Things To Do

လူငယ်များအတွက် ခေတ်ပြိုင်အနုပညာ Special Talk Session

Contemporary Art Special Talk Session for Youth

ခေတ်ပြိုင်အနုပညာ Contemporary art ဆိုတာ ယနေ့ခေတ် (လက်ရှိကာလ) မှာ ဖန်တီးထားတဲ့ အနုပညာတွေကို ခေါ်တာပါ။ ပုံဆွဲခြင်း၊ ပန်းချီ၊ ပန်းပုတင်မကပဲ video, installation, performance, digital art စတဲ့ ပုံစံအသစ်တွေပါ ပါဝင်ပြီး လူမှုရေး၊ ယဉ်ကျေးမှု၊ နည်းပညာ၊ လူနေမှုဘဝလို ယနေ့ခေတ်ရဲ့ အတွေးအခေါ်နဲ့ ဖန်တီးတင်ပြတာက Contemporary art ရဲ့ အဓိကလက္ခဏာပါ။ တကယ်တော့ ခေတ်ပြိုင်အနုပညာဆိုတာ ခက်ခဲနက်နဲပြီး ရှုပ်ထွေးတဲ့ အရာမဟုတ်ပါဘူး။ ကြည်နူးခံစားရတဲ့ အရာတွေဖြစ်ပါတယ်။

 

ခေတ်ပြိုင်လူငယ်တွေ၊ ခေတ်ပြိုင်ကလေးတွေဟာ ခေတ်ပြိုင်အနုပညာအကြောင်း သိထားရင် ကောင်းတာပေါ့။ ဒီ့အတွက်ကြောင့် Gallery Ohmar မှာ လက်ရှိပြသနေတဲ့ ပြပွဲရဲ့ Curator ဖြစ်သူ ဆရာအောင်မြတ်ဌေးကိုယ်တိုင် ခေတ်ပြိုင်အနုပညာအကြောင်း ရှင်းလင်းပြောကြားမယ့် ပွဲတစ်ပွဲကို MY Yangon က ပြန်လည်မျှဝေလိုက်ပါတယ်။

 

ဒီပွဲဟာ အသက် ၁၆ နှစ်အောက် ကလေးများအတွက် ရည်ရွယ်ပါတယ်။ အခမဲ့ session ဖြစ်ပြီး စိတ်ပါဝင်စားသူ မည်သူမဆို (၁၆ နှစ်အောက်) များ တက်ရောက်လေ့လာ ပါဝင်နိုင်ပါတယ်။

ဝင်ကြေး အခမဲ့ဖြစ်ပါတယ်။ အုပ်ထိန်းသူများအနေဖြင့်လည်း ဝင်ကြေးအခမဲ့ဖြင့် လိုက်ပါနိုင်ပါတယ်။

 

https://www.facebook.com/share/1CDRHfVmDz/

လူဦးရေ ကန့်သတ်ထားတာကြောင့် အပေါ်က ဖော်ပြထားတဲ့ Gallery Ohmar ရဲ့ ပေ့ချ်မက်ဆင်ဂျာကနေ ကြိုတင်စာရင်းပေးသွင်းဖို့တော့ လိုအပ်ပါတယ်။

 

အသေးစိတ် သိရှိရန် -

နေရာ - Gallery Ohmar

အချိန် - နေ့လယ် ၂ နာရီ

နေ့ရက် - ၂၂.၁.၂၀၂၆

လိပ်စာ - အမှတ် ၂၀၊ ဓမ္မာရုံလမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်။

တယ်လီဖုန်း - ၀၉၄၀၂၉၅၉၅၅၉

 

⇐ Previous

Read 57 times