Things To Do

Valentine’s Day မှာ ချစ်သူနဲ့အတူ အမှတ်တရတွေ ဘယ်လို ဖန်တီးမလဲ?

Fun Activities to do in Valentine's Day

Valentine’s Day မှာ ချစ်သူကို ချောကလတ်ပေးတာ၊ ပန်းစည်းပေးတာ၊ အင်္ကျီဆင်တူဝတ်ပြီး လျှောက်လည်တာတွေက တကယ်တော့ ရိုးနေပါပြီ။ ဒါကြောင့် မှတ်မှတ်ရရနေ့လေးမှာ အချိုမြိန်ဆုံးသော အမှတ်တရတွေကို ကိုယ်အချစ်ရဆုံးသူနဲ့အတူ သိမ်းဆည်းထားနိုင်ဖို့ ပျော်စရာကောင်းတဲ့ အိုင်ဒီယာ အသစ်အဆန်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

(၁) ဘုရားအတူတူ သွားမယ်

မနက်ခင်းကို ကောင်းမှုကုသိုလ်လေးနဲ့ အစပြုမယ့် ချစ်သူတွေအတွက် ဘုရားမှာ အချစ်ရဲ့ သင်္ကေတ ၁,၅၀၀ ကျပ်တိတိကို တစ်ယောက်တဝက် လှူပြီး အလှူခံဖြတ်ပိုင်းလေးကို သိမ်းထားမယ်ဆိုရင် နောက်နှစ်တွေမှာ ပြန်ကြည်နူးလို့ ရပါတယ်။ ခိုစာကျွေးရင် အချစ်ရေး ကံကောင်းတယ်ဆိုတော့ ခိုစာလေးပါ အတူတူ ကျွေးမယ်ဆိုရင် ပိုပြီးပြည့်စုံသွားပါမယ်။

(၂) ဟင်းအတူတူချက်မယ်

ကိုယ်နဲ့ သူရဲ့ အကြိုက်ချင်းတူပြီး ခံတွင်းမြိန်မယ့် ဟင်းလျာတွေ၊ လုပ်ရတာ လွယ်ကူတဲ့ မုန့်လေးတွေ၊ အသည်းပုံ ကိတ်လေးတွေကို အတူလုပ်ပြီး စားသောက်ကြဖို့အတွက် အကြံပေးချင်ပါတယ်။ ဟင်းချက်ရင်း၊ လုပ်ထားတဲ့ မုန့်လေးတွေ စားရင်း ရိုမန့်တစ်ဆန်ဆန် ဖြတ်သန်းလို့ ရပါတယ်။

(၃)  မေးခွန်းလေးတွေ အပြန်အလှန်မေးကြည့်မယ်

တစ်ယောက်စိတ်ကို တစ်ယောက်နားလည်ဖို့၊ တစ်ယောက်အကြောင်း တစ်ယောက်ပိုသိဖို့၊ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု ပိုရှိဖို့ ဂိမ်းကစားတဲ့ ပုံစံ မေးခွန်းလေးတွေ အပြန်အလှန် မေးကြည့်ပါ။ ကိုယ့်အကြောင်းကို ချစ်ရသူနဲ့ ဝေမျှတာဟာ Relationship တစ်ခုကို ပိုပြီး ခိုင်မြဲစေပါတယ်။ 

     Advertisement

Click Here > Super Apollo

(၄) မျက်နှာပေါင်းတင်မယ်

မမေ့နိုင်တဲ့ အမှတ်တရတွေကို ဖန်တီးတဲ့နေရာမှာ ကိုယ့်ချစ်သူရဲ့ အသားအရေ လှပစိုပြေဖို့အတွက် ဂရုစိုက်ပေးရတာကလည်း ချစ်သူကို လှစေချင်တဲ့ မေတ္တာစေတနာတွေကြောင့်ပါ။ ဒီတော့ နှစ်ယောက်စလုံးရဲ့ အသားအရေ ဂလိုးနေဖို့ DIY Face Mask ဒါမှမဟုတ် Facial Mask Sheet အတူတူကပ်ပြီး မျက်နှာပေါင်းတင်ကြပါ။ 

(၅) ရုပ်ရှင်အတူတူကြည့်မယ်

အရင်ရက်တွေက အလုပ်တွေနဲ့ပဲ မအားမလပ် ဖြစ်နေလို့ ရုပ်ရှင်အတူကြည့်ဖို့ အချိန်မရှိခဲ့ဘူးဆိုရင် Valentine’s Day မှာတော့ ကိုယ်ချစ်ရသူနဲ့အတူ ရိုမန့်တစ်ဇာတ်ကားလေးတွေ ကြည့်ရင်း ဖြတ်သန်းလို့ရပါတယ်။

ရိုမန့်တစ်ဇာတ်ကား (၅) ကား - https://bit.ly/40Usqiv

(၆) ဝိုင်အတူတူ သောက်ပြီး စကားစမြည် ပြောမယ်

တစ်ခါတစ်လေ တစ်ယောက်နဲ့ တစ်ယောက် နေ့တိုင်းတွေ့ဖြစ်တာတောင် စကားမစပ်မိလို့ မပြောဖြစ်သေးတဲ့ အကြောင်းအရာလေးတွေ ကျန်နေတတ်ပါတယ်။ ဒါကြောင့် ဝိုင်သောက်ရင်း အရင်ကမပြောဖြစ်ခဲ့တဲ့ ရှေးဟောင်းနှောင်းဖြစ် အကြောင်းအရာလေးတွေ ထိုင်ပြောကြတာလည်း ကြည်နူးစရာပါ။ နောက်ပြီး ချစ်သူများနေ့လို အမှတ်တရနေ့လေးမှာ အနာဂတ်အတွက် အစီအစဉ်တွေကိုလည်း တိုင်ပင်လို့ရပါတယ်။ 

(၇) ဓာတ်ပုံလှလှလေးတွေ ရိုက်မယ်

ချစ်သူစုံတွဲတွေအတွက် ထူးခြားတဲ့နေ့လေးမှာ အမှတ်တရ ပုံရိပ်လေးတွေ ရှိထားသင့်ပါတယ်။ စုံတွဲပို့စ်ပေးနည်းလေးတွေကို သေချာလေ့လာပြီး ရိုက်မယ်ဆိုရင် နောက်နှစ်တွေအတွက်လည်း အမှတ်တရဖြစ်စေပါတယ်။ 

(၈) Challenge အတူတူလုပ်ကြမယ်

ကိုယ့်ချစ်သူနဲ့အတူ ရင်ခုန်စိတ်လှုပ်ရှားစရာ Challenge လေးတွေ လုပ်ချင်တယ်ဆိုရင် ဖေဖော်ဝါရီ (၁၄) ကနေ (၂၁) ရက်နေ့အထိ BALANCE Fitness က ပြုလုပ်သွားမယ့် Monkey Bar Challenge လေး ရှိပါတယ်။

ဒီ Challenge မှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့သူတွေအနေနဲ့ ကိုယ်ရဲ့ Partner တစ်ဦးနဲ့အတူ အောက်မှာပြထားတဲ့ ပုံစံအတိုင်း (၁) စက္ကန့် နေနိုင်ပြီဆိုတာနဲ့ (၅) ဒေါ်လာ ရရှိမှာဖြစ်ပါတယ်။

အထူးခြားဆုံး ဆုကြီးအနေနဲ့ ဒီ Challenge ကို အကြာဆုံး လုပ်နိုင်တဲ့ Winner (၅) တွဲအတွက် SEEDS Restaurant & Lounge မှာ နှစ်ယောက်တွဲ သုံးဆောင်နိုင်တဲ့ Sunset Dinner ကူပွန် (၅) ခု ကို လက်ဆောင်ပေးအပ်သွားမှာ ဖြစ်သလို အဲ့ (၅) တွဲထဲကမှ အကြာဆုံး အတွဲအတွက် Fixifoot Myanmar  က Massage Gun လေးကို ထပ်ပေါင်းကာ လက်ဆောင် ပေးအပ်သွားမှာဖြစ်ပါတယ်။

Valentine’s Day က ချစ်သူတွေနဲ့ပဲ သက်ဆိုင်တယ်လို့ ထင်ရင် မှားသွားနိုင်ပါတယ်။ ချစ်သူမရှိတဲ့ သူတွေအနေနဲ့လည်း Valentine’s Day ကို မိသားစု၊ သူငယ်ချင်းတွေနဲ့အတူ ပျော်ရွှင်စွာ ဖြတ်သန်းလို့ ရပါတယ်။

⇐ Previous Next

Read 903 times