Things To Do

စွန့်စားအားကစား ဝါသနာရှင်တွေအတွက် ရန်ကုန်မြို့က နေရာ (၈) ခု

Challenging Sport Activities in Yangon

သင်က စိန်ခေါ်မှုတွေကို သဘောကျတဲ့သူလား? အားကစားလုပ်ရတာ ဝါသနာပါသူလား? တစ်နေ့တစ်နေ့ ပုံသေလုပ်နေကြဖြစ်တဲ့ အလုပ်တွေကနေ ကွဲထွက်ပြီး စွန့်စားမှုတွေ၊ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့အရာတွေကို လိုချင်တယ်ဆိုရင် အခုပြောပြပေးသွားမယ့် အားကစား အမျိုးအစားတွေကို ကြိုးစားလုပ်ကြည့်ပါ။ ဘယ်လို အားကစားတွေ ပါဝင်ပြီး ရန်ကုန်မြို့ရဲ့ ဘယ်နေရာတွေမှာ လုပ်လို့ရလဲဆိုတာကိုပါ တစ်ခါတည်း ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

(၁) Scuba Diving 

Scuba Diving ဆိုတာကတော့ အသက်ရှုကိရိယာ၊ လေအိုး၊ ရေယက်၊ ဝတ်စုံ စတဲ့ ပစ္စည်းကိရိယာအပြည့်အစုံနဲ့ ရေငုပ်ရတဲ့ Activity မျိုးပါ။ အနည်းဆုံး ပေ ၃၀-၄၀ လောက်အထိ ရေငုပ်ပြီး ရေအောက်ကမ္ဘာက အလှအပတွေကို ကြည့်လို့ရမယ့် Water Sport အမျိုးအစား ဖြစ်ပါတယ်။ 

ရေငုပ်တာကို စိတ်ဝင်စားရင်ဖြစ်ဖြစ် အပျော်တမ်း ရေငုပ်ချင်ရင်ဖြစ်ဖြစ် Dive SubCulture Myanmar မှာ Package တွေ စုံစမ်းပြီး လုပ်နိုင်ပါတယ်။ ရေငုပ်အတန်းတွေ (Diving Class) တွေရှိသလို ရေငုပ်ပစ္စည်းတွေလည်း ဝယ်ယူလို့ရပြီး စိတ်လှုပ်ရှားစရာ ရေငုပ်ခရီးစဉ်တွေကိုလည်း စီစဉ်ပေးပါသေးတယ်။ 

09 952 274555

အမှတ် (၁၅)၊ သုခေတ္တာလမ်းသွယ်၊ မိုးကောင်းလမ်းမကြီး၊ ရန်ကင်းမြို့နယ်

 

(၂) Stand Up Paddling (SUP)

Stand Up Paddling ဟာလည်း Water Sport အမျိုးအစားတစ်ခုပါပဲ။ သူကကျတော့ ရေလွှာလျှောစီးခြင်းကနေ ဆင်းသက်လာတဲ့ ကစားနည်းတစ်မျိုး ဖြစ်ပါတယ်။ ၁၀-၁၂ ပေ ရှည်တဲ့ ဘုတ်ပြားပေါ်မှာ မတ်တပ်ရပ်ပြီး လှော်တက်နဲ့ လှော်ရတဲ့ ကစားနည်းပါ။

ခန္ဓာကိုယ်ကို ထိန်းညှိတတ်ဖို့လိုပြီး အဖွဲ့လိုက်သွားရင် တကယ်ပျော်ဖို့ကောင်းပါတယ်။ မစီးခင်သေချာ သင်ယူဖို့လိုပြီး အသက်ကယ်အင်္ကျီ မဖြစ်မနေ ဝတ်ရပါတယ်။ ဘုတ်ပြားပေါ်ကနေ မတ်တပ်ရပ်ပြီး ရေအောက်ကို ကြည့်ရတဲ့ ခံစားမှုဟာ SUP လုပ်ရတဲ့ အနှစ်သာရပါ။ ဒီအားကစားကိုတော့ ရန်ကုန်မှာဆို Yangon Sailing Club နဲ့ လှော်တက်မပါဘဲ Surfing လုပ်ချင်တာဆို ငွေဆောင်က Surf Association of Myanmar တို့ကို ဆက်သွယ်ပြီး လုပ်နိုင်ပါတယ်။ 

Yangon Sailing Club (ရန်ကုန်)

အမှတ် ၁၃၂၊ အင်းယားလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။

09 253 558 239

Surf Association of Myanmar (ငွေဆောင်)

09 7590 355 19

 

(၃) Skateboarding

Skateboarding ဆိုတာ လှိုင်းပေါ်မှာ ရေလွှာလျှော်စီးသလိုမျိုး မြေပြင်ပေါ်မှာ စကိတ်ဘုတ်သုံးပြီး ကိုယ်ဟန်ချက်ညီညီ စီးရတဲ့ ကစားနည်းတစ်မျိုးပါပဲ။ ကျွမ်းကျင်တဲ့ စကိတ်ကစားသမားတွေဆိုရင် စကိတ်ဘုတ်ပေါ်မှာ လှည့်ကွက်တွေ သုံးပြီး၊ ခုန်ပြီး စီးကြတာ ဖြစ်ပါတယ်။ စကိတ်စီးတာ ဝါသနာပါတဲ့သူတွေ၊ အခုမှ စစီးဖို့ သင်တန်းတက်ချင်သူတွေအတွက် Myanmar Skateboard Club မှာ သွားရောက်စုံစမ်းနိုင်ပါတယ်။ ဒါ့အပြင် စကိတ်ဘုတ်နဲ့ ဆက်စပ်ပစ္စည်းတွေကိုလည်း ရောင်းချပေးပါတယ်။ 

မြလေးရုံစကိတ်ကွင်း၊ ဆင်မလိုက်သင်္ဘောကျင်းမှတ်တိုင်၊ ဘုရင့်နောင်လမ်းမကြီး၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့ 

09943073165, 095035261, 09690413513, 09782012069

 

(၄) Horseback Riding

မြင်းစီးအားကစားဟာ မြန်မာလူမျိုးတွေနဲ့ နည်းနည်းတော့ စိမ်းပါလိမ့်မယ်။ ရန်ကုန်မှာ မြင်းကို တွေ့ရဖို့တောင် မလွယ်ပါဘူး။ မြင်းစီးအားကစားဟာ နိုင်ငံတကာမှာတော့ တွင်ကျယ်ပီး စျေးကြီးပေးပြီးတော့ကို လေ့ကျင့်ကြတဲ့ အားကစားတစ်မျိုးပါ။ 

မြင်းစီးခြင်းဟာ အာရုံစူးစိုက်မှု၊ ဟန်ချက်ညီမှု၊ အချိန်ကိုက်မှု၊ လေ့ကျင့်သင်ယူမှု၊ အမြင်အာရုံ လှုံ့ဆော်မှု စတာတွေ လိုအပ်တဲ့အတွက် ဦးနှောက်ကို အထောက်အကူပြုစေပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကိုလည်း တိုးတက်စေပါတယ်။ YECC “Yangon Equestrian Country Club” ကတော့ ရန်ကုန်မြို့ရဲ့ Horseback Riding လုပ်ဖို့ အကောင်းဆုံးနေရာ ဖြစ်ပါတယ်။

ပြည်ထောင်စုလမ်းနှင့် ပင်လုံလမ်းထောင့်၊ (၂၉)ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့၊ (Golden Park Spa နှင့်ကပ်လျက်)

09261691062

 

(၅) Mountain Biking

စက်ဘီးစီးတာကတော့ အားလုံးနဲ့ ရင်းနှီးပြီးသား ဖြစ်မှာပါ။ စက်ဘီးစီး အားကစားတွေအများကြီးထဲမှာမှ Mountain Bike စီးခြင်းကို နောက်ပိုင်းလူငယ်တွေ စိတ်ဝင်စားမှု များလာပါတယ်။

Mountain bike ဆိုတာက လမ်းကြမ်း၊ လမ်းကြိုလမ်းကြား၊ တောင်တက်လမ်း စတာတွေကို စီးဖို့ ခံနိုင်ရည်ရှိအောင် ဒီဇိုင်းလုပ်ထားတဲ့ စက်ဘီးမျိုးပါ။ ဒီလိုစက်ဘီးမျိုးကို ပရိုဆန်ဆန် စီးချင်တယ်ဆိုရင်တော့ ဦးထုတ်၊ ဖိနပ်၊ လက်အိတ်၊ ဂျာစီ၊ အားကစား ဘောင်းဘီ စတာတွေတော့ လိုအပ်ပါမယ်။

Nature Ride Myanmar နဲ့ ဆက်သွယ်ပြီး ရန်ကုန်နဲ့ အနီးတဝိုက်မှာ ဆန်းသစ်တဲ့ လမ်းကြောင်းတွေကို စီးနင်းနိုင်ပါတယ်။ Mountain Bike မရှိရင်လည်း သူ့စီမှာ ငှားလို့ရပါတယ်။

09 730 44236, 095169020

 

(၆) Bouldering (Rock Climbing)

Rock Climbing (ကျောက်တောင်တက်ခြင်း) အမျိုးအစားဖြစ်တဲ့ Bouldering ဟာ ကျောက်တောင်အသေး ဒါမှမဟုတ် တောင်တက်ခြင်းအတွက် ပြုလုပ်ထားတဲ့ လူလုပ်နံရံမှာ ပြုလုပ်ရတဲ့ အားကစားတစ်မျိုးပါ။ တက်ရောက်ရတဲ့ အမြင့်ပေနဲ့ မြေပြင်က အရမ်းအကွာအဝေး မများပါဘူး။ Bouldering မှာ ကျောက်တောင်တက် အားကစားနည်းတွေလို တောင်တက်ကြိုး/တောင်တက်ချိတ်/ကာကွယ်ရေးဦးထုပ် စတာတွေကို မသုံးဘဲ အလွတ်တက်၊ အလွတ်ဆင်းရပေမဲ့ ပြုတ်ကျတဲ့ ဒဏ်ကို ခံနိုင်ဖို့အတွက် အောက်ခြေမှာ ဖော့ပြားအထူ ထားရှိရပါတယ်။

Bouldering အားကစားဟာ ခန္ဓာကိုယ်ကြွက်သားတွေကို ပိုသန်မာကြံ့ခိုင်စေပြီး သက်လုံလည်း ကောင်းစေပါတယ်။ Bouldering ကို စိတ်ဝင်စားရင် Climb O'Clock မှာ သွားဆော့နိုင်ပါတယ်။ 

13, U Pe Thin Street, (B) Ward, Thingangyun , Yangon

09 799 879909

 

(၇) Boxing

ခုနောက်ပိုင်းမှာ Boxing ကို ကျန်းမာကြံ့ခိုင်ရေးအတွက် အများကြီး ကစားလာကြပါတယ်။ ကိုယ်ခန္ဓာ ကျန်းမာသန်စွမ်းဖို့အတွက်ကော၊ ကိုယ်ခံပညာရပ်တစ်ခုအနေနဲ့ တက်ထားသင့်ပါတယ်။ စိတ်ဖိစီးမှု လျော့ကျစေသလို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးလာစေပါတယ်။ စိတ်ရောကိုယ်ပါ ကျန်းမာကြံ့ခိုင်လာစေမယ့် ကစားနည်းပါ။ Boxing အတွက် ဆိုရင်တော့ Yangon Fight Club မှာ လေ့ကျင့်ကစားနိုင်ပါတယ်။

BoGyoke Rd & 47th St, Pazundaung, Yangon

09 976 870676

 

(၈) Archery & Axe Throwing

စွန့်စားစရာတော့ မလိုပေမဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ ကစားနည်းတစ်မျိုးပါပဲ။ ပစ်မှတ်ကို ချိန်ရွယ်ပြီး တည့်တည့်ထိအောင် ပစ်ရတာပါ။ ကိုယ်ဘယ်လောက်လက်တည့်လဲဆိုတာ စမ်းကြည့်ချင်ရင်တော့ ကန်တော်ကြီးထဲက The Grit Myanmar ရှိပါတယ်။

ပစ်မှတ်တွေကို ပစ်ဖို့အတွက် ပုဆိန်တွေအပြင် မြှားနဲ့ ဓားတွေလည်း ထားပေးထားပါတယ်။ မြှားပစ်အားကစားကို လေ့လာချင်သူ အားလုံးကို စနစ်တကျ သင်ကြားပြသပေးသွားမှာဖြစ်ပြီး လိုအပ်တဲ့ Equipment တွေကိုလည်း အသုံးပြုခွင့် ပေးထားပါတယ်။ Booking ကြိုလုပ်ပေးဖို့တော့ လိုပါတယ်။ 

09-785578867, 09-794663069

⇐ Previous Next

Read 1833 times