Entertainment

ပန်းချီပန်းကြည်ရဲ့ သဘာဝမဟုတ်သော သဘာဝ

Floating among the 'Unnatural Nature' paintings…

 သဘာဝမဟုတ်သော သဘာဝပန်းချီကားတွေကြားမှာ မျောလွင့်ရင်း ….

 သဘာဝမဟုတ်သော သဘာဝ

အမှတ် (၃၆) မဟာဗန္ဓုလပန်းခြံလမ်း (အောက်ဘလောက်) ၊ဘဏ်လမ်းထောင့် ၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့ရှိ Myanma Ahla Gallery မှာ ပန်းချီပန်းကြည်ရဲ့ "သဘာဝမဟုတ်သော သဘာဝ" အမည်ရှိ တစ်ကိုယ်တော် ပန်းချီပြပွဲကို အောက်တိုဘာ (၂၅) ရက်နေ့ကနေ စတင်ပြီး နိုဝင်ဘာ (၂) ရက်နေ့၊ နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ တင်ဆက်ပြသသွားမှာပါ ဖြစ်ပါတယ်။

 သဘာဝမဟုတ်သော သဘာဝ

ဤပြပွဲမှာ သိမ်မွေ့ညင်သာသော အရောင်တွေ ဆင့်ကဲပြောင်းလဲမှုနှင့် ကြည်နူးဖွယ်ကောင်းသော ဝါးရုံတောကြီးများ​၏ အလှတရားကြောင့် လူသိများလှသည့် ပန်းချီပန်းကြည်ရဲ့ ဝါးရုံတောပန်းချီကားကြီးများကို ပြသမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အခြားစိတ်ဝင်စားဖွယ်ကောင်းသော ပန်းချီအကြောင်းအရာ အသစ်များဖြစ်သည့် ရေတံခွန်ပန်းချီကားများ၊ လမ်းပန်းချီကားများ၊ ပန်းချီသုံး သန်လျက်ကို အသုံးပြုရေးဆွဲထားသည့် အစက်အပြောက်ရေးဆွဲနည်းနှင့် သရုပ်ဖော်ထားသော အားမာန်အပြည့်ပါရှုမျှော်ခင်း ပန်းချီကားများနှင့် ငြိမ်သက်အေးချမ်းမှု စိတ်ကြည်နူးမှုကို လှုံ့ဆော်ဖြစ်ပေါ်စေသော ရေဆေးပန်းချီကားများ သာမက ရုပ်လုံးတင်ဆက်မှု အနုပညာပြကွက်များကိုပါ ထည့်သွင်းပြသထားပါတယ်လို့ ဆိုပါတယ်။

 သဘာဝမဟုတ်သော သဘာဝ

ဒီတော့ ရန်ကုန်မြို့လယ်ခေါင်မှာ ရှိတဲ့ Myanma Ahla Gallery ကို ခေတ္တခဏသွားပြီး မြို့ပြရဲ့ ပူလောင်မွန်းကျပ်မှုတွေကြားကနေ ခဏလေးအဝေးထွက်ပြေးလို့ သဘာဝမဟုတ်သော သဘာဝပန်းချီကားတွေကြားမှာ မျောလွင့်လိုက်ကြနိုင်ဖို့ MY  Yangon Guide က လမ်းညွှန်ပေးလိုက်ပါတယ်နော် …

 သဘာဝမဟုတ်သော သဘာဝ

Artist Pann Kyi - Unnatural Nature
25 Oct - 2 Nov 2025 
10 AM to 5 PM
Myanma Ahla Gallery 

သဘာဝမဟုတ်သော သဘာဝ

 

 

⇐ Previous Next

Read 121 times