Entertainment

Quarantine ဝင်ရောက်နေသူများ စိတ်အပန်းပြေစေဖို့ ရုပ်သံလိုင်းတွေကို အခမဲ့ ပြသပေးခဲ့တဲ့ CANAL+

CANAL +, which provides free TV channels to entertain quarantine visitors

CANAL+ Myanmar မှ Quarantine စင်တာများမှာ စောင့်ကြည့်ကုသမှု ခံယူနေရတဲ့သူတွေ စိတ်အပန်းပြေစေဖို့ ရည်ရွယ်ချက်နဲ့ များစွာသော ရသစုံလင် ဖျော်ဖြေရေး အစီအစဥ်တွေကို အခမဲ့ ပြသပြီး ဝန်ဆောင်မှုကို လှုဒါန်းခဲ့တယ်လို့ သိရပါတယ်။ 

 

ဒီလိုလှူဒါန်းရာမှာတော့ CANAL+ စက်များ၊ တီဗီများအပြင် လူအယောက် (၅,၅ဝဝ) အတွက် ဖုန်း (သို့) Tablet နဲ့ ဇာတ်လမ်းပေါင်းများစွာကို ကြည့်ရှုနိုင်ဖို့ myCANAL application ကိုပါ နှစ်ပတ်စာ အခမဲ့ ကြည့်ရှုခွင့် စသဖြင့် ပြုလုပ်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ 

 

လှူဒါန်းပေးခဲ့တဲ့ စင်တာများကတော့ … 

>> ရန်ကုန်မြို့အတွက် 

  • Fortune Plaza
  • မင်းဓမ္မလမ်း
  • RC2
  • အောင်မြင့်မိုရ် စတဲ့နေရာတွေမှာ တည်ရှိတဲ့ Quarantine စင်တာတွေနဲ့ 

>> မန္တလေးမြို့မှာတော့

  • ဇီဝိတဓနဆေးရုံ၊ 
  • မန္တလေးတက္ကသိုလ်၊
  • ဇီးပင်ကြီး စတဲ့ နေရာတွေမှာ တည်ရှိတဲ့ Quarantine စင်တာတွေအတွက် လှူဒါန်းမှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ 

Quarantine ဝင်နေကြရတဲ့ မိသားစုဝင်တွေ အကုန်လုံး CANAL+ ရဲ့ ရသစုံလင်တဲ့ ရုပ်သံ အစီအစဉ်တွေကို ကြည့်ရှုခံစားရင်း ဘဝအမောတွေ ပြေပျောက်စေဖို့ ရည်ရွယ်ချက်နဲ့ လှူဒါန်းခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။ 

 

CANAL+ မှာ ကိုယ်ပိုင်ရုပ်သံလိုင်း (၉)လိုင်း ဖြစ်တဲ့ 

CANAL+ ZAT LENN, 

CANAL+ ACTION, 

CANAL+ MAEMADI,  

CANAL+ GITA, 

CANAL+ SPORTS, 

CANAL+ HAHA,

CANAL+ SU SANN, 

CANAL+ PU TU TUE, 

CANAL+ CHARTATE, 

CANAL+ KYI LITE

 

အစရှိတဲ့ ရုပ်သံလိုင်း အသီးသီးကနေ အစီအစဉ်ကောင်းများစွာ တင်ဆက်ပေးနေတာ ဖြစ်ပါတယ်။ 

⇐ Previous Next

Read 1804 times