Technology

မြန်မာနိုင်ငံရှိ GlobalNet ကုမ္ပဏီနှင့် Zoom တို့ တရားဝင်မိတ်ဖက်များအဖြစ် လက်တွဲ

GlobalNet and Zoom form official partners

လက်ရှိတွင် ကမ္ဘာတစ်ဝန်း အသုံးများနေသော Zoom ကုမ္ပဏီနှင့် မြန်မာနိုင်ငံရှိ GlobalNet ကုမ္ပဏီတို့သည် ယနေ့ ေအာက်တိုဘာလ (၁၆) ရက်တွင် တရားဝင်လက်တွဲခဲ့ကြပြီ ဖြစ်သည်။

 

ဤအစီအစဉ်မှတဆင့် Global Technology ၏ မိတ်ဖက်များသည် Zoom ၏ Video-First Unified Communications Solutions အပါအဝင် Zoom Meetings, Zoom Rooms နှင့် Zoom Webinars တို့အတွက်ပါ Access ရရှိနေပြီဖြစ်သည်။  

 

ဤသို့ ပူးပေါင်းမှုကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများ၊ အစိုးရအေဂျင်စီများနှင့် စာသင်ကျောင်းများ၊ တက္ကသိုလ်များနှင့် ကောလိပ်များ စသည့် ပညာရေးကဏ္ဍသစ်များ ဖွင့်လှစ်ရန် ပိုမိုလွယ်ကူလာမည် ဖြစ်ပြီး Zoom ၏ ဝန်ဆောင်မှုများကိုလည်း ပိုမိုသက်သာစွာ ဝယ်ယူရရှိလာမည်လည်း ဖြစ်သည်။

 

Global Technology Group သည် ဆက်သွယ်ရေးကဏ္ဍ၏ Telecom, Media, Technology (TMT) အစရှိသည့် ဝန်ဆောင်မှုလုပ်ငန်းများတွင် ၂၀၀၀ ခုနှစ်မှ စတင်၍ နည်းပညာအဖွဲ့အစည်းအဖြစ် စတင်ဆောင်ရွက်ခဲ့သည်။

ယခုအခါ အင်တာနက်နှင့် ဆက်သွယ်ရေးနည်းပညာကဏ္ဍ၏ Market Leader အဖြစ် ဦးေဆာင်ေနပြီး Broadband Internet နှင့် Telecommunications Infrastructure, Digital Infrastructure လုပ်ငန်းများအား ဆောင်ရွက်၍ ဝန်ဆောင်မှုပေးလျက် ရှိသည်။

ထို့ပြင် Global Technology Group သည် ဆက်သွယ်ရေးနှင့် နည်းပညာဝန်ဆောင်မှုပိုင်းတွင် ခေတ်မီနည်းပညာများကို မြန်မာနိုင်ငံသို့ ပထမဆုံး ဝန်ဆောင်မှု ပေးနိုင်ခဲ့သော ကုမ္ပဏီတစ်ခုလည်း ဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေး နည်းပညာသမိုင်းတွင် ကမ္ဘာအနှံ့ရှိ နိုင်ငံခြား ဆက်သွယ်ရေးကုမ္ပဏီများနှင့် နည်းပညာပိုင်းဆိုင်ရာ ဝန်ဆောင်မှုများကို ပထမဆုံး ချိတ်ဆက်ဝန်ဆောင်မှု ပေးနိုင်ခဲ့သော တစ်ခုတည်းသော မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီတစ်ခုလည်း ဖြစ်သည်။ 

⇐ Previous Next

Read 3522 times