Health & Beauty

Sensitive Skin တွေအတွက် ရွေးချယ်အသုံးပြုသင့်တဲ့ Cleanser (၄) မျိုး

4 Cleansers to Choose for Sensitive Skin

Cleanser ဆိုတာက မိတ်ကပ်တွေ ဖျက်တဲ့အခါမျိုး၊ မျက်နှာ အရေပြားပေါ်မှာရှိတဲ့ ဆဲလ်အသေတွေ၊ အဆီတွေကို ဖယ်ရှားပေးပြီး ချွေးပေါက်တွေကို သန့်ရှင်းစေတဲ့အပြင် ဝက်ခြံထွက်တာမျိုးတွေကို ကာကွယ်ပေးတဲ့ Skin Care Product တစ်မျိုးပဲ ဖြစ်ပါတယ်။

ကိုယ်နဲ့မတည့်တဲ့ Skin Careတွေကို သုံးမိပြီဆိုရင် Allergic ဖြစ်တာ၊ ယားယံတာ၊ ဒီထက်ဆိုးရင် မျက်နှာပျက်စီးတာ စတာတွေအထိ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် Cleanser သုံးတဲ့အခါ မိမိရဲ့ အသားအရည်နဲ့ ကိုက်ညီတဲ့ Cleanser  တွေကိုပဲ ရွေးချယ် အသုံးပြုသင့်ပါတယ်။

ဒီမှာတော့ Sensitive ဖြစ်တဲ့ အသားအရည်ရှိတဲ့ သူတွေနဲ့ကိုက်ညီတဲ့ Cleanser တွေကို ဖော်ပြပေးသွားမှာပါ။ 

 

CeraVe Foaming Face Cleanser 

 

 

ဒီ Cleanser လေးကတော့ အဆီပြန်တဲ့ အသားအရည်တွေ၊ ဝက်ခြံပေါက်တာများတဲ့ လူတွေအတွက် အထူးသင့်တော်ပါတယ်။ မျက်နှာက ရေဓာတ်ကိုထိန်းသိမ်းပေးပြီး တစ်နေကုန် စိုပြေနေစေမှာပါ။

 

Cetaphil  Gentle Skin Cleanser

 

ဒီဟာလေးကတော့ အသားအရည်ခြောက်တဲ့သူတွေ၊ ရေဓာတ်နည်းတဲ့သူတွေအတွက် အထူးသင့်လျော်ပါတယ်။ သုံးပြီးသွားတဲ့အချိန်မှာလည်း အသားရည်ကို ချောမွေ့စေပြီး fresh ဖြစ်နေစေမှာပါ။ 

 

L’oreal Men Expert Volcano Red Foam 

 

 

ဒီတစ်ခုကတော့ အမျိုးသားတွေအတွက်ပါ။ မျက်နှာ အဆီပြန်လွန်းတဲ့သူတွေ၊ အပေါက်တွေ ဖြစ်နေတာတွေကိုလည်း အမြန် ပျောက်ကင်းစေပါတယ်။

 

Nivea Extra White Repair Pore Minimiser Foam

 

 

ဒီဟာလေးကတော့ မျက်နှာမှာကျန်နေတဲ့ မိတ်ကပ်အကြွင်းအကျန်တွေ၊ အညစ်အကြေးတွေကို အလွယ်တကူ ဖယ်ရှားသန့်စင်ပေးမှာပါ။ ဒီ Cleanser သုံးပြီးသွားရင် တောက်ပနေတဲ့ အသားရည်လေးကိုလည်းရရှိစေမှာပါ။

⇐ Previous Next

Read 2362 times