Entertainment

Preorder မှာတင် 1.22 Million အထိရောင်းချနိုင်ခဲ့တဲ့ EXO ရဲ့ Don’t Fight The Feeling

EXO's Don't Fight The Feeling, which sold 1.22 million pre-orders

EXO အဖွဲ့ရဲ့ Don't Fight The Feeling ဟာ ဇွန်လ 7 ရက်နေ့ 3 နာရီခွဲအချိန်မှာထွက်ရှိလာခဲ့ပြီး ကြည့်ရှုနှုန်း (2.8) သန်းကိုအမြန်ဆုံးရရှိတဲ့ SM ရဲ့ပထမဆုံးအဖွဲ့ဖြစ်လာခဲ့ပါတယ်။ Comeback မလာတာကြာပြီဖြစ်တာကြောင့်  နှုတ်ခမ်းနီမလေးတွေမျှော်လင့်မဆုံးဖြစ်ခဲ့ရပြီးမျှော်ရကျိုးလည်းနပ်ခဲ့တာဖြစ်ပါတယ်။ 

 

 

အဖွဲ့ဝင်အစုံပါဝင်ခြင်းမရှိပေမယ့်လည်း Legend ဆိုတဲ့ဂုဏ်ပုဒ်နဲ့အညီ အကောင်းဆုံးလုပ်ပြနိုင်ခဲ့တာပါ။

“Don’t Fight The Feeling” ဟာထွက်ရှိပြီး လေးနာရီအကြာမှာ Global Digital Artists Ranking ကို နံပါတ်လေးနေရာကနေဝင်ရောက်လာခဲ့ပါတယ်။ စီနီယာ EXO အဖွဲ့ဟာ Blackpink, BTS တို့နဲ့အတူ 24 နာရီမပြည့်ခင်မှာ မှတ်ချက် 1 သန်းရတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်လာခဲ့ပါတယ်။

 

Don't Fight The Feeling Album က Pre-Order Album 1,220,181 (1.22Million) အထိ ရောင်းချနိုင်ခဲ့ပါတယ်။ ဒါ့အပြင် 'Don't Mess Up My Tempo ''Album ကိုကျော်လွန်ကာ ၎င်းတို့ရဲ့ Albumတွေထဲမှာ pre-ordersအမြင့်ဆုံးရရှိတဲ့ အယ်ဘမ်အဖြစ် စံချိန်တင်ခဲ့ပါပြီ။

 

 

နိုင်ငံပေါင်း 85 နိုင်ငံရဲ့ iTunes Chart တွေမှာ အမြင့်ဆုံးကို ရောက်နေပါတယ်။ 48 နိုင်ငံမှာ #1 ကို ရရှိထားပြီး QQ Music Chart မှာတော့ Album ထွက်ထွက်ခြင်း (၂) နာရီကျော်အကြာမှာပဲ 'Triple Platinum Certification' ကို ရရှိခဲ့ပါတယ်။

 

⇐ Previous Next

Read 1703 times