Entertainment

ဝေဖန်မှုတွေ မြင့်တက်နေတဲ့ Wonder Woman 1984

Criticism of Wonder Woman 1984

မကြာသေးခင်ကမှ ပြသထားတဲ့ Wonder Woman  1984 ဟာ DC fan တွေကြားမှာ ခုတစ်လော ရေပန်းစားနေတဲ့အပြင် ဒီရုပ်ရှင်နဲ့ ပက်သက်ပြီး ဝေဖန်မှု တစ်ချို့ကလည်း မြင့်တက်လျက် ရှိပါတယ်။

ပထမဆုံးအနေနဲ့ ပြောရမယ်ဆိုရင်တော့ ဒီရုပ်ရှင်ဟာ Run -Time အနေနဲ့ (၂)နာရီနဲ့ (၃၁) မိနစ် အထိကြာမြင့်ပါတယ်။ Batman, Superman နဲ့ Dawn of Justic တို့ဟာဆိုရင်  Run-Time အနေနဲ့(၃)နာရီ(၃) မိနစ်အထိ ကြာမြင့်တဲ့အတွက် ဒီ Wonder Woman 1984 ဟာ ဒုတိယမြောက် Run-time အကြာဆုံးလို့ သတ်မှတ်နိုင်ပါတယ်။

World of DC ဖြစ်တဲ့ ဒီရုပ်ရှင်ကို ဒီဇင်ဘာ (၂၅)ရက်နေ့ကစပြီး HBD Max မှာ တစ်ပြိုက်နက် ပြသခဲ့ပါတယ်။တရုတ်နိုင်ငံမှာတော့ ဒီဇင်ဘာ (၁၆) ရက်လောက်က စပြီး ပြသခဲ့တာ ဖြစ်ပါတယ်။

ဒီလို ပြသခဲ့တဲ့နောက်မှာ ကြည့်တဲ့သူတွေအနေနဲ့ နှစ်ပိုင်းကွဲထွက်လာပါတယ်။တစ်ချို့ကတော့ ဒီရုပ်ရှင် က အမြင်တစ်မျိုးနဲ့ ကြည့်လို့ကောင်းတယ် ၊ သဘောကျတယ် လို့ သတ်မှတ်ပေမယ့် တစ်ချို့ကတော့ အရင်ထွက်ခဲ့တဲ့ ရုပ်ရှင်တွေကို မမှီကြောင်း ၊ ကြည့်ရတာ အားရမှု မရှိကြောင်း စသဖြင့် ဝေဖန်မှုများရှိနေပါတယ်။

ဒီလိုဝေဖန်မှုတွေ မြင့်တက်နေတဲ့ရုပ်ရှင်ကို Budget အနေနဲ့ ဒေါ်လာ (၂၀၀) မီလီယံလောက်အထိ အသုံးပြုထားတာဖြစ်ပါတယ်။လက်ရှိပြသနေတဲ့ Market အနေအထားအရ  Box Office အနေနဲ့ ဒေါ်လာ (၃၈.၅) မီလီယံလောက်အထိပဲ ရရှိသေးတာကို တွေ့ရမှာ ဖြစ်ပါတယ်။

ယခင် (၂၀၁၇)ခုနှစ်လောက်က ပြသခဲ့တဲ့ Wonder Woman ရုပ်ရှင်ကတော့ စတင်ပြသတဲ့ တစ်ပတ်အတွင်းမှာပဲ ဒေါ်လာ(၃၈) မီလီယံလောက်အထိ ရရှိခဲ့တဲ့အတွက် အခု (၂၀၂၀)ခုနှစ်မှာ ပြသခဲ့တဲ့ Wonder Woman အနေနဲ့ တော်တော်လေး ကွာဟနေတာကတော့ အမှန်ပါပဲ။

လက်ရှိအချိန်မှာ ကိုဗစ်ဖြစ်ပွားနေတဲ့အတွက် အခုလို Box Office အနေအထား ကွာဟမှု ရှိနေတယ်လို့ ထင်လို့ရပေမယ့် ကိုဗစ်ဖြစ်နေတဲ့အတောအတွင်းမှာ  ပြသခဲ့တဲ့ Mulan ဆိုရင်တောင်မှ (၂၃)မီလီယံအထိ ရရှိခဲ့တဲ့အတွက် Wonder Woman 1984 အနေနဲ့ကတော့ ဘယ်လိုဆက်ဖြစ်လာမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

ဒီရုပ်ရှင်ကို မကြည့်ရသေးတဲ့ သူတွေရော ကြည့်ပြီးတဲ့သူတွေရော ဒီရုပ်ရှင်နဲ့ပက်သက်ပြီး အမြင်လေးတွေ ပြောသွားကြပါအုံး။

 

⇐ Previous Next

Read 1570 times