Technology

သင့်ဖုန်းဘက်ထရီ ကြာကြာအသုံးခံဖို့ ရှောင်ရမယ့် အချက် (၁၀) ချက်

10 Tips for Long Battery Life on Phone

နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ Smart Phone တွေဟာလည်း Camera ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်တွေ၊ CPU တွေ၊ Processor ၊ Screen Display နဲ့ Selfie Camera စတာတွေအပြင် Pop up ၊ Notch စသဖြင့် တိုးတက်မှုအများကြီးကို တွေ့မြင်လာရပါတယ်။ ဒါပေမယ့် Battery မှာတော့ ဖုန်းရဲ့ တစ်ခြား အစိတ်အပိုင်းတွေလောက် တိုးတက်မှု သိပ်မရှိတာ တွေ့ရပါတယ်။

မနက်ပိုင်း အလုပ်သွားတဲ့အခါ၊ ကျောင်းသွားတဲ့အခါ ဖုန်းအားအပြည့် သွင်းသွားပေမဲ့ တစ်နေကုန် Facebook သုံး၊ ဖုန်းပြော၊ အလုပ်လုပ်ရင်းနဲ့ ညနေပိုင်းရောက်ရင် ဖုန်းအားက တော်တော်လေး လျော့နည်းနေတာမျိုး လူတိုင်း ဖြစ်ဖူးကြမယ်ထင်ပါတယ်။ 

ဒါဆိုရင် ဖုန်းဘက်ထရီ ကြာကြာခံဖို့ ဘာတွေ လုပ်သင့်သလဲ?

Advertisement

Click Here > AM Trading

၁။ Auto-Brightness ပိတ်ထားပါ။

Auto Brightness က ပုံမှန်ထက် ပိုပြီး အလင်းရောင်များတဲ့ အချိန်တွေဆို ဖုန်းအလင်းကို အဆုံးထိ ချဲ့ပေးတာဖြစ်လို့ ဘက်ထရီအားကို ပိုစားပါတယ်။ ဒါကြောင့် ကိုယ်လိုအပ်သလောက်ပဲ အလင်းရောင်ကို ထားနိုင်ဖို့ Auto Brightness ကို တတ်နိုင်ရင် မသုံးတာ ကောင်းပါတယ်။

၂။ Multi-tasking တွေကို အသုံးမလိုရင် ရှင်းပါ

ဖုန်းဘက်ထရီကို အကုန်မြန်စေမယ့် အချက်တွေထဲမှာ Multi-tasking တွေကို မရှင်းဘဲ အသုံးပြုတာလည်း ပါပါတယ်။ ကိုယ်သုံးပြီးသား Recent တွေကို တစ်နေကုန် မရှင်းဘဲထားရင် အဲ့ Recent တွေက သင်မသိတဲ့နောက်ကွယ်မှာ အလုပ်လုပ်နေကြပါတယ်။ Multi-tasking တွေကို မရှင်းဘဲ အသုံးပြုမယ်ဆိုရင် ဘက်ထရီပိုကုန်စေတဲ့အပြင် သင့်ဖုန်းကိုလည်း ကြာလာရင်ဟန်းစေမှာဖြစ်ပါတယ်။

၃။ Airplane-Mode လုပ်ပြီး အားသွင်းပါ။

Airplane-Mode လုပ်ပြီး အားသွင်းတာဟာ ဖုန်းအားဝင်မှုကို ပိုမိုမြန်ဆန်စေတဲ့အပြင် ဖုန်းဘက်ထရီကို မထိခိုက်နိုင်ပါဘူး။ Airplane-Mode ကို On ထားချိန်မှာတော့ Network တွေ အားလုံး ပျက်တောက်သွားမှာဖြစ်တဲ့အတွက် အရေးကြီးဖုန်းတွေ လာစရာရှိတယ်ဆိုရင်တော့ ဒီအချက်ကို အသုံးမပြုသင့်ပါဘူး။ ဖုန်းအားကိုလည်း မြန်မြန်ဆန်ဆန်ဝင်ချင်တယ် အရေးကြီးကိစ္စလည်းမရှိဘူးဆိုရင်တော့ Airplane-Mode ကို On ပြီးအားသွင်းတာ ပိုပြီးအဆင်ပြေစေမှာပါ။

၄။ ဘက်ထရီကို ၈၀% ဆို ဖြုတ်ပြီး ၂၀% အောက်ဆို အားသွင်းပါ။

များသောအားဖြင့် လူတွေက ဖုန်းအားသွင်းတဲ့အခါ ၁၀၀% အထိ အားအပြည့် သွင်းတတ်ကြပါတယ်။ အဲ့ဒါက ဘက်ထရီကို ထိခိုက်မှုမရှိစေပေမဲ့ ၁၀၀% ပြည့်နေတာကိုတော့ ဆက်သွင်းထားတာမျိုး မလုပ်ပါနဲ့နော်။ တကယ်က ဘက်ထရီအား ၈၀% လောက် ရပြီဆိုရင်ကို အားသွင်းတာကို ရပ်လိုက်သင့်ပါပြီ။ နောက်တစ်ခု သတိထားရမှာက ဖုန်းအားကို ၂၀% အောက်ရောက်တဲ့အထိ သုံးတာမျိုး ရှောင်ပါ။ ၂၀% လောက် ရောက်နေပြီဆိုရင် ဖုန်းအားသွင်းလိုက်တာ အကောင်းဆုံးပါ။

၅။ Vibrate Mode ကို ပိတ်ထားပေးပါ။

Vibration က သာမန် ဖုန်း Ringtone ထက် Battery ပိုသုံးရတာကြောင့် တစ်နေကုန် Vibrate Mode လုပ်ထားမိတဲ့အခါ ရေရေရာရာ အသုံးပြုရတာမျိုး မရှိဘဲ ဖုန်းအားလျော့သွားတာမျိုး ဖြစ်တတ်ပါတယ်။ မဖြစ်မနေ ဖုန်းအသံတိုးထားရမယ်ဆိုရင်လည်း Vibrate မပါတဲ့  Silent Mode ကို ပြောင်းထားလို့ ရပါတယ်။

၆။ Wifi , Bluetooth , GPS , Data စတာတွေကို တတ်နိုင်သလောက် ပိတ်ထားပေးပါ။

ဒီ Function လေးတွေက သာမန်အချိန်ဆို Battery မှာ အများကြီး မသက်ရောက်ပေမဲ့ စုံပြီး ဖွင့်လိုက်မိတဲ့အခါ သာမန်ထက်ပိုပြီး အားကုန်လာတတ်တာမို့ မလိုအပ်ဘူးဆိုရင်တော့ ပိတ်ထားဖို့ အကြံပြုချင်ပါတယ်။

၇။ Live Wallpaper တွေကို ရှောင်ပါ။

Live wallpaper တွေက ကြည့်ရတာ လှပေမယ့် Battery အရမ်းစားတဲ့ထဲမှာ ပါပါတယ်။ Live Wallpaper တွေဟာ Display မှာ လှုပ်ရမ်းဖို့ Background မှာ အများကြီး Run ရတာမျိုးပါ။ ဒါကြောင့် မသုံးလည်းရတယ်ဆိုရင် Live Wallpaper ကို မသုံးဖို့ အကြံပြုလိုပါတယ်။

၈။ Application တွေကို ပုံမှန် update လုပ်ပေးပါ။

တချို့ Application တွေဟာ Version မြင့်လာတာနဲ့အမျှ Battery စား သက်သာစေတဲ့ စနစ်တွေ၊ Battery Error ကို Fix လုပ်ပေးနိုင်တဲ့ စနစ်တွေ ပါလာပါတယ်။ ဒါ့ကြောင့် ပုံမှန် Update လုပ်ပေးခြင်းက သင့်ဖုန်းကို Battery Error အပြင် Battery အလျင်အမြန် ကုန်ဆုံးရခြင်းကိုလည်း သက်သာစေမှာပါ။

၉။ Original Charger ကိုသာ အသုံးပြုပါ။

ဖုန်းဝယ်ကတည်းက ပါလာတဲ့ မူလ အားသွင်းကြိုးနဲ့သာ အားသွင်းပါ။ အားသွင်းကြိုးအဟောင်း မရှိတော့ဘူးဆိုရင်လည်း Brand အခိုင်အမာရှိတဲ့ ဆိုင်များက Charger များကိုပဲ ဝယ်ယူသုံးစွဲပါ။ 

၁၀။ ဖုန်းကို နေရောင်ထဲမှာ မသုံးပါနဲ့။

နေရောင်ထဲမှာ ဖုန်း Screen Display က သာမန်ထက် ပိုပြီး အားသုံးရပါတယ်။ ဒါ့ကြောင့် ဖုန်းအားကုန်ခါနီး နေပူထဲမှာ ဖုန်းသုံးမိရင် ချက်ချင်း အားကုန်သွားတာမျိုးအပြင် ကြာလာရင် ဖုန်းပူလာတာမျိုးလည်း ဖြစ်နိုင်တာမို့ တတ်နိုင်ရင် နေပူထဲမှာ ဖုန်းမသုံးပါနဲ့နော်။

⇐ Previous Next

Read 861 times