Health & Beauty

ညဘက်မှာ ဗိုက်ဆာတတ်တဲ့ သူတွေအတွက် ကျန်းမာရေးနဲ့ ညီညွတ်စေမယ့် သရေစာမုန့် (၅) မျိုး

Five healthy midnight snacks to eat

ညနက်လာပြီဆိုတာနဲ့ အစားသရဲလေးတွေက ပုံမှန် ဗိုက်ဆာလာတတ်ကြ ပါတယ်။ အရင်တုန်းကတော့ အဲ့လို ဆာလာတာနဲ့ အနီးနားမှာ ရှိတဲ့ ညဈေးလိုနေရာတွေကို အပြေးသွားလိုက်တာနဲ့ ကိုယ်စားချင်တာကို အလွယ်တကူပဲ စားနိုင်ပါတယ်။ 

ဒါပေမယ် အခုလိုအချိန်မှာတော့ ဉာဉ့်နက်လို့ ဗိုက်ဆာတာနဲ့ အိမ်မှာ အလွယ်တကူ ရနိုင်တဲ့ အသင့်စား ခေါက်ဆွဲပြုတ်၊ ကြာဇံပြုတ် နဲ့ အသင့်စား လေဖောင်းမုန့်တွေကို ကြုံသလို ထုတ်ပြီး စားတတ်ကြပါတယ်။ အဲ့လိုမျိုး ကြုံသလိုစားလိုက်တာက ကိုယ့်ကျန်းမာရေးကို ထိခိုက်စေတဲ့ အပြင် ခန္ဓာကိုယ်အလေးချိန်ကို လည်းပိုပြီး တိုးလာစေပါတယ်။ 

အဲ့ဒါကြောင့် ညဘက် ဘက်မှာ ဗိုက်ဆာတတ်တဲ့ သူတွေအတွက် ကျန်းမာရေးနဲ့ ညီညွတ်စေမယ့် သရေစာမုန့် (၁၀) မျိုးကို ပြောပြပေးလိုက်ပါတယ်။ 

(၁) ပေါက်ပေါက်ဆုပ် 

ညဘက်မှာ တစ်ခုခုလည်း စားချင်တယ် ဝိတ်တတ်မှာလည်း ကြောက်တယ်ဆိုရင်တော့ ပေါက်ပေါက်ဆုပ်က အကောင်းဆုံး သရေစာမုန့် တစ်ခုပဲ ဖြစ်ပါတယ်။ ညဘက်မှာ ဘီစကစ်တွေ၊ ရေခဲမုန့်တွေစားတာက ကိုယ့်အတွက် ကယ်လိုရီပိုများစေတာမို့ ကယ်လိုရီ (၁၀၀) အောက်ပဲရှိတဲ့ ပေါက်ပေါက်ဆုပ်က ညအချိန်မှာ စားဖို့ အသင့်တော်ဆုံးပါပဲ။ 

(၂) သစ်သီးဒိန်ချဉ် 

သစ်သီးမပါတဲ ရိုးရိုး ဒိန်ချဉ်မှာဆိုရင်တောင် ခန္ဓာကိုယ်အတွက် အထောက်အကူ ပြုတဲ့ ပရိုတိန်းဓာတ်က အပြည့်အဝပါဝင် ပါတယ်။ ညဘက်မှာ ဒိန်ချဉ်ကို သောက်ပေးမယ်ဆိုရင် အိပ်စက်ခြင်းကို ပိုပြီး အထောက်အကူ ပြုပါတယ်။ ဒါပေမယ့် ဒိန်ချဉ်ကြီးပဲ သောက်ရတာ မကြိုက်တဲ့ သူတွေအတွက် တော့ ကိုယ်သောက်မယ့် ဒိန်ချဉ်ပန်းကန်ထဲကို နှစ်သက်ရာ အသီးတစ်ခုခုကို ထည့်သောက်မယ်ဆိုရင် ပိုကောင်းပါတယ်။ ကယ်လိုရီ နဲတဲ့အပြင် မိမိရဲ့ အသားအရည်ကိုလည်း ကြည်လင်စေတာကြောင့် အကောင်းဆုံး သရေစာတစ်ခုပါပဲ။ 

(၃) ဖရုံစေ့ 

ဖရုံစေ့မှာ ပါဝင်တဲ့ ဇင့်ဓာတ်က ဦးနှောက်ကို ပိုပြီး ကောင်းမွန်အောင် လည်ပတ်စေတဲ့ အပြင် အိပ်စက်ခြင်းကိုလည်း အထောက်အကူ ပြုတာကို တွေ့ရပါတယ်။ အခွံ့ခွားပြီးစားရတဲ့ သရေစာမုန့်တွေဖြစ်တဲ့ နေကြာစိ၊ ကွာစိတို့ထက် ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးကို အထောက်အကူ ပြုတာမို့ ညဘက်မှာစားဖို့ အတွက်  အကောင်းဆုံး သရေစာမုန့် နစ်မျိုးပါပဲ။ 

(၄) ကြက်ဥပြုပ် 

ကြက်ဥပြုပ်ကို Diet လုပ်တဲ့သူတွေက ညစာအဖြစ် စားကြပါတယ်။ Diet မလုပ်တဲ့ သူတွေ အဖို့တော့ ကြက်ဥပြုပ်ကို သရေစာအဖြစ် စားနိုင်ပါတယ်။ ကြက်ဥပြုပ်က ပရိုတိန်းအပြည့်ပါဝင်တဲ့ အပြင် ကယ်လိုရီပါဝင်မှုနှုန်း နည်းတာကြောင့် ညဘက်မှာ သရေစာအဖြစ် စားနိုင်ပါတယ်။ 

(၅) သခွားသီးကြော် ( Zucchini Fried) 

သခွားသီးကို ကြော်စားတယ်ဆိုရင် ကယ်လိုရီမများနိုင်ဘူးလားဆိုတဲ့ မေးခွန်းတွေရှိလာနိုင်ပါတယ်။ သခွားသီးက အသီး တစ်မျိုးဖြစ်တာမို့ ဆီအများကြီး သုံးစရာမလိုပါဘူး။ သခွားသီးကြော်က အားလူးကြော်ထက် ကယ်လိုရီ ပိုနည်းတာကြောင့် ညဘက်မှာ စားသင့်တဲ့ သရေစာတစ်မျိူး ဖြစ်ပါတယ်။ 

⇐ Previous Next

Read 2187 times