Entertainment

VMA 2023 မှာ ဆုရရှိခဲ့တဲ့ နာမည်ကြီး အဆိုတော်များ

MTV VMA 2023 Winner List

ကြီးကျယ်ခမ်းနားလှတဲ့ ဂီတဆုပေးပွဲကြီးတစ်ခုဖြစ်တဲ့ MTV Video Music Awards 2023 ကို နယူးဂျာစီပြည်နယ်၊ နီဝက်မြို့ရဲ့ Prudential Center မှာ စက်တင်ဘာလ (၁၃) ရက်နေ့၊ မနက် ၆ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ပါတယ်။ 

VMAs 2023 မှာ Shakira က Video Vanguard Award နဲ့ Diddy က Global Icon Award တို့ကို အသီးအသီး ရရှိခဲ့ကြပါတယ်။ Taylor Swift ကတော့ ဒီနှစ်ပွဲမှာ ဆု (၉) ခုကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်လို့ VMAs သမိုင်းတလျှောက် တစ်နေ့တည်းနဲ့ ဆုအများဆုံးရသူအဖြစ် ဒုတိယမြောက် စံချိန်တင်ခံရသူ ဖြစ်သွားပါပြီ။ 

ဒါ့အပြင် K-pop အဆိုတော် Jungkook ကလည်း Seven သီချင်းနဲ့ Song of the Summer ဆုကို ရရှိခဲ့ပါသေးတယ်။ Blackpink အဖွဲ့ကတော့ the Group of the Year ဆုကို ရရှိခဲ့ပြီး ဒါဟာ VMAs 1999 ပြီးတည်းက ၂၄ နှစ်အထိတိုင်အောင် ဘယ်အမျိုးသမီးအဖွဲ့မှ မရနိုင်ခဲ့တဲ့ ဒီဆုကို Blackpink က ပြန်လည် သိမ်းပိုက်နိုင်ခဲ့တာပါ။ Blackpink ဟာ Group of the Year ဆုကို ရရှိခဲ့တဲ့ ပထမဆုံး အာရှအမျိုးသမီးအဖွဲ့ဆိုလည်း မမှားပါဘူး။

VMAs 2023 မှာ ထိုက်ထိုက်တန်တန် ဆုရရှိခဲ့တဲ့ အဆိုပညာရှင်တွေက ဘယ်သူတွေဖြစ်မလဲ? ကိုယ်မျှော်မှန်းထားတဲ့ Artists တွေ၊ Idol တွေကရော ဘာဆုတွေ ရလိုက်လဲဆိုတာကို အောက်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

Advertisement

Click Here > Myan Express Logistics

MTV VMA 2023 ရဲ့ ဆုရရှိသူများ စာရင်း  

Video Vanguard Award - Shakira

Global Icon Award - Diddy

Song of the Year - Taylor Swift (Anti-Hero)

Video of the Year - Taylor Swift (Anti-Hero)

Artist of the Year - Taylor Swift

Show of the Summer - Taylor Swift

Album of the Year - Taylor Swift (Midnight Album)

Best Cinematography - Taylor Swift (Anti-Hero) - Cinematography by Rina Yang

Best Visual Effects - Taylor Swift (Anti-Hero) - Visual Effects by Parliament

Best Pop - Taylor Swift (Anti-Hero)

Best Direction - Taylor Swift (Anti-Hero) - Directed by Taylor Swift

Best New Artist - Ice Spice

Push Performance of the Year - TOMORROW X TOGETHER (Sugar Rush Ride)    

Best Collaboration - KAROL G , Shakira (TQG)

Best Hip-Hop - Nicki Minaj (Super Freaky Girl)

Best R&B - SZA (Shirt)

Best Alternative - Lana Del Rey ft. Jon Batiste (Candy Necklace)

Best Rock - Måneskin (THE LONELIEST)

Best Latin - Anitta (Funk Rave)

Best K-Pop - Stray Kids (S-Class)

Best Afrobeats - Rema & Selena Gomez (Calm Down)

Video for Good - Dove Cameron (Breakfast)

Group of the Year - BLACKPINK

Song of the Summer - Jung Kook ft. Latto (Seven)

Best Choreography - BLACKPINK (Pink Venom - Choreography by Kiel Tutin, Sienna Lalau, Lee Jung (YGX), Taryn Cheng (YGX)

Best Art Direction - Doja Cat (Attention) - Art Direction by Spencer Graves

Best Editing - Olivia Rodrigo (Vampire) - Edited by Sofia Kerpan and David Checel

⇐ Previous Next

Read 758 times