်လုံး ဖြစ်ခဲ့ပါတယ်။ ဈေးနှုန်းကတော့ (၃)သိန်း ဝန်းကျင်နဲ့ စတင်ရောင်းချခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ ငွေကျပ် (၂) သိန်းကျော်သာ ကျသင့်တော့မှာ ဖြစ်ပါတယ်။ 

Apple iPhone SE 

iPhone SE ဟာ Apple ကနေ နောက်ဆုံးအနေနဲ့ ထွက်ရှိထားတဲ့ Model တစ်ခုပဲ ဖြစ်ပါတယ်။ ထွက်ရှိခဲ့သမျှ iPhone အမျိုးအစားတွေထဲက ဈေးအနည်းဆုံးလည်း ဖြစ်ပါတယ်။ (၂၀၁၈) ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Iphone 8  ရဲ့ Design နဲ့ ဆင်တူပုံစံ ထုတ်လုပ်ထားတာ ဖြစ်ပြီး ဈေးနှုန်းကတော့ Iphone 8 ထက် ပိုမိုသက်သာတာကို ‌တွေ့ရမှာပါ။ Camera ပိုင်းမှာ သိသိသာသာ ကောင်းမွန်တဲ့အပြင် (၄.၇) လက်မ အရွယ်ထုတ်လုပ်ထားတာ ဖြစ်တဲ့အတွက် သယ်ဆောင်ရ လွယ်ကူစေပါတယ်။ 

(၂၀၂၀) အစောပိုင်းကတည်းက ထွက်ရှိထားတဲ့ iPhone SE ဟာ ဈေးနှုန်းအားဖြင့် (၂) သိန်းဝန်းကျင်သာရှိတာမို့ ဈေးသက်သာပြီး သုံးလို့ကောင်းမယ့် ဖုန်းအမျိုးအစားတစ်မျိုး ဖြစ်ပါတယ်။ 

⇐ Previous Next

Read 4269 times