Entertainment

အပျင်းပြေအချိန်ဖြုန်းဖို ဂိမ်း(၅)မျိုး

5 Fun Time Spending Games

ဂိမ်းဆိုတဲ့အမျိုးက စလိုက်ရင် မဆုံးအောင် တစ်ချိန်လုံးဆော့ချင်နေတာမျိုးဆိုတော့ တစ်ခါတလေ အလုပ်ပျက်၊ အအိပ်ပျက်တွေပါဖြစ်တတ်လွန်းလို တချိုဂိမ်းတွေဆို uninstall လုပ်လိုက်ရတဲ့အထိ သံယောဇဉ်ဖြတ်လိုက်တာမျိုး ကြုံဖူးကြလားဗျို။ အဲဒါကြောင့် တစ်ခါတလေ အပျင်းလည်းပြေအောင်၊ တစ်ခုခုကိုစောင့်နေရတာမျိုးမှာ အချိန်လည်းဖြုန်းရင်း ဖုန်းထဲမှာတင်ဆော့လိုရတဲ့၊ အရမ်းလည်းအားမစိုက်ရတဲ့ အပျော်တမ်းဂိမ်းလေးတွေကို ရွေးပေးလိုက်တယ်နော်

 

1.Dumb Ways to Die 2

Sequel နဲ့ ထွက်ထားတဲ့ဂိမ်းပါ။ သူ့ရှေ့မှာ ၁နဲ့ သူ့နောက်မှာ ၃ တိုပါထပ်ထွက်ထားတဲ့အပြင် Original လည်း ထွက်ထားပါသေးတယ်။ အင်မတန်ပျော်စရာကောင်းပြီး ရယ်ရတဲ့ မီနီဂိမ်းတစ်မျိုးပါပဲ။ ဂိမ်းတွေက တစ်ခုနဲ့တစ်ခု ထပ်မနေတဲ့အတွက် ဘာတွေအသစ်အသစ်တွေကြုံရမလဲဆိုတာသိချင်ဇောနဲ့ ဆက်ဆော့သွားရင်း မဆုံးနိုင်တော့တာမျိုးတော့ ဖြစ်သွားတတ်တယ်နော်။

 

2.101-in-1 Games

မတူညီတဲ့ ဂိမ်းအမျိုးအစားပေါင်း ၁၄၂ မျိုးကို တစ်ခါတည်းထည့်ဝင်ထားတဲ့ ဂိမ်းတစ်ခုပါ။ Puzzle တို၊ arcade action တိုလို စိတ်လှုပ်ရှားစရာတွေအပြင် drawing တို cooking ဂိမ်းတွေပါ အားလုံးပေါင်းစပ်ပါဝင်ထားတဲ့အတွက် ဂိမ်းအများကြီးကို တစ်ခါတည်းပိုင်ဆိုင်နိုင်မယ့် 101-in-1 Games ပါ။

 

3.Two Dots

အရောင်တူတဲ့ အစက်ကလေးတွေကို လိုက်ဆက်ပေးရတဲ့ ဂိမ်းပါ။ ဒီဂိမ်းကိုဆော့ဖို မျက်စိလျင်ဖိုတော့လိုမယ်နော်။ သူ့ရဲ့အားသာချက်ကတော့ တစ်ယောက်တည်းဆော့ရတဲ့ဂိမ်းဆိုပေမယ့် Facebook ပေါ်က သူငယ်ချင်းတွေကိုလည်း ချဲလင့်ခေါ်ပြီး ပြိုင်ဆော့လိုရတာပါပဲ။ 

 

4.Toilet Time

‌ဂိမ်းတစ်ခုခုကို အချိန်သိပ်မပေးရဘူး။ တချိုဟာတွေက လွယ်သလောက်၊ တချိုဟာတွေကျတော့ တော်တော်စဉ်းစားရတယ်။ ခြုံကြည့်ရင်တော့ ပေါ့ပါးပြီး ပျော်စရာကောင်းတဲ့ ဂိမ်းတွေအများကြီးပါတဲ့ ရေချိုးခန်း၊ အိမ်သာ ဂိမ်းတစ်မျိုးပါ။

 

5.Crossy Road

ဘေးမသီရန်မခဘဲလမ်းဖြတ်ကူးနိုင်ဖို လက်တော့တော်တော်သွက်မှရမယ်နော်။ ဒီဂိမ်းကို မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့လည်း ပြိုင်ဆော့လိုရသလို ‌ရွေးချယ်စရာ Character ‌တွေလည်း အများကြီးထည့်ပေးထားပါတယ်။ အသံနားထောင်ပြီးဆော့ရင် ပိုအရသာရှိတယ်ဆိုတဲ့အကြောင်းလည်း လက်တို့လိုက်ပါရစေနော်။

 

ဒီ mini ဂိမ်းလေးတွေက အချိန်နည်းနည်းမှာ မြန်မြန်ဆော့ရတဲ့ ဂိမ်းမျိုးတွေဖြစ်တာကြောင့် ဦးနှောက်ကို ပိုသွက်လာအောင် train ပေးသလိုလည်းဖြစ်၊ အပျင်းလည်းပြေ၊ စွဲလန်းမှာလည်း မပူရတော့ဘူးပေါ့။ ကဲ.. ဆော့ကြည့်ပြီးရင် ဘယ်ဂိမ်းလေးတွေကြိုက်လဲ ပြောပြပေးသွားပါဦး

 

⇐ Previous Next

Read 1711 times