Entertainment

ရှုမြင်လေ့လာ မြန်မာ့အနုပညာ ပန်းချီပြပွဲကြီး

Colours of Myanmar Art Exhibition

ပန်းချီအနုပညာကို ချစ်မြတ်နိုးသူများအတွက် မြန်မာ့ပန်းချီအနုပညာ၏ စစ်မှန်သည့် ငွေ့အသက်များနှင့် နိုင်ငံကျော်ပန်းချီဆရာကြီးများ၏ ပန်းချီကားပေါင်း (၅၀၀) ကျော်ပါဝင်ပြသသွားမဲ့ မြန်မာနိုင်ငံရဲ့ အကြီးမားဆုံးသောပန်းချီပြပွဲကြီးကို Times City Convention Center, Times City Complex မှာ ကျင်းပသွားဖို့ ရှိတဲ့အကြောင်း ပြန်လည်မျှဝေလိုက်ပါတယ်။ ဒါဟာ MY Yangon ရဲ့ အနုပညာချစ်သူ ပရိသတ်တို့အဖို့ သတင်းကောင်းဆိုရင်လည်း မမှားပါဘူးနော်။

ရှုမြင်လေ့လာ မြန်မာ့အနုပညာ

ရှုမြင်လေ့လာ မြန်မာ့အနုပညာ (Colours of Myanmar) လို့ အမည်ပေးထားတဲ့ ဒီပြပွဲကြီးမှာ ရိုးရာလက်မှုပစ္စည်းများနှင့်အတူ မြန်မာ့ရိုးရာအနုပညာနဲ့ ခေတ်ပြိုင်အနုပညာရှင်များရဲ့ ဖန်တီးမှုအမျိုးမျိုးကို တစ်နေရာတည်းမှာ ရှုစားခံစားနိုင်မှာပါ။ ဒါ့အပြင် ပန်းချီဆရာကြီးတွေရဲ့ Live သရုပ်ပြရေးဆွဲခြင်း၊ ယွန်းထည်ပေါ်တွင် Portrait ရေးဆွဲခြင်း၊ ကယ်ရီကေးချား(Caricature) ရေးဆွဲခြင်းများအပြင် မိမိစိတ်ကူးရှိသလို ပန်းချီပိတ်ကားချပ်ပေါ်မှာ အပျော်တမ်းပန်းချီရေးဆွဲခြင်းစတဲ့ အနုပညာမြောက် အစီအစဥ်တွေလည်း ပါဝင်ဦးမှာမို့ အနုပညာကို ချစ်မြတ်နိုးသူတိုင်း လက်မလွှတ်သင့်တဲ့ ပွဲလေးတစ်ခုပဲ ဖြစ်ပါတယ်။

 ရှုမြင်လေ့လာ မြန်မာ့အနုပညာ

ပန်းချီချစ်သူတိုင်း မဖြစ်မနေ အရောက်သွားပြီး လေ့လာခံစားသင့်တဲ့ Event အမိုက်စားလေးကို MY Yangon ကနေ မျှဝေလိုက်ပါပြီနော် … ပန်းချီကားတွေ အဝကြည့်ဖို့ Yangoners တို့ Plan တွေ ကြိုဆွဲထားလိုက်ရအောင်လား …

 

နေ့ရက် - ၂၈ နိုဝင်ဘာလ မှ ၂ ဒီဇင်ဘာ ၂၀၂၅ အထိ

အချိန် - နံနက် ၁၀ နာရီကနေ ညနေ ၅ နာရီထိ

နေရာ - Times City Convention Center, Times City Complex Office Tower 1, 18th Floor.

ရှုမြင်လေ့လာ မြန်မာ့အနုပညာ

 

⇐ Previous

Read 52 times