အဆိုတော် AR-T က AR-T Is OFFLIST အမည်ရ ဖျော်ဖြေပွဲတစ်ခုကို ယခုလာမဲ့ ၂၀၂၅ အောက်တိုဘာ ၂၄ ရက်နေ့ ညနေ ၅း၃၀ မှာ ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ HEXAGON COMPLEX မှာ ကျင်းပမယ်လို့ ကြေညာထားပါတယ်။
AR-T Is OFFLIST ပွဲကြီးဟာ AR-T ရဲ့ အနုပညာသက်တမ်း ၁၅နှစ်အတွင်း ပထမဆုံးကျင်းပတဲ့ One Man Show ပွဲတစ်ခုဖြစ်တဲ့အပြင် OFFLIST တေးစီးရီး Album အသစ်မိတ်ဆက်ပွဲတစ်ခုလည်း ဖြစ်ပါတယ်။ AR-T Is OFFLIST ဟာ တမူထူးခြားတဲ့ စိတ်လှုပ်ရှားဖွယ် concept အသစ်၊ အနုပညာရှင်၊ brands ၊ influencers များစွာပါဝင်ပြီးဖန်တီးပေးထားတဲ့ Creative Festival တစ်ခုဖြစ်လာမယ်လို့ ပြောပါတယ်။ ဒီဖျော်ဖြေပွဲအတွက် ဝင်ခွင့်လက်မှတ်များကို ရောင်းချမှာမဟုတ်ပဲ AR-T ရဲ့ Facebook Page မှာ ပရိသတ်တို့ကို Giveaway ပေးသွားမဲ့အကြောင်း MY Yangon Guide မှ ပြန်လည်မျှဝေလိုက်ပါတယ်။
Read 142 times