Things To Do

ကိုရီးယားစာကို အခမဲ့ လေ့လာသင်ယူနိုင်မယ့် ဝက်ဘ်ဆိုက်ဒ် (၅) ခု

5 Free Websites For Learning Korean Language

ဘာသာစကားအသစ်တစ်ခု တက်မြောက်ခြင်းဟာ နိုင်ငံတကာ အလုပ်အကိုင်အခွင့်အလမ်းတွေအထိ တိုးဖောက်ဖို့ အဓိက လိုအပ်တဲ့ ကျွမ်းကျင်မှုဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာတော့ ကိုရီးယားမှာ ကျောင်းသွားတက်ဖို့ဖြစ်ဖြစ်၊ အလုပ်သွားလုပ်ဖို့ဖြစ်ဖြစ် ဒါမှမဟုတ် အားတဲ့အချိန်လေးမှာ ဘာသာစကားအသစ်တစ်ခုကို လေ့လာချင်လို့ဖြစ်ဖြစ်၊ ကိုရီးယားဇာတ်လမ်းတွေကို အဓိပ္ပါယ် နားလည်ချင်လို့ဖြစ်ဖြစ် ကိုရီးယားသီချင်းတွေကို ပီပီသသ လိုက်ဆိုနိုင်ဖို့အတွက်ဖြစ်ဖြစ် ဖုန်းနဲ့ အင်တာနက်ရှိရင်ကို ကိုရီးယားစာ အလွယ်တကူ သင်ယူနိုင်မယ့် အခမဲ့ ဝက်ဘ်ဆိုက်ဒ် (၅) ခုကို မျှဝေပေးထားပါတယ်။   

Advertisement

Click Here > YTSB

၁။ Talk to me

သူ့ဆီမှာ ကိုရီးယားစကားကို အခုမှ စလေ့လာမယ့် Beginner အဆင့်ကနေစပြီး Intermediate နဲ့ Advanced Level အထိ သက်ဆိုင်တဲ့ သင်ကြားရေးဗီဒီယိုတွေ၊ အသံဖိုင်တွေ ရှိပါတယ်။ ကိုယ်အားတဲ့အချိန် လိုင်းလေးဖွင့်ပြီး လေ့လာလို့ ရပါတယ်။ 

https://shorturl.at/oqBCV

၂။ KoreanClass 101

ကိုယ့်ရဲ့ Email ကို ဝက်ဘ်ဆိုက်ဒ်မှာ ရိုက်ထည့်လိုက်တာနဲ့ တစ်သက်တာ အခမဲ့ပေးတဲ့ သင်ခန်းစာပေါင်း ရာကျော်ကို ကိုယ်လေ့လာလိုတဲ့ Level အလိုက် စတင် လေ့လာလို့ရပါပြီ။ 

> https://shorturl.at/bkEU1

၃။ Learn Korean in just 5 minutes a day (Duolingo)

သင့်အနေနဲ့ တစ်နေ့ကို အချိန် ၅ မိနစ်ပဲ ပေးရုံနဲ့ ကိုရီးယားစာ လေ့လာနိုင်မှာ ဖြစ်ပါတယ်။ Dulingo မှာက ကိုရီးယားဘာသာစကားတင်မဟုတ်ဘဲ အင်္ဂလိပ်၊ ဂျပန်၊ တရုတ်အပြင် တခြား ဘာသာစကား အမျိုး (၄၀) ကျော်လောက်ကို အခမဲ့ လေ့လာလို့ ရပါတယ်။ 

https://www.duolingo.com/course/ko/en/Learn-Korean

၄။ LingoHut

သင်ခန်းစာ (၁၂၅) ခုလုံးကို အခမဲ့ သင်ယူနိုင်မယ့် ဝက်ဘ်ဆိုက်ဒ် ဖြစ်ပါတယ်။ LingoHut ကနေတဆင့် တကယ်အသုံးဝင်တဲ့ ကိုရီယား အခေါ်အဝေါ်တွေ၊ စကားစုတွေ၊ အပြောစကားတွေကို သင်ယူနိုင်မှာပါ။

https://www.lingohut.com/en/l64/learn-korean

၅။ How to study Korean 

Beginner တွေအတွက်ဆို ဗျည်း/သရ အသံအထွက်တင်မဟုတ်ဘဲ ရေးပုံရေးနည်းကအစ သင်ပြပေးပါတယ်။ လောလောဆယ် ယူနစ် (၈) ခုနဲ့ သင်ခန်းစာပေါင်း (၁၅၀) ကျော်ရှိပါတယ်။ သင်ခန်းစာအသစ်တွေကို အမြဲ အပ်ဒိတ်တင်ပေးလျက်ရှိတဲ့ ဝက်ဘ်ဆိုက်ဒ်လည်းဖြစ်ပါတယ်။

https://www.howtostudykorean.com/

ကိုရီးယားလူမျိုး ဆရာတွေကိုယ်တိုင် သင်ကြားပေးတဲ့ ၀က်ဘ်ဆိုက်ဒ်တွေ ဖြစ်တာကြောင့် လေယူလေသိမ်း၊ အသံထွက်တွေကအစ သေချာလေး လိုက်နားထောင်ပြီး လေ့ကျင့်မယ်ဆိုရင်တော့ ကိုရီးယားစကားကို အခြေခံ ရေးတတ်၊ ဖတ်တတ်၊ ပြောတတ်တဲ့ အဆင့်ထိကို ပိုက်ဆံမကုန်ဘဲ ရောက်နိုင်မယ့် အခွင့်အရေးဖြစ်ပါတယ်။  

⇐ Previous Next

Read 842 times