Entertainment

ပါးစပ်မစိမိအောင်ရီနေရမယ့် Steven Chow ရဲ့ Fight Back To School Triology

Fight Back To School Triology by Steven Chow

ချောင်ရဲ့ဇာတ်ကားတွေထဲမှာ ဒီ Fight Back T S Series က လူသိအများဆုံး နှင့် အခုဆို လူတိုင်းကြည့်ပြီးသား စီးရီး ဖြစ်ပါတယ်။ ဒါ့အပြင် ဒီ ဇာတ်ကားဟာ ဟောင်ကောင်တင်မက အာရှ တစ်ခွင် မှာပါ စတီဗင်ချောင်ကို လူသိများ ထင်ရှားစေခဲ့တဲ့ ဇာတ်ကားစီးရီးတခုပါ။(FBT လို့အတိုကောက် ခေါ်သွားပါမယ်ရှည်လို့)

 

FBT School 1,2 ကို ဒါရိုက်တာ Gordan chan တစ်ဦးထဲ ရိုက်ကူးထားပြီး FBT School 3ကိုတော့  ဝေါင်ကျင်း က ရိုက်ကူးခဲ့ပါတယ်။ FBT School 1 ဇာတ်ကားဟာ (၁၉၉၁) ဟောင်ကောင်ရုပ်ရှင်လောကမှာ ‌အအောင်မြင်ဆုံး နှင့် ထိပ်ဆုံးသို့ ရောက်ရှိခဲ့ပြီး Box office HKD $43million ကျော်ရရှိခဲ့တာပါ။

Nomination အနေဖြင့် Best Supporting Actorအဖြစ် Uncle Tat, Best Director အဖြစ် Gordan chan, Best Actor အဖြစ် Chow နှင့် Best Screen Play ဆု စတဲ့ (၄) ဆုအထိ ၀င်ခဲ့ပါတယ်။

 

(21 Jump Street ဆိုတဲ့ ကျောင်းသူလျှို အမေရိကန် တီဗွီ စီးရီး တစ်ခုကို အနည်းငယ်အခြေ ခံရိုက်ထားတယ်လို့ ဆိုကြပါတယ်။) ကျွမ်းကျင်တဲ့ SDUရဲ့ အဖွဲ့ခေါင်းဆောင် ချောင်ဆင်းဆင်း သည် စခန်းအရာရှိရဲ့ သမိုင်း၀င် အယားပြေကုတ်တဲ့ ပစ္စတိုပျောက်အမှုကို လိုက်ရပါတော့မယ်။ 

 

 

ဖြစ်ပုံက ကျောင်းသားတွေ ရဲစခန်းကို လေ့လာရေးလာရင်းနဲ့ အရာရှိရဲ့ ပစ္စတိုတစ်လက် ပျောက်ဆုံးခဲ့ရပါတယ်။အရာရှိတန်မဲ့ မိမိပစ္စတိုတောင် ပျောက်ရကောင်းမလားဆိုပြီး အရှက်မကွဲရလေအောင် လေ့လာရေးလာခဲ့တဲ့ကျောင်းကို စပိုင်စေလွှတ်ရပါတော့တယ်။ ကျောင်းသား အယောင်ဆောင်ကာ ပစ္စတိုပျောက်မှုကို လိုက်ရတော့မယ့် ချောင်တစ်ယောက် စိတ်ပျက်အားလျော့စွာ ကြိုးစားရှာရင်း ဆရာမလေး ‌"ရှာလာချန်း" နဲ့တွေ့တဲ့အခါမှာတော့ စိတ်တွေနိုးထလာပါတော့တယ်။ ဒါနဲ့ မပြီးသေးပါဘူး။ပစ္စတိုက ရှာတွေ့မှာလား? CID က အန်ကယ်တက်ဒ် နဲ့ ပူးပေါင်းရှာဖွေရမှာဖြစ်လို့ ဟာသတွေ တသီတတန်းနဲ့ ကြည့်ရမှာဖြစ်ပါတယ်။

⇐ Previous Next

Read 2032 times