Entertainment

၂၀ဝ၂ ခုနှစ်ရဲ့ အရှေ့တောင်အာရှ အကောင်းဆုံးစာပေဆုရ အိုဘယ့်အစိမ်းတို့မြေ (Book Review)

From the Land of Green Ghosts  (Book Review)

From the Land of Green Ghosts စာအုပ်ကို ဆရာသင့်လူက ဘာသာပြန်ဆိုထားပါတယ်။ မြန်မာနိုင်ငံဖွား ကယန်းတိုင်းရင်းသား ပါစကယ်ခူးသွယ် ရေးသားခဲ့တဲ့ From the Land of Green Ghosts စာအုပ်ဟာ ၂၀ဝ၂ ခုနှစ်ရဲ့ အရှေ့တောင်အာရှမှာ အကောင်းဆုံးစာပေဆုကို ရရှိခဲ့တဲ့ စာအုပ်ပါ။

ဒီစာအုပ်ထဲမှာ ပါစကယ်ခူးသွယ် ရဲ့ငယ်ဘဝ ကိုမြင်တွေ့ရမယ့်အပြင် ပဒေါင်လူမျိုးတို့ရဲ့ ရိုးရာယဥ်ကျေးမှု၊ နတ်ကိုးကွယ်မှု၊ ရိုးရာဓလေ့ ထုံးတမ်း စတာတွေကိုပါ သိမြင်ရမှာ ဖြစ်ပါတယ်။

စာအုပ်မှာ ပါဝင်တဲ့ အကြောင်းအရာတွေကတော့ ...

  • မြန်မာနိုင်ငံတစ်ဝက်လောက်ကို လျှပ်စစ်မီးပေးတဲ့ လောပိတစက်ရုံနဲ့ အနီးဆုံးဖယ်ခုံဟာ ဘာလို့ လျှပ်စစ်မီးမရတာလဲ။
  • ဇာတိမြေကို စွန့်ခွာပြီး မန္တလေးမှာကျောင်းတတ်ရာမှ ၁၉၈၈ အရေးအခင်းကြောင့် ဘယ်လိုအခက်အခဲတွေရင်ဆိုင်ရမလဲ။

  • စစ်အာဏာရှင်တွေ ဖမ်းဆီးခြင်းကို ရှောင်ရှားရင်းနဲ့ နောက်ဆုံး လန်ဒန်မြို့ရောက်ပြီး ဘာတွေဆက်ဖြစ်မှာလဲ။
  • စာရေးဆရာရဲ့ ဘဝတစ်လျှောက် တခြားဘယ်လို စိန်ခေါ်မှုတွေ ကြုံခဲ့ရသလဲ။

အစရှိတဲ့ စာရေးဆရာရဲ့ ဘဝ အဖြစ်အပျက်ကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံအတွင်းမှာရှိတဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့ ရိုးရာဓလေ့ ထုံးတမ်းတွေအကြောင်းတွေကိုလည်း စုံစုံလင်လင် သိရှိနိုင်တာမို့ အတော်ကို စိတ်ဝင်စားစရာကောင်းတဲ့စာအုပ်ပါ။

⇐ Previous Next

Read 1891 times