Entertainment

ဒေါ်လာ ၂၅,၀၀၀ အထိ ဆုကြေးပေးခဲ့တဲ့ Among Us Tournament

Among Us Tournament, up to $ 25,000 in prize money

Among Us Game ဟာအခုတစ်လောမှာ တစ်ကမ္ဘာလုံးမှာ ခေတ်စားနေတဲ့ ဂိမ်းပဲဖြစ်ပါတယ်။ Twitch မှာဆိုရင်လည်း စံချိန်တင် Viewers တွေထိ ရရှိနေခဲ့ပါတယ်။ အခုအချိန်မှာလည်း နာမည်ကြီး Organization ဖြစ်တဲ့ Faze Clan ကနေပြီးတော့ Among US Tournament တစ်ခုလုပ်ပေးလိုက်ပါတယ်။ 

အဆိုပါပြိုင်ပွဲမှာဆိုရင်တော့ နာမည်ကြီး Streamer တွေကိုခေါ်ယူယှဥ်ပြိုင်စေခဲ့ပြီး ဆုကြေးငွေအဖြစ် စုစုပေါင်း ကန်ဒေါ်လာ ၂၅,၀၀၀ ထိပေးအပ်ခဲ့ပါတယ်။

ဒီပြိုင်ပွဲမှာ ကစားသမား စုစုပေါင်း အယောက် (၂၀)ဟာ အုပ်စုနှစ်စုခွဲပြီးယှဥ်ပြိုင်ခဲ့ပြီး ထိပ်ဆုံး (၅) ယောက်က နောက်ဆုံးဖိုင်နယ်အဖြစ်ဆော့ကစားခဲ့ပါတယ်။ အနိုင်ရရှိသွားတဲ့သူကတော့ Yetiapocalypse လို့ခေါ်တဲ့ Streamer တစ်ယောက်ပဲဖြစ်ပါတယ်။ဒီပြိုင်ပွဲကို GFuel Energy Drink ကနေ စပွန်ဆာပေးခဲ့တာဖြစ်ပြီး အနိုင်ရရှိခဲ့တဲ့သူကို ဒေါ်လာ (၁၂,၀၀၀) နဲ့ ဒုတိယဆု ဒေါ်လာ (၈,၀၀၀) , တတိယဆုနဲ့ စတုတ္ထဆုအဖြစ်  ဒေါ်လာ (၂,၅၀၀) အသီးသီးပေးခဲ့ပါတယ်။

Yetiapocalypse ဟာ ဖိုင်နယ်ပွဲစဉ်မှာ imposter အဖြစ်ရော crewmate အဖြစ်ပါအနိုင်ရခဲ့တဲ့အတွက် ပြိုင်ပွဲရဲ့အမှတ်ပေးစည်းကမ်းအရ crewmate အဖြစ်သာ အနိုင်ရခဲ့တဲ့အခြားသူများအားလုံးကိုကျော်လွန်ကာ ပထမ ရရှိသွားခဲ့တာလည်း ဖြစ်ပါတယ်။

⇐ Previous Next

Read 1411 times