Technology

ပညာရေးအတွက်ရော လုပ်ငန်းခွင်မှာပါ အသုံးဝင်မယ့် ဝက်ဆိုက်ဒ် (၆) ခု

6 Websites that be useful for education and work

အသစ်အသစ်သော ပညာရပ်တွေကို လေ့လာသင်ယူနေတဲ့ လူငယ်၊ လူလတ်မရွေး တစ်ချိန်ချိန်မှာ အသုံး လိုကိုလိုလာမယ့် ဝက်ဆိုက်ဒ် (၆) ခုကို မျှဝေပေးချင်ပါတယ်။ အခုပြောပြပေးသွားမယ့် ဝက်ဆိုက်ဒ်တွေက ပညာရေးအတွက်ရော၊ လုပ်ငန်းခွင်ဘက်မှာပါ အသုံးချလို့ရပါတယ်။ ဝက်ဆိုက်ဒ်နာမည်တွေမှာ ဝက်ဆိုက်ဒ်လင့်ခ် ချိတ်ထားပေးပြီး အသုံးဝင်ပုံနဲ့အတူ အသုံးပြုနည်းကိုပါ တစ်ဆက်တည်း ရေးသားဖော်ပြသွားမှာ ဖြစ်ပါတယ်။

၁။ Books Ngram Viewer

ဒီဝက်ဆိုက်ဒ်က အင်္ဂလိပ်စာ အသုံးတစ်ခု၊ စကားစုတစ်ခုကို ဒီလိုသုံးရင် မှန်ပါ့မလား၊ Native Speaker တွေက ဒီလိုမျိုး တကယ်သုံးကြရဲ့လားလို့ ကိုယ်သံသယဖြစ်ရင် အဲဒီ Site က Search Bar ထဲမှာ ကိုယ်သိချင်တဲ့ စကားစုကို ရိုက်ထည့်လိုက်ပါ။

ဥပမာ - I love you လို့ ရိုက်ရှာလိုက်ပါတယ်။

ဒါဆိုရင် အဲဒီ စကားစုကို ဘယ်နှခုနှစ်ကနေ ဘယ်နှခုနှစ်အတွင်း အသုံးဘယ်လောက်များခဲ့သလဲ ဆိုတဲ့ Currency ကို Arrow Chart နဲ့ ဖော်ပြပေးပါတယ်။

နောက်ပြီး Chart အောက်မှာ ပြထားတဲ့ Search in Google Books မှာ ခုနှစ်အပိုင်းအခြားတစ်ခုကို နှိပ်ကြည့်လိုက်ရင် အဲဒီအသုံးကို ဘယ်စာရေးဆရာတွေက ဘယ်စာအုပ်ရဲ့ စာမျက်နှာ ဘယ်လောက်မှာ သုံးထားခဲ့ပါတယ်ဆိုတာကို ပြပေးပါတယ်။

 

၂။ TinyWow

PDF File တွေကို Edit လုပ်ချင်တာဖြစ်ဖြစ်၊ PDF File ကနေ တခြား File ပုံစံတွေ ပြောင်းချင်တာဖြစ်ဖြစ်၊ Photo တွေ၊ Video တွေ Edit လုပ်ချင်တာဖြစ်ဖြစ် Editing Tools မျိုးစုံနဲ့ Tiny Wow မှာ အလွယ်တကူ လုပ်လို့ရပါတယ်။ ဒီဝက်ဆိုက်ဒ်လေးက အကောင့် မဖွင့်ထားလည်း သုံးလို့ရပါတယ်။

အသုံးပြုပုံကတော့ အောက်မှာ ဖော်ပြထားတဲ့ ဝက်ဆိုက်ဒ်လင့်ခ်ထဲ ဝင်ပြီး ကိုယ်လုပ်ချင်တာကို ရွေးပါ။

ကိုယ်က PDF File ကို Edit လုပ်မယ်ဆိုရင် အပေါ်ဘက် Bar က PDF ဆိုတာကို နှိပ်လိုက်တာနဲ့ သူနဲ့ ပတ်သက်တဲ့ Editing Tools တွေ ကျလာမှာပါ။ File၊ Image၊ Video စတာတွေကိုလည်း ကိုယ်လိုသလို Edit နိုင်ပါတယ်။ 

 

၃။ Genially

Presentation Tool ဝက်ဆိုက်ဒ်တစ်ခုဖြစ်တဲ့ Genially ဟာ ဒီဇိုင်းလှလှလေးတွေနဲ့ တကယ့် Professional ဆန်ဆန် မြင်သူတိုင်း အထင်ကြီးသွားစေမယ့် Presentation Slides တွေ ပြုလုပ်ချင်တဲ့ သူတွေအတွက် အသုံးဝင်မှာပါ။ 

Genially မှာ Template ပေါင်း ၁,၀၀၀ ကျော် ပါဝင်ပြီးတော့ Template တစ်ခုချင်းစီတိုင်းမှာ Video Presentation၊ Infographics၊ Interactive Images၊ Gamification  တို့အပြင် တခြားအပိုင်းတွေကိုလည်း အသုံးပြုနိုင်ပါတယ်။

ပေးထားတဲ့ လင့်ခ်ထဲဝင်ပြီး Sign Up လုပ်ပါ။ ပြီးရင် Start ကို နှိပ်လိုက်ပါ။ ဒါဆို Home Page ထဲ ရောက်သွားပါမယ်။ ဘယ်ဘက် ထောင့်စွန်းပေါ်က Create Genially ကို နှိပ်လိုက်ရင်တော့ အောက်က Page ထဲ ရောက်သွားမှာပါ။

 

 

အဲ့ထဲမှာ ကိုယ်ဖန်တီးလိုတဲ့ အပိုင်းကို Click ပြီး အသုံးပြုလို့ရပါတယ်။

Bin ဆိုတာလေးကို Click ရင်တော့ ကိုယ်အရင်က ဖျက်ခဲ့တဲ့ ကိုယ်ရဲ့ Project တွေကို ပြန်ရှာလို့ ရပါတယ်။

Brand kit ကတော့ Purchase လုပ်မှ အသုံးပြုလို့ရမှာပါ။

Inspiration ကို Click ရင်တော့ Presentation နမူနာပုံစံလေးတွေ တွေ့ပါလိမ့်မယ်။

 

၄။ You.com

You.com ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ Feature တစ်ခုကတော့ AI အကူအညီနဲ့ စာရေးခိုင်းလို့ရတဲ့ You Write ပါပဲ။ အကြောင်းအရာတစ်ခုအတွက် Topic လေး ပေးလိုက်ရုံနဲ့ အရေးအသားစတိုင် ငါးမျိုး (Neutral/ Friendly/ Professional/ Witty/ Persuasive ) စသဖြင့် ကိုယ်စိတ်ကြိုက် ရွေးချယ်လို့ရပါတယ်။

အသုံးပြုပုံကတော့ ပေးထားတဲ့ လင့်ခ်ထဲ ဝင်ပြီး You Write ကို နှိပ်လိုက်ရင် ပေါ်လာတဲ့ Page မှာ ကိုယ်လိုချင်တဲ့ ပုံစံ ရွေးချယ်ပြီး ရေးခိုင်းလို့ရပါတယ်။

 

၅။ Write & Improve

English Writing Skill ကို Self-study လေ့ကျင့်ချင်တယ်ဆိုရင် အသုံးဝင်တဲ့ Learning site တစ်ခုကို ဖော်ပြပေးချင်ပါတယ်။

Cambridge English Write & Improve က ကိုယ်ရေးထားတဲ့ Writing ကို Submit လုပ်လိုက်ရင် ချက်ချင်း အမှားပြန်ပြင်ပေးပါတယ်။  

ပေးထားတဲ့ လင့်ခ်ထဲ ဝင်ပြီး Learners ကိုရွေးပါ။ ပြီးရင် Start Writing ကို နှိပ်လိုက်ပါ။

နှိပ်ပြီးရင် Workbook ထဲကို ဝင်ကြည့်ပါ။ Writing လေ့ကျင့်စရာ Tasks တွေ အများကြီးပေးထားပါတယ်။ Beginner၊ Intermediate၊ Advanced ဆိုပြီးလည်း Grade ခွဲပေးထားပါတယ်။

Sign in လုပ်ပြီး ကိုယ့်ရဲ့ Profile ကို Create လုပ်ထားရင်တော့ ကိုယ် Submit လုပ်ထားခဲ့တဲ့ Writing တွေကို ပြန်လည်လေ့လာလို့လည်း ရပါတယ်။

၆။ Canvas

Canvas ကတော့ ခပ်မိုက်မိုက် ဒီဇိုင်းတွေ ဖန်တီးတဲ့နေရာမှာ အခမဲ့ အသုံးပြုနိုင်တဲ့ အွန်လိုင်း Tool တစ်ခု ဖြစ်ပါတယ်။ CV၊ Presentation၊ Business Model၊ Social Media Post၊ Image၊ Video၊ Icon စတာတွေကို တစ်နေရာတည်းမှာ ဒီဇိုင်းလုပ်လို့ရနိုင်ပြီး ရွေးချယ်စရာ Template တွေလည်း တော်တော်စုံစုံလင်လင် ရှိပါတယ်။

 

 

 

တက်ရောက်လိုတဲ့ သင်တန်းတွေနဲ့ ပုဂ္ဂလိကကျောင်းတွေကို ရန်ကုန်လမ်းညွှန်ဝဘ်ဆိုက်မှာ သက်ဆိုင်ရာ မြို့နယ်အလိုက် အလွယ်တကူ ဝင်ရောက် ရှာဖွေနိုင်ပါတယ်။

>> https://www.yangondirectory.com

⇐ Previous Next

Read 1165 times